ကစားသမားမ်ားအာရံုစူးစိုက္မႈ နည္းပါးခဲ့တယ္လုိ႔ ေျပာခဲ့တဲ့ ျမန္မာနည္းျပရာဒူလိုဗစ္

After the latest 2 games of World Cup qualifiers, here are ASEAN’s BEST PERFORMERS for each nation

မေန႔က ကစားခဲ့တဲ့ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲမွာ ျမန္မာ့လက္ေရြးစင္အသင္းဟာ ကာဂ်စၥတန္အသင္းကို ၇ ဂိုးျပတ္နဲ႔ အေ၀းကြင္းမွာ အေရးနိမ့္ခဲ့ပါတယ္။ ဒါဟာ ျမန္မာအသင္းအတြက္ေတာ့ ေျခစစ္ပြဲအဆင့္မွာ ၃ ပြဲဆက္တိုက္ အေရးနိမ့္ခဲ့တာျဖစ္ျပီး အုပ္စုတြင္းမွာ ရမွတ္လံုး၀မရရွိေသးပဲ ေအာက္ဆံုးအဆင့္မွာ ရပ္တည္ေနရျပီျဖစ္ပါတယ္။

Southgate has message for Bulgaria president regarding racism

ျမန္မာအသင္းအေနနဲ႔ ေနာက္ဆံုးကစားခဲ့တဲ့ ၃ပြဲမွာ ေပးဂိုး ၁၀ ဂိုးအထိ ခြင့္ျပဳခဲ့ရျပီး သြင္းဂိုးတစ္ဂိုးမွ မသြင္းယူႏိုင္ခဲ့ပဲ ရွိေနခဲ့ပါတယ္။ ရာဒူလိုဗစ္လက္ထက္မွာ ျမန္မာအသင္းရဲ႕ တိုက္စစ္ပိုင္းက ေတာ္ေတာ္ေလးအားနည္းေနခဲ့တာျဖစ္ျပီး သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ ခက္ခဲေနခဲ့ကာ ေျခစစ္ပြဲေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္က ကုန္ဆံုးသြားခဲ့ျပီလည္းျဖစ္ပါတယ္။

ကာဂ်စၥတန္နဲ႔ ပြဲအျပီးမွာေတာ့ နည္းျပရာဒူလိုဗစ္က “ သူတို႔အသင္းက ကၽြန္ေတာ္တို႔ထက္ ပိုေကာင္းတဲ့ အသင္းပါ၊ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အသံုးမခ်ႏိုင္ခဲ့ပါဘူး၊ အသံုးခ်ႏိုင္ခဲ့မယ္ဆိုရင္ ပြဲရလဒ္က ေျပာင္းလဲသြားႏိုင္ပါတယ္၊ ကစားသမားေတြအေနနဲ႔လည္း အာရံုစိုက္မႈ နည္းပါးခဲ့ျပီး ကၽြန္ေတာ့္အေနနဲ႔ အသင္းကို ပံုစံအသစ္နဲ႔ ျပန္လည္တည္ေဆာက္ေနတာပါ၊ ဒီအခ်ိန္မွာေတာ့ ကမၻာ့ဖလားေျခစစ္ပြဲလိုျပိဳင္ပြဲအတြက္ လိုအပ္ခ်က္ေတြ ရွိပါေသးတယ္” လို႔ ေျပာဆိုခဲ့ေၾကာင္း ျမန္မာေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ျမန္မာအသင္းအေနနဲ႔ ကာဂ်စၥတန္နဲ႔ပြဲမွာ ေက်ာ္ကိုကို၊ ေမာင္ေမာင္လြင္တို႔လို အားထားရတဲ့ တုိက္စစ္ကစားသမားေတြ ဒဏ္ရာေၾကာင့္ မပါ၀င္ႏိုင္ခဲ့လို႔ အားနည္းခ်က္ေတြေတာ့ ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ကာဂ်စၥတန္က ျမန္မာအသင္းရဲ႕ ခံစစ္ပိုင္းအားနည္းခ်က္ေတြကို အခြင့္ေကာင္းယူႏိုင္ခဲ့ျပီး အခြင့္အေရးရရွိတိုင္းမွာ အသံုးခ်ႏိုင္ခဲ့လို ၾကီးမားတဲ့ႏိုင္ပြဲတစ္ပြဲကို ရရွိသြားခဲ့ပါတယ္။

Photo : MFF Facebook Page

Unicode

မနေ့က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ကာဂျစ္စတန်အသင်းကို ၇ ဂိုးပြတ်နဲ့ အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ မြန်မာအသင်းအတွက်တော့ ခြေစစ်ပွဲအဆင့်မှာ ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာဖြစ်ပြီး အုပ်စုတွင်းမှာ ရမှတ်လုံးဝမရရှိသေးပဲ အောက်ဆုံးအဆင့်မှာ ရပ်တည်နေရပြီဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲမှာ ပေးဂိုး ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး သွင်းဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပဲ ရှိနေခဲ့ပါတယ်။ ရာဒူလိုဗစ်လက်ထက်မှာ မြန်မာအသင်းရဲ့ တိုက်စစ်ပိုင်းက တော်တော်လေးအားနည်းနေခဲ့တာဖြစ်ပြီး သွင်းဂိုးတွေကို မြင်တွေ့ရဖို့ ခက်ခဲနေခဲ့ကာ ခြေစစ်ပွဲနောက်တဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်က ကုန်ဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ကာဂျစ္စတန်နဲ့ ပွဲအပြီးမှာတော့ နည်းပြရာဒူလိုဗစ်က “ သူတို့အသင်းက ကျွန်တော်တို့ထက် ပိုကောင်းတဲ့ အသင်းပါ၊ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး၊ အသုံးချနိုင်ခဲ့မယ်ဆိုရင် ပွဲရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်၊ ကစားသမားတွေအနေနဲ့လည်း အာရုံစိုက်မှု နည်းပါးခဲ့ပြီး ကျွန်တော့်အနေနဲ့ အသင်းကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်နေတာပါ၊ ဒီအချိန်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲလိုပြိုင်ပွဲအတွက် လိုအပ်ချက်တွေ ရှိပါသေးတယ်” လို့ ပြောဆိုခဲ့ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

မြန်မာအသင်းအနေနဲ့ ကာဂျစ္စတန်နဲ့ပွဲမှာ ကျော်ကိုကို၊ မောင်မောင်လွင်တို့လို အားထားရတဲ့ တိုက်စစ်ကစားသမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့လို့ အားနည်းချက်တွေတော့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ကာဂျစ္စတန်က မြန်မာအသင်းရဲ့ ခံစစ်ပိုင်းအားနည်းချက်တွေကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး အခွင့်အရေးရရှိတိုင်းမှာ အသုံးချနိုင်ခဲ့လို ကြီးမားတဲ့နိုင်ပွဲတစ်ပွဲကို ရရှိသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။