မိုင္ယာမီကို ေျပာင္းေရႊ႕ဖို႔ မူအားျဖင့္ သေဘာတူညီခဲ့တဲ့ ေနမာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴးေနမာဟာ ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းကို ေျပာင္းေရႊ႕ဖို႔ မူအားျဖင့္သေဘာတူညီမႈရရွိထားတယ္လိ႔ု သိရပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ဘရာဇီးလ္တိုက္စစ္မွဴးက အနာဂတ္မွာ သြားေရာက္ကစားဖို႔အတြက္ မူအားျဖင့္သေဘာတူညီမႈရရွိခဲ့တာလည္း ျစဖ္ပါတယ္။

Highlights – Al Wahda vs Al Ahli

လက္ရွိမွာ ေနမာက ပီအက္စ္ဂ်ီနဲ႔ ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။ YouTube ရုပ္သံလိုင္းတစ္ခုျဖစ္တဲ့ OTRO နဲ႔ ျပဳလုပ္ခဲ့တဲ့ အစီအစဥ္မွာ ေနမာနဲ႔ ဘက္ခမ္းတို႔ ပါ၀င္ခဲ့ျပီး ဘက္ခမ္းက “ အေမရိကက ၾကီးမားတဲ့အခြင့္အလမ္းေတြရွိတဲ့ေနရာပါ၊ အဲဒီမွာ အားကစားနည္းအမ်ားၾကီးရွိျပီး ေဘာလံုးက အခုဆိုရင္ အရွိန္အဟုန္နဲ႔တုိးတက္လာေနပါတယ္၊ အေမရိကက နာမည္ေက်ာ္ကစားသမားေတြအတြက္ တကယ့္အခြင့္အလမ္းေကာင္းပဲလို႔ ကၽြန္ေတာ္ထင္တယ္”

“ စာရြက္လြတ္တစ္ခု မင္းကိုေပးမယ္၊ အဲဒါက မိုင္ယာမီအတြက္ ဆယ္ႏွစ္ၾကာမယ့္စာခ်ဳပ္ျဖစ္လိမ့္မယ္၊ ငါတို႔ေငြအမ်ားၾကီးေတာ့ေပးမွာမဟုတ္ဘူး” လို႔ ေနမာကို ေျပာဆိုခဲ့ပါတယ္။ ေနမာကလည္း ခ်က္ခ်င္းဆိုသလို ဘက္ခမ္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံခဲ့ျပီးေတာ့ “ သူ႔အသင္းအတြက္ကစားဖို႔ ကၽြန္ေတာ္လည္း
ကမ္းလွမ္းခံရသူတစ္ဦးျဖစ္ခဲ့ပါတယ္၊ ကၽြန္ေတာ္လည္းကစားခ်င္ပါတယ္၊ အဆင္သင့္ပဲလို႔ သူ႔ကိုေျပာခဲ့ပါတယ္၊ တစ္ေန႔ေန႔မွာ မိုင္ယာမီအတြက္ ကၽြန္ေတာ္ကစားေပးမယ္လုိ႔ေျပာခဲ့ပါတယ္”

“ ဒါက ေဘာလံုးအားကစားတိုးတက္လာတဲ့ ႏိုင္ငံတစ္ခုအတြက္လည္း တကယ့္အခြင့္အေရးေကာင္းပဲလို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္၊ အရင္ကလည္း ကၽြန္ေတာ္ေျပာဖူးပါတယ္၊ ေဒးဗစ္နဲ႔အတူ စာခ်ဳပ္ရွိတယ္ဆုိတာကိုေပါ့၊ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ဒါက ျဖစ္လာမွာပါ၊ ကၽြန္ေတာ္ မိုင္ယာမီအတြက္
ကစားေပးမွာပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

Unicode

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ မူအားဖြင့်သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးက အနာဂတ်မှာ သွားရောက်ကစားဖို့အတွက် မူအားဖြင့်သဘောတူညီမှုရရှိခဲ့တာလည်း စြဖ်ပါတယ်။

လက်ရှိမှာ နေမာက ပီအက်စ်ဂျီနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ YouTube ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ OTRO နဲ့ ပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ နေမာနဲ့ ဘက်ခမ်းတို့ ပါဝင်ခဲ့ပြီး ဘက်ခမ်းက “ အမေရိကက ကြီးမားတဲ့အခွင့်အလမ်းတွေရှိတဲ့နေရာပါ၊ အဲဒီမှာ အားကစားနည်းအများကြီးရှိပြီး ဘောလုံးက အခုဆိုရင် အရှိန်အဟုန်နဲ့တိုးတက်လာနေပါတယ်၊ အမေရိကက နာမည်ကျော်ကစားသမားတွေအတွက် တကယ့်အခွင့်အလမ်းကောင်းပဲလို့ ကျွန်တော်ထင်တယ်”

“ စာရွက်လွတ်တစ်ခု မင်းကိုပေးမယ်၊ အဲဒါက မိုင်ယာမီအတွက် ဆယ်နှစ်ကြာမယ့်စာချုပ်ဖြစ်လိမ့်မယ်၊ ငါတို့ငွေအများကြီးတော့ပေးမှာမဟုတ်ဘူး” လို့ နေမာကို ပြောဆိုခဲ့ပါတယ်။ နေမာကလည်း ချက်ချင်းဆိုသလို ဘက်ခမ်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီးတော့ “ သူ့အသင်းအတွက်ကစားဖို့ ကျွန်တော်လည်း
ကမ်းလှမ်းခံရသူတစ်ဦးဖြစ်ခဲ့ပါတယ်၊ ကျွန်တော်လည်းကစားချင်ပါတယ်၊ အဆင်သင့်ပဲလို့ သူ့ကိုပြောခဲ့ပါတယ်၊ တစ်နေ့နေ့မှာ မိုင်ယာမီအတွက် ကျွန်တော်ကစားပေးမယ်လို့ပြောခဲ့ပါတယ်”

“ ဒါက ဘောလုံးအားကစားတိုးတက်လာတဲ့ နိုင်ငံတစ်ခုအတွက်လည်း တကယ့်အခွင့်အရေးကောင်းပဲလို့ ကျွန်တော်ယုံကြည်ပါတယ်၊ အရင်ကလည်း ကျွန်တော်ပြောဖူးပါတယ်၊ ဒေးဗစ်နဲ့အတူ စာချုပ်ရှိတယ်ဆိုတာကိုပေါ့၊ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒါက ဖြစ်လာမှာပါ၊ ကျွန်တော် မိုင်ယာမီအတွက်
ကစားပေးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။