ဘလြန္းဒီေအာဆုကို မက္ဆီရရိွခ်ိန္မွာ စီးရီးေအအေကာင္းဆံုးဆုကို လက္ခံရယူခဲ့တဲ့ ေရာ္နယ္ဒို

မက္ဆီက ဘလြန္းဒီေအာဆုကို ေျခာက္ၾကိမ္ေျမာက္ရရွိခဲ့တဲ့ ညမွာပဲ ေရာ္နယ္ဒိုဟာလည္း စီးရီးေအတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို လက္ခံရယူသြားခဲ့တယ္လို႔ သိရပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ ဘလြန္းဒီေအာဆုေပးပြဲကို တက္ေရာက္ခဲ့ျခင္းမရွိဘဲ မီလန္မွာ ျပဳလုပ္ခဲ့တဲ့ စီးရီးေအအေကာင္းဆံုးဆုေပးပြဲအခမ္းအနားကို တက္ေရာက္ေနခဲ့တာျဖစ္ပါတယ္။

Guardiola insists he wants no new players in January

ေရာ္နယ္ဒိုဟာ ဘလြန္းဒီေအာဆုရပ္တည္မႈမွာေတာ့ အဆင့္ ၃ေနရာနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ မက္ဆီနဲ႔ ငါးၾကိမ္စီဆြတ္ခူးထားျပီး အတူတူရပ္တည္ေနရာကေန မက္ဆီက တစ္ၾကိမ္အသာနဲ႔ သူ႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ဒ့ါအျပင္ ဗန္ဒိုက္က အဆင့္ ၂ေနရာကို ရရွိ
ခဲ့ျပီး ေရာ္နယ္ဒိုရဲ႕အထက္မွာ ရပ္တည္သြားႏိုင္ခဲ့ပါတယ္။

ဆုပးပြဲမတိုင္ခင္မွာ သတင္းေတြၾကိဳတင္ထြက္ေပၚလာခဲ့တဲ့အတုိင္း မက္ဆီကပဲ ရရွိသြားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုအတြက္ေတာ့ သူ႔ရဲ႕မဟာျပိဳင္ဘက္ၾကီးက တစ္ၾကိမ္အသာစီးရရွိသြားခဲ့လို႔ လိုက္မီႏိုင္ဖို႔ ထပ္မံၾကိဳးစားရေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိမွာ ေရာ္နယ္ဒိုက အသက္ ၃၄ႏွစ္အရြယ္ရွိေနျပီျဖစ္ျပီး ဘလြန္းဒီေအာဆုမွာေတာ့ မက္ဆီကို ျပန္လည္လိုက္မီဖို႔က ခက္ခဲေနခဲ့ျပီျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဂ်ဴဗီကို ျပီးခဲ့တဲ့ရာသီက ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ အသင္းအတြက္ ပထမဆံုးရာသီမွာပဲ စီးရီးေအသြင္းဂိုး ၂၁ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ျပီး စီးရီးေအတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒီရာသီမွာေတာ့ ေျခစြမ္းျပကစားႏိုင္ဖို႔
ရုန္းကန္ေနရျပီး ဒူးဒဏ္ရာျပသနာနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

Unicode

မက်ဆီက ဘလွန်းဒီအောဆုကို ခြောက်ကြိမ်မြောက်ရရှိခဲ့တဲ့ ညမှာပဲ ရော်နယ်ဒိုဟာလည်း စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လက်ခံရယူသွားခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဘလွန်းဒီအောဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိဘဲ မီလန်မှာ ပြုလုပ်ခဲ့တဲ့ စီးရီးအေအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို တက်ရောက်နေခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုရပ်တည်မှုမှာတော့ အဆင့် ၃နေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ မက်ဆီနဲ့ ငါးကြိမ်စီဆွတ်ခူးထားပြီး အတူတူရပ်တည်နေရာကနေ မက်ဆီက တစ်ကြိမ်အသာနဲ့ သူ့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒ့ါအပြင် ဗန်ဒိုက်က အဆင့် ၂နေရာကို ရရှိ
ခဲ့ပြီး ရော်နယ်ဒိုရဲ့အထက်မှာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။

ဆုပးပွဲမတိုင်ခင်မှာ သတင်းတွေကြိုတင်ထွက်ပေါ်လာခဲ့တဲ့အတိုင်း မက်ဆီကပဲ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအတွက်တော့ သူ့ရဲ့မဟာပြိုင်ဘက်ကြီးက တစ်ကြိမ်အသာစီးရရှိသွားခဲ့လို့ လိုက်မီနိုင်ဖို့ ထပ်မံကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ရော်နယ်ဒိုက အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဘလွန်းဒီအောဆုမှာတော့ မက်ဆီကို ပြန်လည်လိုက်မီဖို့က ခက်ခဲနေခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗီကို ပြီးခဲ့တဲ့ရာသီက ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် ပထမဆုံးရာသီမှာပဲ စီးရီးအေသွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ခြေစွမ်းပြကစားနိုင်ဖို့
ရုန်းကန်နေရပြီး ဒူးဒဏ်ရာပြသနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

မွတ္ခ်က္မ်ား။