တာဟစ္ေခ်ာင္ကို ေခၚယူနိုင္ဖို႔ နီးစပ္ေနတဲ့ အင္တာမီလန္

အင္တာမီလန္အသင္းဟာ ယူႏိုက္တက္လူငယ္ကစားသမားတာဟစ္ေခ်ာင္ကို အလြတ္ေခၚယူႏိုင္ဖို႔အတြက္ ၾကိဳးစားေနျပီး ကစားသမားကို တစ္နွစ္လုပ္ခ ေပါင္၁.၂သန္းေပးေခ်ကာ ငါးႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၀ အရြယ္ေတာင္ပံကစားသမားေခ်ာင္ဟာ ယူႏိုက္တက္အသင္းၾကီးမွာ ပံုမွန္ကစားခြင့္ရဖို႔ ရုန္းကန္ေနရသူလည္းျဖစ္ပါတယ္။

Arteta on Arsenal’s ‘productive’ Dubai training camp

လာမယ့္ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးေတာ့မွာျဖစ္ျပီး လက္ရွိအခ်ိန္ထိလည္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အလားအလာမရွိေသးတာေၾကာင့္ ေခ်ာင္က အသင္းေျပာင္းေရႊ႕ဖို႔ နီးစပ္ေနပါတယ္။ ဒီအေပၚမွာ အင္တာမီလန္က အခြင့္ေကာင္းယူျပီး ကစားသမားကို ခ်ဥ္းကပ္မႈေတြျပဳလုပ္ေနခဲ့ကာ ကမ္းလွမ္းထားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ အင္တာမီလန္က ကစားသမားဆီက တံု႔ျပန္မႈကိုေစာင့္ဆိုင္းေနတယ္လုိ႔ သိရပါတယ္။ ေခ်ာင္အေနနဲ႔ အင္တာမီလန္မွာ ေျခစြမ္းျပႏိုင္ခဲ့မယဆ္ိုရင္ေတာ့ သူ႔ရဲ႕လစာေငြက ေပါင္ ၂.၁သန္းအထိ တုိးျမွင့္ရရွိဖို႔လည္းရွိေနပါတယ္။ ဒီအတြက္ လက္က်န္ေဘာလံုးရာသီမွာ ယူႏိုက္တက္အသင္းၾကီးအတြက္
သူဘယ္ေလာက္ထိကစားေပးခြင့္ရမလဲဆိုတဲ့အေပၚမူတည္ျပီး ေခ်ာင္က သူ႔အနာဂတ္ကို ဆံုးျဖတ္သြားဖြယ္ရွိေနပါတယ္။

ေခ်ာင္က ဒီရာသီမွာ ယူႏိုက္တက္အတြက္ျပိဳင္ပြဲစံု ၁၂ပြဲသာကစားေပးထားခဲ့ရသူျဖစ္ပါတယ္။ အဆိုပါ ၁၂ပြဲမွာ သြင္းဂိုးတစ္ဂိုးမွမရရွိထားသလို ပြဲအမ်ားစုကလည္း အရန္ကစားသမားအျဖစ္နဲ႔သာ ပါ၀င္ကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ အင္တာမီလန္ကေတာ့ ဒီရာသီမွာ လူကာကူ၊ ဆန္းခ်က္ဇ္၊ အက္ရွ္ေလယန္းတို႔ကို ယူႏိုက္တက္အသင္းဆီကေန ေခၚယူထားႏိုင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။

Unicode

အင်တာမီလန်အသင်းဟာ ယူနိုက်တက်လူငယ်ကစားသမားတာဟစ်ချောင်ကို အလွတ်ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားနေပြီး ကစားသမားကို တစ်နှစ်လုပ်ခ ပေါင်၁.၂သန်းပေးချေကာ ငါးနှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်တောင်ပံကစားသမားချောင်ဟာ ယူနိုက်တက်အသင်းကြီးမှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိလည်း စာချုပ်သစ်ချုပ်ဆိုဖို့ အလားအလာမရှိသေးတာကြောင့် ချောင်က အသင်းပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ ဒီအပေါ်မှာ အင်တာမီလန်က အခွင့်ကောင်းယူပြီး ကစားသမားကို ချဉ်းကပ်မှုတွေပြုလုပ်နေခဲ့ကာ ကမ်းလှမ်းထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အင်တာမီလန်က ကစားသမားဆီက တုံ့ပြန်မှုကိုစောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ချောင်အနေနဲ့ အင်တာမီလန်မှာ ခြေစွမ်းပြနိုင်ခဲ့မယဆ်ိုရင်တော့ သူ့ရဲ့လစာငွေက ပေါင် ၂.၁သန်းအထိ တိုးမြှင့်ရရှိဖို့လည်းရှိနေပါတယ်။ ဒီအတွက် လက်ကျန်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းကြီးအတွက်
သူဘယ်လောက်ထိကစားပေးခွင့်ရမလဲဆိုတဲ့အပေါ်မူတည်ပြီး ချောင်က သူ့အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိနေပါတယ်။

ချောင်က ဒီရာသီမှာ ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ ၁၂ပွဲသာကစားပေးထားခဲ့ရသူဖြစ်ပါတယ်။ အဆိုပါ ၁၂ပွဲမှာ သွင်းဂိုးတစ်ဂိုးမှမရရှိထားသလို ပွဲအများစုကလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်ကတော့ ဒီရာသီမှာ လူကာကူ၊ ဆန်းချက်ဇ်၊ အက်ရှ်လေယန်းတို့ကို ယူနိုက်တက်အသင်းဆီကနေ ခေါ်ယူထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။