ကိုပါအေမရိကဖလားျပိဳင္ပြဲမွာ မထင္မွတ္ပဲ ေျခစြမ္းျပေနၾကသူမ်ား

Copa America 2019: Japan bow out after Ecuador draw

နာမည္ေက်ာ္ကစားသမားေတြ အမ်ားအျပားပါ၀င္ကစားေနတဲ့ ၂၀၁၉ ကိုပါအေမရိကဖလားျပိဳင္ပြဲမွာေတာ့ ထင္မွတ္မထားပဲ ေျခစြမ္းျပေနတဲ့ ကစားသမားေတြ ရွိလာခဲ့ပါတယ္။ ဘရာဇီးလ္၊ အာဂ်င္တီးနား၊ ဥရုေဂြး၊ ခ်ီလီ၊ ကိုလံဘီယာတို႔မွာ ကမၻာ့အဆင့္ကစားသမား အမ်ားအျပား ပါ၀င္ေနၾကေပမယ့္ အဆိုပါကစားသမားေတြထက္ ပိုမိုျပီးေျခစြမ္းျပႏိုင္သူေတြ ေပၚထြက္လာခဲ့ပါတယ္။ အဲဒီထဲကမွ ကစားသမား (၃)ဦးကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

Copa America 2019: Aguero, Martinez fire Argentina into quarters

၃။ ေလာ္တာရိုမာတီနက္ဇ္

အသက္ (၂၂)ႏွစ္အရြယ္သာ ရွိေသးတဲ့ တိုက္စစ္မွဴးဟာ ေတာက္ပတဲ့ေျခစြမ္းေတြနဲ႔အတူ စိတ္လႈပ္ရွားခ်င္စရာအေကာင္းဆံုးကစားသမားအျဖစ္ ရွိေနခဲ့ပါတယ္။ နာမည္ေက်ာ္တိုက္စစ္မွဴးေတြျဖစ္တဲ့ မက္ဆီ၊ အဂူရုိ နဲ႔ ဒီဘာလာတို႔ ပါ၀င္လာတဲ့ အာဂ်င္တီးနားတိုက္စစ္ပိုင္းမွာ မာတီနက္ဇ္က ရုန္းကန္ရမယ္လုိ႔ ထင္ခဲ့ရေပမယ့္ လက္ရွိမွာ သူက ေျခစြမ္းျပေနပါတယ္။ အင္တာမီလန္တုိက္စစ္ကစားသမားက ျပိဳင္ဘက္ခံစစ္မွဴးေတြၾကားထဲ လ်င္ျမန္မႈေကာင္းေကာင္းနဲ႔ကစားျပႏိုင္ခဲ့ျပိီး သူ႔ရဲ႕ အကၽြမ္းက်င္ဆံုးျဖစ္တဲ့ ေဘာလံုးထိန္းသိမ္းမႈ၊ ေဘာလံုးပိုင္ဆိုင္မႈအရယူျပီး ေကာင္းေကာင္းေရြ႕လ်ားကစားျပႏိုင္မႈကိုလည္း ျပသႏိုင္ခဲ့ပါတယ္။ တည္ကန္ေဘာေတြကေရာ၊ အျမင့္ေဘာေတြ လုယူရာမွာပါ ထူးခၽြန္တဲ့ မာတီနက္ဇ္က လက္ရွိမွာ အသင္းအတြက္ (၂)ပြဲ ပြဲထြက္ကစားေပးထားျပီး တစ္ဂိုးသြင္းယူေပးထားပါတယ္။ ကာတာနဲ႔ပြဲမွာ အေရးပါတဲ့ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ျပီး တိုက္စစ္ပိုင္းမွာလည္း ထိေရာက္တဲ့ ကစားပံုမ်ိဳးကို ျပသႏိုင္ခဲ့ပါတယ္။

၂။ ဇာပါတာ

အတၱလႏၱာမွာ ေတာက္ပခဲ့တဲ့ ဇာပါတာက ကိုလံဘီယာလက္ေရြးစင္အသင္းမွာလည္း ထိန္းသိမ္းမရေလာက္ေအာင္ ေျခစြမ္းျပေနပါတယ္။ အသက္ (၂၈)ႏွစ္အရြယ္ တိုက္စစ္မွဴးက အာဂ်င္တီးနား၊ ကာတာတို႔နဲ႔ပြဲေတြမွာ အသင္းအတြက္ တစ္ဂိုးစီသြင္းယူေပးႏို္ငခဲ့ပါတယ္။ ခံစစ္ဇုန္းအတြင္း ေကာင္းေကာင္းလႈပ္ရွားႏိုင္စြမ္းရွိျပီး ပါ၀ါသံုးေျပးလႊားႏိုင္တဲ့ ကစားသမားက ေခါင္းတိုက္ဂိုးသြင္းယူမႈမွာလည္း ထူးခၽြန္သူ ျစဖ္ပါတယ္။ ကြင္းလယ္တုိက္စစ္သမားအျဖစ္လည္း ကစားႏိုင္ျပီး သူ႔ရဲ႕ တုိက္စစ္စြမ္းေဆာင္ရည္ နဲ႔ ခံစစ္စြမ္းေဆာင္ရည္က ခ်ီးက်ဴးရမယ့္အေနအထားမွာ ရွိပါတယ္။ အျမင့္ေဘာလုယူမႈေတြမွာ အျမဲတမ္းလိုလိုအသာစီးရေလ့ရွိတဲ့ ကစားသမားျဖစ္ျပီး ဖယ္လ္ကာအို၊ ရိုဂ်ာမာတီနက္ဇ္တို႔နဲ႔အတူ ကိုလံဘီယာတိုက္စစ္ကို ဦးေဆာင္ကစားေနသူျဖစ္ပါတယ္။ ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ရဲ႕ တိက်တဲ့ ဖန္တီးေပးမႈေတြကို ဇာပါတာက အေကာင္းဆံုးအဆံုးသတ္ေပးေနျပီး အသင္းကို ကြာတားဖိုင္နယ္ဆီ အေစာဆံုးပို႔ေဆာင္ေပးထားႏိုင္ခဲ့ပါတယ္။

၁။ ဂက္စ္တန္ပါရီရို

ဥရုေဂြး ကြင္းလယ္တိုက္စစ္ကစားသမားက အသက္ (၂၂)နွစ္အရြယ္သာ ရွိေသးျပီး ဥရုေဂြးရဲ႕ မ်ိဳးဆက္သစ္တစ္ဦးျဖစ္ပါတယ္။ အသိအမွတ္ျပဳခံရေလာက္တဲ့ အရည္အေသြးမ်ိဳးကို ျပသေနတဲ့ ကစားသမားက ေတာင္ပံႏွစ္ဖက္မွာလည္း ကစားႏိုင္သူျဖစ္ပါတယ္။ ေဘာလံုးဆြဲေျပးမႈမွာလည္း ကၽြမ္းက်င္သူျဖစ္ျပီး ပြဲကို အဆံုးအျဖတ္ေပးႏိုင္တဲ့ ကစားသမားတစ္ဦးလို႔လည္း အသိအမွတ္ျပဳခံထားရသူျဖစ္ပါတယ္။ အခ်ိန္တိုအတြင္းမွာ ဆံုးျဖတ္ခ်က္ကို မွန္မွန္ကန္ကန္ နဲ႔ ျမန္ျမန္ဆန္ဆန္ ခ်မွတ္ႏိုင္သူျဖစ္ျပီး အသင္းတုိက္စစ္ပိုင္းကို ကြင္းလယ္ကေန အေကာင္းဆံုးပံုေဖာ္ေပးေနသူလည္း ျဖစ္ပါတယ္။ ေတာ္ရဲရား၊ လိုဒီရီယိုတို႔နဲ႔ တြဲဖက္ျပီး ဥရုေဂြးကြင္းလယ္ကို တည္ေဆာက္ထားတဲ့ တာဘာရက္ဇ္ရဲ႕ ကစားကြက္မွာ ပါရီရိုက အဓိကကစားသမားအျဖစ္ ရွိေနခဲ့ပါျပီ။ တန္ျပန္တိုက္စစ္စတင္ဖို႔ တိုက္စစ္လမး္ေၾကာင္းကို အေကာင္းဆံုးနဲ႔ အျမန္ဆံုးပံုေဖာ္ေပးႏိုင္တဲ့ ကစားသမားက လာမယ့္ပြဲေတြမွာလည္း ဥရုေဂြးရဲ႕ ကြင္းလယ္ဖန္တီးရွင္အျဖစ္ ရွိေနဦးမွာပါ။

Unicode Version

နာမည်ကျော်ကစားသမားတွေ အများအပြားပါဝင်ကစားနေတဲ့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာတော့ ထင်မှတ်မထားပဲ ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ချီလီ၊ ကိုလံဘီယာတို့မှာ ကမ္ဘာ့အဆင့်ကစားသမား အများအပြား ပါဝင်နေကြပေမယ့် အဆိုပါကစားသမားတွေထက် ပိုမိုပြီးခြေစွမ်းပြနိုင်သူတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီထဲကမှ ကစားသမား (၃)ဦးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၃။ လော်တာရိုမာတီနက်ဇ်

အသက် (၂၂)နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးဟာ တောက်ပတဲ့ခြေစွမ်းတွေနဲ့အတူ စိတ်လှုပ်ရှားချင်စရာအကောင်းဆုံးကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ နာမည်ကျော်တိုက်စစ်မှူးတွေဖြစ်တဲ့ မက်ဆီ၊ အဂူရို နဲ့ ဒီဘာလာတို့ ပါဝင်လာတဲ့ အာဂျင်တီးနားတိုက်စစ်ပိုင်းမှာ မာတီနက်ဇ်က ရုန်းကန်ရမယ်လို့ ထင်ခဲ့ရပေမယ့် လက်ရှိမှာ သူက ခြေစွမ်းပြနေပါတယ်။ အင်တာမီလန်တိုက်စစ်ကစားသမားက ပြိုင်ဘက်ခံစစ်မှူးတွေကြားထဲ လျင်မြန်မှုကောင်းကောင်းနဲ့ကစားပြနိုင်ခဲ့ပြိီး သူ့ရဲ့ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ဘောလုံးထိန်းသိမ်းမှု၊ ဘောလုံးပိုင်ဆိုင်မှုအရယူပြီး ကောင်းကောင်းရွေ့လျားကစားပြနိုင်မှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။ တည်ကန်ဘောတွေကရော၊ အမြင့်ဘောတွေ လုယူရာမှာပါ ထူးချွန်တဲ့ မာတီနက်ဇ်က လက်ရှိမှာ အသင်းအတွက် (၂)ပွဲ ပွဲထွက်ကစားပေးထားပြီး တစ်ဂိုးသွင်းယူပေးထားပါတယ်။ ကာတာနဲ့ပွဲမှာ အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ထိရောက်တဲ့ ကစားပုံမျိုးကို ပြသနိုင်ခဲ့ပါတယ်။

၂။ ဇာပါတာ

အတ္တလန္တာမှာ တောက်ပခဲ့တဲ့ ဇာပါတာက ကိုလံဘီယာလက်ရွေးစင်အသင်းမှာလည်း ထိန်းသိမ်းမရလောက်အောင် ခြေစွမ်းပြနေပါတယ်။ အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးက အာဂျင်တီးနား၊ ကာတာတို့နဲ့ပွဲတွေမှာ အသင်းအတွက် တစ်ဂိုးစီသွင်းယူပေးနို်ငခဲ့ပါတယ်။ ခံစစ်ဇုန်းအတွင်း ကောင်းကောင်းလှုပ်ရှားနိုင်စွမ်းရှိပြီး ပါ၀ါသုံးပြေးလွှားနိုင်တဲ့ ကစားသမားက ခေါင်းတိုက်ဂိုးသွင်းယူမှုမှာလည်း ထူးချွန်သူ စြဖ်ပါတယ်။ ကွင်းလယ်တိုက်စစ်သမားအဖြစ်လည်း ကစားနိုင်ပြီး သူ့ရဲ့ တိုက်စစ်စွမ်းဆောင်ရည် နဲ့ ခံစစ်စွမ်းဆောင်ရည်က ချီးကျူးရမယ့်အနေအထားမှာ ရှိပါတယ်။ အမြင့်ဘောလုယူမှုတွေမှာ အမြဲတမ်းလိုလိုအသာစီးရလေ့ရှိတဲ့ ကစားသမားဖြစ်ပြီး ဖယ်လ်ကာအို၊ ရိုဂျာမာတီနက်ဇ်တို့နဲ့အတူ ကိုလံဘီယာတိုက်စစ်ကို ဦးဆောင်ကစားနေသူဖြစ်ပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေကို ဇာပါတာက အကောင်းဆုံးအဆုံးသတ်ပေးနေပြီး အသင်းကို ကွာတားဖိုင်နယ်ဆီ အစောဆုံးပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

၁။ ဂက်စ်တန်ပါရီရို

ဥရုဂွေး ကွင်းလယ်တိုက်စစ်ကစားသမားက အသက် (၂၂)နှစ်အရွယ်သာ ရှိသေးပြီး ဥရုဂွေးရဲ့ မျိုးဆက်သစ်တစ်ဦးဖြစ်ပါတယ်။ အသိအမှတ်ပြုခံရလောက်တဲ့ အရည်အသွေးမျိုးကို ပြသနေတဲ့ ကစားသမားက တောင်ပံနှစ်ဖက်မှာလည်း ကစားနိုင်သူဖြစ်ပါတယ်။ ဘောလုံးဆွဲပြေးမှုမှာလည်း ကျွမ်းကျင်သူဖြစ်ပြီး ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးလို့လည်း အသိအမှတ်ပြုခံထားရသူဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန် နဲ့ မြန်မြန်ဆန်ဆန် ချမှတ်နိုင်သူဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းကို ကွင်းလယ်ကနေ အကောင်းဆုံးပုံဖော်ပေးနေသူလည်း ဖြစ်ပါတယ်။ တော်ရဲရား၊ လိုဒီရီယိုတို့နဲ့ တွဲဖက်ပြီး ဥရုဂွေးကွင်းလယ်ကို တည်ဆောက်ထားတဲ့ တာဘာရက်ဇ်ရဲ့ ကစားကွက်မှာ ပါရီရိုက အဓိကကစားသမားအဖြစ် ရှိနေခဲ့ပါပြီ။ တန်ပြန်တိုက်စစ်စတင်ဖို့ တိုက်စစ်လမး်ကြောင်းကို အကောင်းဆုံးနဲ့ အမြန်ဆုံးပုံဖော်ပေးနိုင်တဲ့ ကစားသမားက လာမယ့်ပွဲတွေမှာလည်း ဥရုဂွေးရဲ့ ကွင်းလယ်ဖန်တီးရှင်အဖြစ် ရှိနေဦးမှာပါ။

မွတ္ခ်က္မ်ား။