သမိုင္း၀င္ကမၻာ့ဖလားေျခစစ္ပြဲမွာ တစ္မွတ္စီခြဲယူခဲ့ၾကတဲ့ ေျမာက္ နဲ႔ ေတာင္ကိုရီးယား

After the latest 2 games of World Cup qualifiers, here are ASEAN’s BEST PERFORMERS for each nation

အဂၤါေန႔က ကစားခဲ့တဲ့ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ကမၻာ့ဖလားေျခစစ္ပြဲစဥ္က ဂိုးမရွိသေရနဲ႔ ျပီးဆံုးသြားခဲ့ပါတယ္။ ပရိသတ္တစ္ဦးမွ မရွိတဲ့ ဒီပြဲဟာ ေတာင္နဲ႔ ေျမာက္ ႏွစ္ႏိုင္ငံၾကားမွာ သမုိင္း၀င္မယ့္ ရမွတ္တစ္မွတ္စီကို ခြဲယူသြားခဲ့ၾကပါတယ္။ ၁၉၉၀ ျပည့္ႏွစ္မွာ ေတာင္ကိုရီးယားက ႏွစ္ႏိုင္ငံနယ္နိမိတ္ကို ေက်ာ္လြန္ျပီး ေျမာက္ကိုရီးယားနဲ႔ ေျခစမ္းပြဲကစားခဲ့ပါတယ္။

‘We need to chase the nightmare away’ – Claudio Ranieri at Sampdoria

အဲဒီေနာက္ပိုင္းမွာ ေတာင္နဲ႔ေျမာက္ အသင္းႏွစ္သင္းက အခုမွ ျပန္လည္ရင္ဆိုင္ခဲ့ၾကရတာျဖစ္ပါတယ္။ ႏွစ္ႏိုင္ငံၾကား ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ဒီပြဲအေပၚစိတ္၀င္စားမႈျမင့္တက္ခဲ့ၾကျပီး ႏွစ္သင္းစလံုးကအႏိုင္ရဖို႔ အားထုတ္ခဲ့ေပမယ့္လည္း တစ္ဖက္နဲ႔တစ္ဖက္ဂိုးမသြင္းႏိုင္ခဲ့ပဲ သေရတစ္မွတ္စီ ခြဲယူသြားခဲ့ၾကပါတယ္။

ဒီပြဲကို ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌအင္ဖာတီႏိုတက္ေရာက္ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အင္ဖာတီႏို လာေရာက္ၾကည့္ရႈတဲ့ ပံုရိပ္ေတြက အခ်ိန္ေနာက္က်ျပီးမ်သာ ထြက္ေပၚလာခဲ့ျပီး ကိုရီးယားႏွစ္ႏိုင္ငံရဲ႕ ပြဲစဥ္ဟာ ပရိသတ္ကင္းမဲ့ျပီး ေျခာက္ေသြ႕ေနခဲ့တာကို
ေတြ႕ျမင္ခဲ့ၾကရကာ ေဘာလံုးပြဲတစ္ပြဲရဲ႕ သြင္ျပင္ေတြေပ်ာက္ဆံုးေနခဲ့ရပါတယ္။

ေတာင္ကိုရီးယားအသင္းမွာ နာမည္ေက်ာ္ၾကယ္ပြင့္ ဆြန္ေဟာင္မင္ပါ၀င္ကစားခဲ့ပါတယ္။ ဒီပြဲသေရက်ခဲ့တဲ့အတြက္ အုပ္စုတြင္းမွာ ၃ပြဲစီကစားအျပီး ရမွတ္ ၇ မွတ္စီရရွိကာ အမွတ္တူနဲ႔ဦးေဆာင္ေနခဲ့ပါတယ္။ ေျမာက္ကိုရီးယားရဲ႕ အိမ္ကြင္းမွာ ကစားခ့ဲရျပီးေနာက္ ေတာင္ကိုရီးယားအိမ္ကြင္းပြဲအျဖစ္ ၂၀၂၀ ခုႏွစ္၊ ဇြန္လအတြင္းမွာ ကစားသြားရဦးမွာျဖစ္ပါတယ္။

Unicode

အင်္ဂါနေ့က ကစားခဲ့တဲ့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်က ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ပရိသတ်တစ်ဦးမှ မရှိတဲ့ ဒီပွဲဟာ တောင်နဲ့ မြောက် နှစ်နိုင်ငံကြားမှာ သမိုင်းဝင်မယ့် ရမှတ်တစ်မှတ်စီကို ခွဲယူသွားခဲ့ကြပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ တောင်ကိုရီးယားက နှစ်နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး မြောက်ကိုရီးယားနဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ တောင်နဲ့မြောက် အသင်းနှစ်သင်းက အခုမှ ပြန်လည်ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။ နှစ်နိုင်ငံကြား နိုင်ငံရေးအခြေအနေတွေကြောင့် ဒီပွဲအပေါ်စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြပြီး နှစ်သင်းစလုံးကအနိုင်ရဖို့ အားထုတ်ခဲ့ပေမယ့်လည်း တစ်ဖက်နဲ့တစ်ဖက်ဂိုးမသွင်းနိုင်ခဲ့ပဲ သရေတစ်မှတ်စီ ခွဲယူသွားခဲ့ကြပါတယ်။

ဒီပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအင်ဖာတီနိုတက်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အင်ဖာတီနို လာရောက်ကြည့်ရှုတဲ့ ပုံရိပ်တွေက အချိန်နောက်ကျပြီးမျသာ ထွက်ပေါ်လာခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံရဲ့ ပွဲစဉ်ဟာ ပရိသတ်ကင်းမဲ့ပြီး ခြောက်သွေ့နေခဲ့တာကို
တွေ့မြင်ခဲ့ကြရကာ ဘောလုံးပွဲတစ်ပွဲရဲ့ သွင်ပြင်တွေပျောက်ဆုံးနေခဲ့ရပါတယ်။

တောင်ကိုရီးယားအသင်းမှာ နာမည်ကျော်ကြယ်ပွင့် ဆွန်ဟောင်မင်ပါဝင်ကစားခဲ့ပါတယ်။ ဒီပွဲသရေကျခဲ့တဲ့အတွက် အုပ်စုတွင်းမှာ ၃ပွဲစီကစားအပြီး ရမှတ် ၇ မှတ်စီရရှိကာ အမှတ်တူနဲ့ဦးဆောင်နေခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရပြီးနောက် တောင်ကိုရီးယားအိမ်ကွင်းပွဲအဖြစ် ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်းမှာ ကစားသွားရဦးမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။