အင္တာမီလန္ရဲ႕ EPL ကစားသမား ၃ဦးအတြက္ ခရီးစဥ္

နည္းျပသစ္ကြန္တီလက္ထက္မွာ စီးရီးေအဆုဖလားကို ပစ္မွတ္ထားလာႏိုင္ခဲ့တဲ့ အင္တာမီလန္က ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေတာ္ေတာ္ေလးလႈပ္ရွားမႈေတြ ျပဳလုပ္ေနပါတယ္။ ရာသီအစမွာ ကစားသမားသစ္ေတြေခၚယူခဲ့ျပီးျဖစ္ေပမယ့္ ကြန္တီက ရာသီ၀က္ကာလမွာ အသင္းကိုအင္အားထပ္ျဖည့္ခ်င္ေနျပီး အခုဆိုရင္ အင္တာမီလန္အသင္းရဲ႕ အားကစားဒါရိုက္တာအူစီလီယုိက လန္ဒန္ကို ေရာက္ရွိေနျပီး အေျပာင္းအေရႊ႕ကိစၥေတြအတြက္ လႈပ္ရွားေနတယ္လို႔ သိရပါတယ္။ အင္တာမီလန္က ပရီးမီးယားလိဂ္ကစားသမားေတြကို ပစ္မွတ္ထားေနတာပါ။

Mata a fantastic human being – Solskjaer

သူတုိ႔ရဲ႕ ပစ္မွတ္ကစားသမားေတြက ေစ်းႏႈန္းခ်ိဳသာျပီး အလြတ္ေခၚယူလို႔ ရႏိုင္မယ့္ကစားသမားေတြလည္းျဖစ္ပါတယ္။ ဒါက အင္တာရဲ႕ အေျပင္းအေရႊ႕ဗ်ဴဟာတစ္ခုျဖစ္ျပီး နည္းနည္းနဲ႔က်ဲက်ဲ၀ိုင္းမယ့္ သေဘာပါ။ အသင္းမွာ ေငြမရွိဘူးလို႔ ကြန္တီက ပြင့္ပြင့္လင္းလင္းေျပာဆိုထားျပီး ေစ်းသက္သက္သာသာနဲ႔ရရွိမယ့္၊ ေျခစြမ္းေကာင္းကစားသမားေတြကို ပစ္မွတ္ထားေနတာပါ။ ပထမဆံုးကစားသမားကေတာ့ အဲရစ္ဆန္ပါ။ စပါးကြင္းလယ္လူက ရာသီကုန္မွာ အလြတ္ထြက္ခြာခြင့္ရမယ့္သူျဖစ္ျပီး အင္တာက ျပိဳင္ဘက္ေတြထက္ လက္ဦးမႈရရွိေအာင္ ေျပာင္းေရႊ႕ေၾကးေပးျပီး ေခၚယူဖို႔ ၾကိဳးစားေနတာပါ။

အဲရစ္ဆန္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈကို အင္တာကရယူျပီးဖြယ္ရွိေနျပီး စပါးနဲ႔ ေျပာင္းေရႊ႕ေၾကးညွိေနတာပါ။ ယူရို ၁၀သန္းကို အင္တာဘက္က အဆိုျပဳထားျပီး စပါးက ယူရိုသန္း ၂၀ ေတာင္းဆိုေနပါတယ္။ စပါးက အလြတ္ထြက္ခြာခြင့္ေပးရမယ့္ ကစားသမားအတြက္ ရသေလာက္အျမတ္ပဲလို႔ သေဘာထားေနပံုပါပဲ။ ဒီအတြက္ ေျပာင္းေရႊ႕ေၾကးကို ႏွစ္ဖက္အသင္းၾကားမွာ အဓိကထားေဆြးေႏြးေနတာပါ။ ေနာက္တစ္ဦးကေတာ့ ခ်ယ္လ္ဆီးတိုက္စစ္မွဴးဂီေရာ့ဒ္ပါ။ ဂီေရာ့ဒ္ကိုလည္း ပုဂၢိဳလ္ေရးသေဘာတူညီမႈ အင္တာက ရယူထားႏိုင္တယ္လုိ႔ သတင္းထြက္ေနပါတယ္။ ခ်ယ္လ္ဆီးမွာ လက္တြဲခဲ့တဲ့ တိုက္စစ္မွဴးကို ကြန္တီက အလိုရွိေနတာပါ။

ဂီေရာ့ဒ္အတြက္ ေပါင္ေလးသန္းကို အင္တာက ေပးေခ်မွာျဖစ္ျပီး ကစားသမားကလည္း ယူရို ၂၀၂၀ မွာ ပါ၀င္ခြင့္ရဖို႔ ပံုမွန္ကစားရမယ့္အသင္းကို ေျပာင္းေ၇ႊ႕ခ်င္ေနပါတယ္။ ခ်ယ္လ္ဆီးကလည္း အသင္းမွာ အသံုးမလိုေတာ့တဲ့ ကစားသမားကို ေရာင္းခ်သြားမွာျဖစ္ျပီး ဒီအေျပာင္း အေရႊ႕ကျဖစ္လာဖို႔မ်ားေနပါတယ္။ လမ္းပတ္က ဂီေရာ့ဒ္ကို လံုး၀အသံုးမျပဳသေလာက္ျဖစ္ေနတာမို႔လည္း အင္တာအတြက္ ေခၚယူဖို႔လြယ္ကူမယ့္ကစားသမားပါ။ ေနာက္ဆံုးကစားသမားကေတာ့ ယူႏို္က္တက္အသင္းေခါင္းေဆာင္အက္ရွ္ေလယန္းပါ။ ဒီကစားသမားက အသက္ ၃၃ႏွစ္ အရြယ္ရွိေနျပီျဖစ္ျပီး အင္တာက အလြတ္ေခၚယူဖို႔ ၾကိဳးပမ္းေနတာပါ။

ကစားသမားကလည္း အသင္းေျပာင္းဖို႔ ယူႏိုက္တက္ကို ေတာင္းဆိုထားျပီး ကလပ္အသင္းဘက္က ခြင့္မျပဳလို႔ အခက္ေတြ႔ေနပါတယ္။ ယန္းက ပံုမွန္ကစားခြင့္ဆံုးရံႈးေနသူျဖစ္ျပီး အင္တာက အလြတ္ရရွိႏိုင္မွာမို႔ အားစိုက္ၾကိဳးပမ္းေနတာပါ။ တကယ္လို႔ ဇန္န၀ါရီမွာမွ ေခၚယူလို႔မရရင္ ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ အၾကိဳသေဘာတူညီမႈကို အင္တာက အရယူထားဖြယ္ရွိေနပါတယ္။ အင္တာအားကစားဒါရိုက္တာအူစီလီယုိက အဂၤလန္ကိုေရာက္လာျပီးေနာက္ ဒီကစားသမား ၃ဦးအတြက္ အာရံုစိုက္ၾကိဳးပမ္းသြားရမွာပါ။ ဘယ္သူေတြကို ေခၚယူႏိုင္မလဲဆိုတာကိုေတာ့ မၾကာခင္မွာ အတိအက်သိခြင့္ရေတာ့မွာလည္းျဖစ္ပါတယ္။

Unicode

နည်းပြသစ်ကွန်တီလက်ထက်မှာ စီးရီးအေဆုဖလားကို ပစ်မှတ်ထားလာနိုင်ခဲ့တဲ့ အင်တာမီလန်က ဇန်နဝါရီအပြောင်းအရွှေ့မှာ တော်တော်လေးလှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။ ရာသီအစမှာ ကစားသမားသစ်တွေခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ကွန်တီက ရာသီဝက်ကာလမှာ အသင်းကိုအင်အားထပ်ဖြည့်ချင်နေပြီး အခုဆိုရင် အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာအူစီလီယိုက လန်ဒန်ကို ရောက်ရှိနေပြီး အပြောင်းအရွှေ့ကိစ္စတွေအတွက် လှုပ်ရှားနေတယ်လို့ သိရပါတယ်။ အင်တာမီလန်က ပရီးမီးယားလိဂ်ကစားသမားတွေကို ပစ်မှတ်ထားနေတာပါ။

သူတို့ရဲ့ ပစ်မှတ်ကစားသမားတွေက စျေးနှုန်းချိုသာပြီး အလွတ်ခေါ်ယူလို့ ရနိုင်မယ့်ကစားသမားတွေလည်းဖြစ်ပါတယ်။ ဒါက အင်တာရဲ့ အပြေင်းအရွှေ့ဗျူဟာတစ်ခုဖြစ်ပြီး နည်းနည်းနဲ့ကျဲကျဲဝိုင်းမယ့် သဘောပါ။ အသင်းမှာ ငွေမရှိဘူးလို့ ကွန်တီက ပွင့်ပွင့်လင်းလင်းပြောဆိုထားပြီး စျေးသက်သက်သာသာနဲ့ရရှိမယ့်၊ ခြေစွမ်းကောင်းကစားသမားတွေကို ပစ်မှတ်ထားနေတာပါ။ ပထမဆုံးကစားသမားကတော့ အဲရစ်ဆန်ပါ။ စပါးကွင်းလယ်လူက ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ရမယ့်သူဖြစ်ပြီး အင်တာက ပြိုင်ဘက်တွေထက် လက်ဦးမှုရရှိအောင် ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတာပါ။

အဲရစ်ဆန်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုကို အင်တာကရယူပြီးဖွယ်ရှိနေပြီး စပါးနဲ့ ပြောင်းရွှေ့ကြေးညှိနေတာပါ။ ယူရို ၁ဝသန်းကို အင်တာဘက်က အဆိုပြုထားပြီး စပါးက ယူရိုသန်း ၂၀ တောင်းဆိုနေပါတယ်။ စပါးက အလွတ်ထွက်ခွာခွင့်ပေးရမယ့် ကစားသမားအတွက် ရသလောက်အမြတ်ပဲလို့ သဘောထားနေပုံပါပဲ။ ဒီအတွက် ပြောင်းရွှေ့ကြေးကို နှစ်ဖက်အသင်းကြားမှာ အဓိကထားဆွေးနွေးနေတာပါ။ နောက်တစ်ဦးကတော့ ချယ်လ်ဆီးတိုက်စစ်မှူးဂီရော့ဒ်ပါ။ ဂီရော့ဒ်ကိုလည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှု အင်တာက ရယူထားနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ ချယ်လ်ဆီးမှာ လက်တွဲခဲ့တဲ့ တိုက်စစ်မှူးကို ကွန်တီက အလိုရှိနေတာပါ။

ဂီရော့ဒ်အတွက် ပေါင်လေးသန်းကို အင်တာက ပေးချေမှာဖြစ်ပြီး ကစားသမားကလည်း ယူရို ၂၀၂၀ မှာ ပါဝင်ခွင့်ရဖို့ ပုံမှန်ကစားရမယ့်အသင်းကို ပြောင်းရွှေ့ချင်နေပါတယ်။ ချယ်လ်ဆီးကလည်း အသင်းမှာ အသုံးမလိုတော့တဲ့ ကစားသမားကို ရောင်းချသွားမှာဖြစ်ပြီး ဒီအပြောင်း အရွှေ့ကဖြစ်လာဖို့များနေပါတယ်။ လမ်းပတ်က ဂီရော့ဒ်ကို လုံးဝအသုံးမပြုသလောက်ဖြစ်နေတာမို့လည်း အင်တာအတွက် ခေါ်ယူဖို့လွယ်ကူမယ့်ကစားသမားပါ။ နောက်ဆုံးကစားသမားကတော့ ယူနို်က်တက်အသင်းခေါင်းဆောင်အက်ရှ်လေယန်းပါ။ ဒီကစားသမားက အသက် ၃၃နှစ် အရွယ်ရှိနေပြီဖြစ်ပြီး အင်တာက အလွတ်ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

ကစားသမားကလည်း အသင်းပြောင်းဖို့ ယူနိုက်တက်ကို တောင်းဆိုထားပြီး ကလပ်အသင်းဘက်က ခွင့်မပြုလို့ အခက်တွေ့နေပါတယ်။ ယန်းက ပုံမှန်ကစားခွင့်ဆုံးရှုံးနေသူဖြစ်ပြီး အင်တာက အလွတ်ရရှိနိုင်မှာမို့ အားစိုက်ကြိုးပမ်းနေတာပါ။ တကယ်လို့ ဇန်နဝါရီမှာမှ ခေါ်ယူလို့မရရင် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ အကြိုသဘောတူညီမှုကို အင်တာက အရယူထားဖွယ်ရှိနေပါတယ်။ အင်တာအားကစားဒါရိုက်တာအူစီလီယိုက အင်္ဂလန်ကိုရောက်လာပြီးနောက် ဒီကစားသမား ၃ဦးအတွက် အာရုံစိုက်ကြိုးပမ်းသွားရမှာပါ။ ဘယ်သူတွေကို ခေါ်ယူနိုင်မလဲဆိုတာကိုတော့ မကြာခင်မှာ အတိအကျသိခွင့်ရတော့မှာလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။