ဂျူဗီကထွက်ခွာသင့်နေတဲ့ ကစားသမား ၃ဦး

ဂျူဗင်တပ်စ်က ဘောလုံးလောကရဲ့ ထိပ်သီးအသင်းတစ်သင်းပါ။ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ သူတို့ရဲ့ Powerhouses က ကမ္ဘာတ၀ှမ်းမှာ မြင့်တက်သွားခဲ့ပြီး အားလုံးက အာရုံစိုက်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဂျူဗီက ကစားသမားတစ်ဦးချင်းစီအပေါ်မှာသာ မှီခိုနေရပြီး ကွင်းလယ်လူတွေရဲ့ ဖန်တီးပေးနိုင်မှုတွေက နည်းပါးနေပါတယ်။ တချို့ကစားသမားတွေက ပွဲထွက်ခွင့်ရသင့်ပေမယ့် မရဘူးဖြစ်နပြီး တချို့ကစားသမားတွေကတော့ တိုးတက်မှုမရှိဖြစ်နေကြပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ
ဂျူဗီကနေထွက်ခွာပြီး ဘ၀သစ်ကို ရယူသင့်တဲ့ကစားသမား ၃ဦးရှိနေပါတယ်။

COVID-19 pandemic forces Tokyo 2020 postponement

၁။ ရူဂါနီ

အီတလီသားနောက်ခံလူက ဂျူဗီမှာ ချီလီနီ၊ ဘိုနူချီ၊ ဒီလစ်တို့ကြောင့် နေရာပျောက်ဆုံးနေသူပါ။ ပြီးတော့ ဒီမီရယ်လ်ကလည်း ရှိနေသေးလို့ ပွဲကစားခွင့်ရဖို့အတွက်ကို တော်တော်လေးကြိုးစားနေရပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံလူက ပွဲကစားခွင့် နည်းပါးတဲ့အကျိုးဆက်အဖြစ် အသင်းကနေ ထွက်ခွာသွားဖွယ်လည်းရှိနေပါတယ်။ ဒီရာသီမှာဆိုရင် စီးရီးအေ ၃ပွဲသာ ကစားပေးထားရပါတယ်။ ဒါပေမယ့် ကိုပါအီတာလီယာနဲ့ ချန်ပီယံလိဂ်တို့မှာ ကစားခွင့်တော့ရပြီး အဲဒါကလည်း လုံလောက်တဲ့အနေအထားတော့မဟုတ်ပါဘူး။ အာဆင်နယ်နဲ့ လက်စတာတို့က သူ့ကိုစိတ်ဝင်စားနေပြီး ရူဂါနီ ဘာကိုရွေးချယ်မလဲစောင့်ကြည့်ရပါမယ်။

၂။ ဘာနာဒက်ခီ

ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ပြန်လည်အနိုင်ယူခဲ့ပြီးနောက် ဘာနာဒက်ခီက ပိုမိုထင်ပေါ်လာလိမ့်မယ်လို့ ယူဆခံခဲ့ရပါတယ်။ ဒါပေမယ့် အီတလီလက်ရွေးစင်က ဆာရီလက်ထက်မှာ စီးရီးအေ ၁၈ ပွဲသာကစားထားခဲ့ရပြီး ၉ ပွဲကိုသာ ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အသင်းအတွက်လည်း သွင်းဂိုး နဲ့ ဖန်တီးမှု လုံးဝမပြုလုပ်ပေးထားနိုင်သေးပဲ ဆာရီအတွက်လည်း စိတ်ပျက်စရာကစားသမားဖြစ်နေပါတယ်။ ဝေဖန်ခံနေရတဲ့ ဂျူဗီကွင်းလယ်ကစားသမားတွေက တစ်ဦးအဖြစ် ဘာနာဒက်ခီလည်း ပါဝင်နေပြီးတော့
အသက် ၂၆ နှစ်ရွယ်ကစားသမားက လူစားဝင်ကစားသမားအဖြစ်နဲ့သာကျေနပ်နေရပါတယ်။ သူလည်း တူရင်ကို စွန့်ခွာပြီး လမ်းသစ်ရှာဖွေဖို့ အချိန်ရောက်နေပါပြီ။

၃။ ဒေါက်ဂလပ်စ်ကော်စတာ

ကော်စတာကို ဘိုင်ယန်မြူးနစ်ကနေ ယူရိုသန်း ၄၀ နဲ့ ဂျူဗီက ခေါ်ယူခဲ့တာပါ။ အသက် ၂၉ နှစ်အရွယ်ကစးသမားက ဂျူဗီကို စရောက်ခဲ့တဲ့နှစ်မှာ သွင်းဂိုး ၄ ဂိုးနဲ့ ဖန်တီးမှု ၁၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို အမြဲတမ်းစာချုပ်နဲ့ ဂျူဗီကခေါ်ယူခဲ့တာဖြစ်ပြီး အသင်းမှာလည်း ပုံမှန်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ရော်နယ်ဒိုရောက်လာပြီး ဟီဂူအင်ကလည်း အငှားချထားရာကနေ ပြန်လည်ရောက်ရှိလာလို့ ကော်စတာအတွက်နေရာပျောက်နေပါတယ်။ ဒီရာသီမှာဆို ၁၄ ပွဲကစားပေးထားပေမယ့်
တစ်ဂိုးမှမသွင်းနိုင်ဘဲရှိနေခဲ့ပါတယ်။ သူ့အတွက်တော့ ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းက လိုအပ်နေပြီဖြစ်ပါတယ်။

မှတ်ချက်များ။