၂၀၂၀ အတြင္းကစားသမားသမွ်ပြဲတိုင္း ဂိုးသြင္းေနဆဲ ေရာ္နယ္ဒို

မေန႔ညက ကစားခဲ့တဲ့ အီတလီကိုပါအီတာလီယာဆီမီးဖိုင္နယ္ပြဲစဥ္မွာေတာ့ ေအစီမီလန္ နဲ႔ ဂ်ဴဗင္တပ္စ္တို႔ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့ပါတယ္။ ဂ်ဴဗီကေတာ့ ကံေကာင္းေထာက္မခဲ့တာျဖစ္ျပီး ပြဲျပီးခါနီးမွာ ပင္နယ္တီရရွိခဲ့ကာ ေရာ္နယ္ဒိုက ကန္သြင္းယူေပးခဲ့လို႔ ေခ်ပဂိုးရရွိခဲ့ကာ ရံႈးပြဲမၾကံဳခဲ့တာျဖစ္ပါတယ္။

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

ေအစီမီလန္အတြက္လည္း ပထမအေက်ာ့မွာ ရလဒ္ေကာင္းရရွိမယ့္အခြင့့္အေရးကို ပြဲျပိးခါနီးမွ လက္လႊတ္ခဲ့ရပါတယ္။ ဒီပြဲမွာ ဂ်ဴဗီအတြက္ ဂိုးသြင္းေပးခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဒီရာသီမွာ ကလပ္နဲ႔ ႏိုင္ငံအသငး္အတြက္ ၃၅ ပြဲကစားေပးထားျပီး ၃၅ ဂိုးအထိ သြင္းယူေပးထားခဲ့ကာ သူ႔ရဲ႕အသက္ကလည္း ၃၅ ႏွစ္ရွိေနျပီမို႔ အံ့အားသင့္ဖြယ္ထူးျခားမႈတစ္ခုျဖစ္ခဲ့ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒိုက ၂၀၂၀ ခုႏွစ္အတြင္းကစားေပးထားတဲ့ ပြဲစဥ္ေပါင္း ၉ ပြဲစလံုးကို ဂိုးသြင္းယူထားနိုင္ခဲ့ျပီး သူ႔ရဲ႕ပံုမွန္ဂိုးသြင္းေျခစြမ္းကို ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ ဒီလိုစြမ္းေဆာင္ရည္မ်ိဳးကို ဥေရာပရဲ႕ထိပ္တန္းလိဂ္ငါးခုမွာ ဘယ္ကစားသမားကမွမစြမ္းေဆာင္ထားႏိုင္ခဲ့ဘဲ သူတစ္ဦးတည္းသာ ျပဳလုပ္ျပထားတာျဖစ္ပါတယ္။

ဂ်ဴဗီအတြက္ စီးရီးေအပြဲ ၁၀ပြဲဆက္တိုက္ဂိုးသြင္းထားခဲ့တဲ့ စံခ်ိန္ကို တင္ႏိုင္ခဲ့ျပီးေနာက္ ေရာ္နယ္ဒိုအတြက္ ေနာက္ထပ္ထူးျခားတဲ့မွတ္တမ္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ကစားသမားၾကီးက ဒီရာသီမွာ ဂ်ဴဗီအတြက္ ျပိဳင္ပြဲစံုသြင္းဂိုး ၂၄ ဂိုးအထိ ရရွိသြားခဲ့ျပီလည္းျဖစ္ပါတယ္။

Unicode

မနေ့ညက ကစားခဲ့တဲ့ အီတလီကိုပါအီတာလီယာဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အေစီမီလန် နဲ့ ဂျူဗင်တပ်စ်တို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဂျူဗီကတော့ ကံကောင်းထောက်မခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ ပင်နယ်တီရရှိခဲ့ကာ ရော်နယ်ဒိုက ကန်သွင်းယူပေးခဲ့လို့ ချေပဂိုးရရှိခဲ့ကာ ရှုံးပွဲမကြုံခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အတွက်လည်း ပထမအကျော့မှာ ရလဒ်ကောင်းရရှိမယ့်အခွင့့်အရေးကို ပွဲပြိးခါနီးမှ လက်လွှတ်ခဲ့ရပါတယ်။ ဒီပွဲမှာ ဂျူဗီအတွက် ဂိုးသွင်းပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအသငး်အတွက် ၃၅ ပွဲကစားပေးထားပြီး ၃၅ ဂိုးအထိ သွင်းယူပေးထားခဲ့ကာ သူ့ရဲ့အသက်ကလည်း ၃၅ နှစ်ရှိနေပြီမို့ အံ့အားသင့်ဖွယ်ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုက ၂၀၂၀ ခုနှစ်အတွင်းကစားပေးထားတဲ့ ပွဲစဉ်ပေါင်း ၉ ပွဲစလုံးကို ဂိုးသွင်းယူထားနိုင်ခဲ့ပြီး သူ့ရဲ့ပုံမှန်ဂိုးသွင်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ဥရောပရဲ့ထိပ်တန်းလိဂ်ငါးခုမှာ ဘယ်ကစားသမားကမှမစွမ်းဆောင်ထားနိုင်ခဲ့ဘဲ သူတစ်ဦးတည်းသာ ပြုလုပ်ပြထားတာဖြစ်ပါတယ်။

ဂျူဗီအတွက် စီးရီးအေပွဲ ၁ဝပွဲဆက်တိုက်ဂိုးသွင်းထားခဲ့တဲ့ စံချိန်ကို တင်နိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုအတွက် နောက်ထပ်ထူးခြားတဲ့မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ကစားသမားကြီးက ဒီရာသီမှာ ဂျူဗီအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။