ရင္ဆိုင္ထားသမွ် စီးရီးေအအသင္းတိုင္းကို ဂိုးသြင္းယူထားတဲ့ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မွဴးေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္ကေန ေျပာင္းေရႊ႕လာခဲ့ျပီးေနာက္ စီးရီးေအမွာ တစ္ႏွစ္ခြဲၾကာကစားေပးခဲ့အျပီးမွာ သူ ရင္ဆိုင္ခဲ့ရသမွ် စီးရီးေအျပိဳင္ဘက္အသင္းတိုင္းကို ဂိုးသြင္းယူထားျပီးျဖစ္တယ္လုိ႔ သိရပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ ျပီးခဲ့တဲ့ရာသီမွာ ၂၁ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ဒီရာသီမွာလည္း ၁၄ဂိုးအထိ ရရွိထားျပီးျဖစ္ပါတယ္။

No Arsenal interest in John Stones says Arteta

ေရာ္နယ္ဒိုအေနနဲ႔ ဂ်ဴဗီကစားသမားဘ၀မွာ လက္ခ်ီ၊ ဘရက္ရွားတို႔နဲ႔ မကစားဖူးေသးဘဲ က်န္ကစားဖူးတဲ့အသင္းတိုင္းကို ဂိုးသြင္းယူထားခဲ့တာျဖစ္ပါတယ္။ စုစုေပါင္း အသင္း ၁၇ သင္းအထိရွိေနခဲ့ျပီး အဆိုပါအသင္းေတြကေတာ့ အင္တာမီလန္၊ တိုရီႏို၊ လာဇီယို၊ နာပိုလီ၊ ဖီအိုရင္တီးနား၊ ေအစီမီလန္၊ ရိုးမား၊ အတၱလႏၱာ၊ ပါးမား၊ ဗီရိုနာ၊ အူဒီးနီး၊ ဆမ္ဒိုရီးယား၊ ဘိုေလာ့ဂ္နာ၊ ဆာဆူအိုလို၊ ကယ္ဂလီယာရီ၊ ဂ်ီႏီုအာနဲ႔ SPAL တို႔ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ရီးရဲလ္မက္ဒရစ္ကစားသမားဘ၀မွာလည္း သူ ရင္ဆုိင္ခဲ့ဖူးတဲ့ အသင္းအားလံုးကို ဂိုးသြင္းယူႏိုင္သူအျဖစ္ မွတ္တမ္း၀င္ခဲ့သူျဖစ္ပါတယ္။ ဒီရာသီေနာက္ဆံုးကစားခဲ့တဲ့ ၆ပြဲမွာ ၉ ဂိုးအထိ သြင္းယူကာ ေရာ္နယ္ဒိုက ေျခစြမ္းျပေနခဲ့ျပီး ေနာက္ဆံုးသူဂိုးသြင္းယူထားတဲ့အသင္းက ရိုးမားအသင္းျဖစ္ကာ ပင္နယ္တီကတဆင့္ သြင္းယူခဲ့တာျဖစ္ပါတယ္။

လာမယ့္ ေဖေဖာ္၀ါရီလ နဲ႔ မတ္လအတြင္းေတြမွာ ဂ်ဴဗင္တပ္စ္က ဘရက္ရွား၊ လက္ခ်ီတို႔နဲ႔ ရင္ဆိုင္ရဖို႔ ရွိေနျပီး အဆုိပါပြဲေတြကို ပါ၀င္ကစားခြင့္ရျပီး ဂိုးသြင္းႏိုင္ခဲ့မယ္ဆိုပါက ေရာ္နယ္ဒိုအေနနဲ႔ သူ ရင္ဆိုင္ခဲ့ရတဲ့ စီးရီးေအအသင္း ၁၉သင္းစလံုးကို ဂိုးသြင္းယူႏိုင္တဲ့ကစားသမားအျဖစ္နဲ႔ မွတ္တမ္း၀င္ဦးမွာျဖစ္ပါတယ္။

Unicode

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် စီးရီးအေမှာ တစ်နှစ်ခွဲကြာကစားပေးခဲ့အပြီးမှာ သူ ရင်ဆိုင်ခဲ့ရသမျှ စီးရီးအေပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ၂၁ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ၁၄ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဂျူဗီကစားသမားဘဝမှာ လက်ချီ၊ ဘရက်ရှားတို့နဲ့ မကစားဖူးသေးဘဲ ကျန်ကစားဖူးတဲ့အသင်းတိုင်းကို ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း အသင်း ၁၇ သင်းအထိရှိနေခဲ့ပြီး အဆိုပါအသင်းတွေကတော့ အင်တာမီလန်၊ တိုရီနို၊ လာဇီယို၊ နာပိုလီ၊ ဖီအိုရင်တီးနား၊ အေစီမီလန်၊ ရိုးမား၊ အတ္တလန္တာ၊ ပါးမား၊ ဗီရိုနာ၊ အူဒီးနီး၊ ဆမ်ဒိုရီးယား၊ ဘိုလော့ဂ်နာ၊ ဆာဆူအိုလို၊ ကယ်ဂလီယာရီ၊ ဂျီနီုအာနဲ့ SPAL တို့ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝမှာလည်း သူ ရင်ဆိုင်ခဲ့ဖူးတဲ့ အသင်းအားလုံးကို ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။ ဒီရာသီနောက်ဆုံးကစားခဲ့တဲ့ ၆ပွဲမှာ ၉ ဂိုးအထိ သွင်းယူကာ ရော်နယ်ဒိုက ခြေစွမ်းပြနေခဲ့ပြီး နောက်ဆုံးသူဂိုးသွင်းယူထားတဲ့အသင်းက ရိုးမားအသင်းဖြစ်ကာ ပင်နယ်တီကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ နဲ့ မတ်လအတွင်းတွေမှာ ဂျူဗင်တပ်စ်က ဘရက်ရှား၊ လက်ချီတို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး အဆိုပါပွဲတွေကို ပါဝင်ကစားခွင့်ရပြီး ဂိုးသွင်းနိုင်ခဲ့မယ်ဆိုပါက ရော်နယ်ဒိုအနေနဲ့ သူ ရင်ဆိုင်ခဲ့ရတဲ့ စီးရီးအေအသင်း ၁၉သင်းစလုံးကို ဂိုးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်နဲ့ မှတ်တမ်းဝင်ဦးမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။