ရာဒူလိုဗစ္လက္ထဲက ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ ကံၾကမၼာ…

After the latest 2 games of World Cup qualifiers, here are ASEAN’s BEST PERFORMERS for each nation

ျမန္မာရံႈးျပန္ျပီ။ ဒါက ပရိသတ္ေတြအတြက္ေတာ့ အဆန္းတၾကယ္မဟုတ္ေတာ့တဲ့ ရလဒ္မ်ိဳးျဖစ္ေနပါတယ္။ ဒါေပမယ့္ ကာဂ်စၥတန္ကို ၇ ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့အေပၚမွာ ျမန္မာအသင္းပရိသတ္ေတြရဲ႕ စိတ္ခံစားခ်က္က ေတာ္ေတာ္ေလးျပင္းထန္ေနျပီး အခုလိုအရွက္တကြဲ
အေရးနိမ့္ခဲ့တဲ့အေပၚမွာလည္း ယူက်ံဳးမရျဖစ္ေနၾကပါတယ္။ ျမန္မာအသင္းအေနနဲ႔ ၂၀၂၀ ကမၻာ့ဖလားေျခစစ္ပြဲေတြကို ၃ ပြဲကစားခဲ့ရာမွာ ၃ပြဲစလံုးအေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ မြန္ဂိုလီးယား၊ ဂ်ပန္နဲ႔ အခု ကာဂ်စၥတန္ကို ဆက္တိုက္ရံႈးခဲ့တာျဖစ္ပါတယ္။ ပိုျပီးဆိုးတာက အဲဒီ ၃ပြဲမွာ သြင္းဂိုးတစ္ဂိုးမွ မရွိပဲ ေပးဂိုးက ၁၀ ဂိုးအထိ ရွိေနတာပါပဲ။

Southgate has message for Bulgaria president regarding racism

 

ကာဂ်စၥတန္နဲ႔ပြဲမွာဆိုရင္ ျပိဳင္ဘက္အသင္းက ဂိုးေတြကို အလြယ္တကူသြင္းသြားခဲ့တာပါ။ ျမန္မာအသင္းရဲ႕ အားနည္းခ်က္ေတြကို ထိထိမိမိအသံုးခ်သြားခဲ့ျပီး အခြင့္အေရးရတိုင္းမွာ ဂိုးေတြသြင္းခဲ့တာလည္းျဖစ္ပါတယ္။ သူတို႔ရရွိခဲ့တဲ့ ဂိုးေတြကို ၾကည့္မယ္ဆိုရင္ ဘယ္လိုပရိယာယ္မ်ိဳးမွ မရွိခဲ့ပဲနဲ႔ လြယ္လြယ္ကူကူ၊ ရိုးရိုးရွင္းရွင္းပဲ သြင္းသြားခဲ့တာပါ။ ျမန္မာအသင္းကေတာ့ အေ၀းကြင္းမွာ ေခ်ပဂိုးေလးတစ္ဂိုးေတာင္ မရခဲ့ပဲ ဆိုး၀ါးတဲ့ရလဒ္တစ္ခုနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ဒီပြဲရလဒ္က ဒီဘက္ႏွစ္ေတြမွာ ျမန္မာအသင္းအတြက္ အၾကီးမားဆံုးရံႈးပြဲတစ္ခုလည္းျဖစ္ျပီး လက္ေရြးစင္အသင္းၾကီးရဲ႕ ေျခစြမ္း၊ ျမန္မာ့ေဘာလံုးအဆင့္အတန္းက ေတာ္ေတာ္ေလးကို နိမ့္က်ေနျပီလားဆိုတဲ့ ေမးခြန္းေတြကိုပါ ထြက္ေပၚလာေစခဲ့ပါတယ္။

ျမန္မာအသင္းက ဒီပြဲမကစားခင္ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲေပါင္း ၇ ပြဲမွာ သြင္းဂိုးက ၂ဂိုးပဲ ရွိခဲ့ပါတယ္။ အဲဒီသြင္းဂိုးေတြက စင္ကာပူနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာရရွိခဲ့တာျဖစ္ျပီး ေက်ာ္ကိုကိုတစ္ဦးတည္းက သြင္းယူခဲ့တာပါ။ ရာဒူလိုဗစ္လက္ထက္မွာ ျမန္မာ့လက္ေရြးစင္အသင္းအတြက္ ရွားရွားပါးပါးႏိုင္ပြဲလို႔လည္း ဆိုရမွာျဖစ္ျပီး စင္ကာပူကို အႏိုင္ရခဲ့ျပီးေနာက္ ျမန္မာအသင္းက ႏိုင္ပြဲကင္းမဲ့ေနပါတယ္။ မြန္ဂိုလီးယားလိုအသင္းကိုေတာင္မွ အေရးနိမ့္ခဲ့ျပီး ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ ဂ်ပန္ကို ရံႈးနိမ့္ခဲ့တာကို ဘယ္သူကမွ အျပစ္မျမင္ၾကဘဲ ေျခစြမ္းအဆင့္အတန္း ကြာဟခ်က္ေၾကာင့္လို႔ လက္ခံခဲ့ပါတယ္။ ဒါေပမယ့္ ကာဂ်စၥတန္ကို ဂိုးျပတ္ရံႈးနိမ့္တာ၊ မြန္ဂိုလီးယားကို အေရးနိမ့္ခဲ့တာေတြအတြက္ေတာ့ ေမးခြန္းေတြရွိေနခဲ့ပါတယ္။

ပြဲအျပီးမွာ ရာဒူလိုဗစ္က ကစားသမားေတြ အာရံုစိုက္မႈနည္းပါးခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ျမန္မာအသင္းရဲ႕ လက္ရွိအေနအထားကလည္း ကမၻာ့ဖလားေျခစစ္ပြဲလို ျပိဳင္ပြဲမ်ိဳးအတြက္ လိုအပ္ေနေသးတယ္ဆိုတာကို ေျပာဆိုခဲ့ပါတယ္။ ဒါက ေကာင္းတဲ့အလားအလာေတာ့
မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ လက္ရွိျမန္မာအသင္းမွာ ေရြးခ်ယ္ထားတဲ့ ကစားသမားေတြက ျမန္မာျပည္ရဲ႕အေကာင္းဆံုးလို႔ သတ္မွတ္ရမယ့္ ကစားသမားေတြျဖစ္ေနလို႔ပါ။ ဒီကစားသမား၊ အစုအဖြဲ႕မွာ လိုအပ္ခ်က္ေတြရွိေနေသးတယ္ဆိုတာက ေတာ္ေတာ္ေလးေတာ့ စိတ္ပ်က္ဖို႔ေကာင္းပါတယ္။ ဒီကစားသမားေတြက ျပည္တြင္းပြဲေတြမွာ အျမဲတမ္းရင္ဆိုင္ေနရသူေတြျဖစ္ျပီး ႏွစ္ရွည္လမ်ား ပူးေပါင္းကစားခဲ့သူေတြျဖစ္ပါတယ္။ ဒီလိုအစုအဖြဲ႕မွာ လိုအပ္ခ်က္ေတြရွိေနေသးတယ္ဆိုတာက ကစားသမားေတြရဲ႕ တိုးတက္ႏိုင္စြမ္း၊ နားလည္ႏိုင္စြမ္းနဲ႔ သင္ယူႏိုင္စြမ္းေတြက နည္းပါးေနတယ္ဆိုတာကို မီးေမာင္းထုိးျပသြားတာပါပဲ။

မ်ိဳးဆက္သစ္ကစားသမားေတြရွားပါးေနမႈနဲ႔အတူ လက္ေရြးစင္အသင္းအတြက္ အေထာက္အကူေပးႏိုင္မယ့္ ကစားသမားေတြကို လိုအပ္ေနျပီလည္းျဖစ္ပါတယ္။ ရွိရင္းစြဲကစားသမားေတြဆီက ေမွ်ာ္လင့္ႏိုင္တာက မရွိသေလာက္ျဖစ္ေနျပီလို႔လည္း ခံစားလိုက္ရပါတယ္။ ကာဂ်စၥတန္နဲ႔ပြဲမွာ ျမန္မာအသင္းကစားပံုက အေပ်ာ္တမ္းအသင္းတစ္သင္းပံုစံမ်ိဳးျဖစ္ေနခဲ့ျပီး လက္ေရြးစင္အသင္းတစ္သင္းရဲ႕ အဆင့္အတန္းမ်ိဳးမွာ ရွိမေနခဲ့ပါဘူး။ ေျခစြမ္းပိုင္း၊ စိတ္ဓာတ္ပိုင္းကအစ ေတာ္ေတာ္ေလးကို က်ဆင္းေနခဲ့တာျဖစ္ျပီး ဒီအေျခအေနေတြကို ရာဒူလိုဗစ္ ဘယ္လိုကုစားေပးႏိုင္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

Photo: MFF Facebook Page

Unicode

မြန်မာရှုံးပြန်ပြီ။ ဒါက ပရိသတ်တွေအတွက်တော့ အဆန်းတကြယ်မဟုတ်တော့တဲ့ ရလဒ်မျိုးဖြစ်နေပါတယ်။ ဒါပေမယ့် ကာဂျစ္စတန်ကို ၇ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့အပေါ်မှာ မြန်မာအသင်းပရိသတ်တွေရဲ့ စိတ်ခံစားချက်က တော်တော်လေးပြင်းထန်နေပြီး အခုလိုအရှက်တကွဲ
အရေးနိမ့်ခဲ့တဲ့အပေါ်မှာလည်း ယူကျုံးမရဖြစ်နေကြပါတယ်။ မြန်မာအသင်းအနေနဲ့ ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ၃ ပွဲကစားခဲ့ရာမှာ ၃ပွဲစလုံးအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မွန်ဂိုလီးယား၊ ဂျပန်နဲ့ အခု ကာဂျစ္စတန်ကို ဆက်တိုက်ရှုံးခဲ့တာဖြစ်ပါတယ်။ ပိုပြီးဆိုးတာက အဲဒီ ၃ပွဲမှာ သွင်းဂိုးတစ်ဂိုးမှ မရှိပဲ ပေးဂိုးက ၁၀ ဂိုးအထိ ရှိနေတာပါပဲ။

ကာဂျစ္စတန်နဲ့ပွဲမှာဆိုရင် ပြိုင်ဘက်အသင်းက ဂိုးတွေကို အလွယ်တကူသွင်းသွားခဲ့တာပါ။ မြန်မာအသင်းရဲ့ အားနည်းချက်တွေကို ထိထိမိမိအသုံးချသွားခဲ့ပြီး အခွင့်အရေးရတိုင်းမှာ ဂိုးတွေသွင်းခဲ့တာလည်းဖြစ်ပါတယ်။ သူတို့ရရှိခဲ့တဲ့ ဂိုးတွေကို ကြည့်မယ်ဆိုရင် ဘယ်လိုပရိယာယ်မျိုးမှ မရှိခဲ့ပဲနဲ့ လွယ်လွယ်ကူကူ၊ ရိုးရိုးရှင်းရှင်းပဲ သွင်းသွားခဲ့တာပါ။ မြန်မာအသင်းကတော့ အဝေးကွင်းမှာ ချေပဂိုးလေးတစ်ဂိုးတောင် မရခဲ့ပဲ ဆိုးဝါးတဲ့ရလဒ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီပွဲရလဒ်က ဒီဘက်နှစ်တွေမှာ မြန်မာအသင်းအတွက် အကြီးမားဆုံးရှုံးပွဲတစ်ခုလည်းဖြစ်ပြီး လက်ရွေးစင်အသင်းကြီးရဲ့ ခြေစွမ်း၊ မြန်မာ့ဘောလုံးအဆင့်အတန်းက တော်တော်လေးကို နိမ့်ကျနေပြီလားဆိုတဲ့ မေးခွန်းတွေကိုပါ ထွက်ပေါ်လာစေခဲ့ပါတယ်။

မြန်မာအသင်းက ဒီပွဲမကစားခင် နောက်ဆုံးကစားခဲ့တဲ့ ပွဲပေါင်း ၇ ပွဲမှာ သွင်းဂိုးက ၂ဂိုးပဲ ရှိခဲ့ပါတယ်။ အဲဒီသွင်းဂိုးတွေက စင်ကာပူနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာရရှိခဲ့တာဖြစ်ပြီး ကျော်ကိုကိုတစ်ဦးတည်းက သွင်းယူခဲ့တာပါ။ ရာဒူလိုဗစ်လက်ထက်မှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ရှားရှားပါးပါးနိုင်ပွဲလို့လည်း ဆိုရမှာဖြစ်ပြီး စင်ကာပူကို အနိုင်ရခဲ့ပြီးနောက် မြန်မာအသင်းက နိုင်ပွဲကင်းမဲ့နေပါတယ်။ မွန်ဂိုလီးယားလိုအသင်းကိုတောင်မှ အရေးနိမ့်ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဂျပန်ကို ရှုံးနိမ့်ခဲ့တာကို ဘယ်သူကမှ အပြစ်မမြင်ကြဘဲ ခြေစွမ်းအဆင့်အတန်း ကွာဟချက်ကြောင့်လို့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကာဂျစ္စတန်ကို ဂိုးပြတ်ရှုံးနိမ့်တာ၊ မွန်ဂိုလီးယားကို အရေးနိမ့်ခဲ့တာတွေအတွက်တော့ မေးခွန်းတွေရှိနေခဲ့ပါတယ်။

ပွဲအပြီးမှာ ရာဒူလိုဗစ်က ကစားသမားတွေ အာရုံစိုက်မှုနည်းပါးခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ မြန်မာအသင်းရဲ့ လက်ရှိအနေအထားကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲလို ပြိုင်ပွဲမျိုးအတွက် လိုအပ်နေသေးတယ်ဆိုတာကို ပြောဆိုခဲ့ပါတယ်။ ဒါက ကောင်းတဲ့အလားအလာတော့
မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိမြန်မာအသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေက မြန်မာပြည်ရဲ့အကောင်းဆုံးလို့ သတ်မှတ်ရမယ့် ကစားသမားတွေဖြစ်နေလို့ပါ။ ဒီကစားသမား၊ အစုအဖွဲ့မှာ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာက တော်တော်လေးတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီကစားသမားတွေက ပြည်တွင်းပွဲတွေမှာ အမြဲတမ်းရင်ဆိုင်နေရသူတွေဖြစ်ပြီး နှစ်ရှည်လများ ပူးပေါင်းကစားခဲ့သူတွေဖြစ်ပါတယ်။ ဒီလိုအစုအဖွဲ့မှာ လိုအပ်ချက်တွေရှိနေသေးတယ်ဆိုတာက ကစားသမားတွေရဲ့ တိုးတက်နိုင်စွမ်း၊ နားလည်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းတွေက နည်းပါးနေတယ်ဆိုတာကို မီးမောင်းထိုးပြသွားတာပါပဲ။

မျိုးဆက်သစ်ကစားသမားတွေရှားပါးနေမှုနဲ့အတူ လက်ရွေးစင်အသင်းအတွက် အထောက်အကူပေးနိုင်မယ့် ကစားသမားတွေကို လိုအပ်နေပြီလည်းဖြစ်ပါတယ်။ ရှိရင်းစွဲကစားသမားတွေဆီက မျှော်လင့်နိုင်တာက မရှိသလောက်ဖြစ်နေပြီလို့လည်း ခံစားလိုက်ရပါတယ်။ ကာဂျစ္စတန်နဲ့ပွဲမှာ မြန်မာအသင်းကစားပုံက အပျော်တမ်းအသင်းတစ်သင်းပုံစံမျိုးဖြစ်နေခဲ့ပြီး လက်ရွေးစင်အသင်းတစ်သင်းရဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေခဲ့ပါဘူး။ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းကအစ တော်တော်လေးကို ကျဆင်းနေခဲ့တာဖြစ်ပြီး ဒီအခြေအနေတွေကို ရာဒူလိုဗစ် ဘယ်လိုကုစားပေးနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ။

မွတ္ခ်က္မ်ား။