ရန်ပုံငွေအတွက် ရီးရဲလ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ပြီ

ယူနီဆက်ဖ်အတွက် ရန်ပုံငွေရှာဖွေကူညီပေးဖို့ ကစားနေတဲ့ FIFA 20 ပြိုင်ပွဲမှာတော့ မန်စီးတီးကစားသမားတွေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေ ထိပ်တိုက်တွေ့ဆုံနေကြတယ်လို့ သိရပါတယ်။ ကမ္ဘာတလွှားဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလေးငယ်တွေကို ပိုမိုကူညီပေးနိုင်ဖို့
ရန်ပုံငွေရှာဖွေပေးနေမှုမှာ ကစားသမားတွေကလည်း ပါဝင်အားဖြည့်ပေးနေတာဖြစ်ပါတယ်။

မန်စီးတီးနောက်ခံလူ လာပေါ့တ်၊ ဇင်ချန်ကိုတို့ဟာ ရီးရဲလ်ဂိုးသမားကော်တွိုက်စ်၊ တောင်ပံကစားသမားဘရာဟမ်ဒီယက်ဇ်တို့နဲ့ သောကြာနေ့ညမှာ ကစားသွားရမှာလည်းဖြစ်ပါတယ်။ ဒီယက်ဇ်ကတော့ ဂိမ်းပြိုင်ပွဲမှာ အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်ရင်ဆိုင်ရ
တာလည်းဖြစ်ပြီး စိတ်ဝင်စားစရာလည်း ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်စံတော်ချိန် ည ၈ နာရီ၊ စပိန်စံတော်ချိန် ည ၉ နာရီမှာ ကစားသွားမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ ယူနီဆက်ဖ်ကို လှူဒါန်းမှုတွေပြုလုပ်သွားဖို့ကိုလည်း ကစားသမားတွေက တိုက်တွန်းပြောဆိုမှုတွေ
ပြုလုပ်သွားဥိးမယ်လို့လည်း သိရပါတယ်။

မန်စီးတီးနဲ့ ရီးရဲလ်တို့ကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို ဘာနေဗျူးမှာ ကစားခဲ့ကြပြီးဖြစ်ပါတယ်။ အဆိုပါပွဲမှာ မန်စီးတီးက အနိုင်ရရှိထားခဲ့ပြီး ဒုတိယအကျော့မကစားခင်မှာပဲ ဗိုင်းရပ်စ်ပြသနာကြောင့် ပွဲတွေကိုရပ်နားထားခဲ့ရပါတယ်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက်
ဘောလုံးလောကအတွင်းကလည်း တတ်စွမ်းသမျှဝိုင်းဝန်းကူညီနေကြတာလည်းဖြစ်ပါတယ်။

မှတ်ချက်များ။