၂၀၂၂ ကမၻာ့ဖလားျပိဳင္ပြဲရဲ႕ ေျခစစ္ပြဲအျဖစ္ ဒီေန႔ညေနမွာ ျမန္မာအသင္းနဲ႔ တာဂ်စ္ကစၥတန္အသင္းတို႔ မႏၱေလးျမိဳ႕မွာ ယွဥ္ျပိဳင္ကစားခဲ့ၾကပါတယ္။ ဒီပြဲဟာ တစ္ေက်ာ့ျပန္နည္းျပ အန္တိုနီေဟးအတြက္ လက္ေရြးစင္အသင္းပြဲဦးထြက္ပြဲစဥ္လည္းျဖစ္ခဲ့ျပီး ရာဂ်ဴလုိဗစ္လက္ထက္မွာ ဂိုးေပါက္ေပ်ာက္ေနခဲ့တဲ့ ျမန္မာအသင္းဟာ သြင္းဂိုးအမ်ားအျပားအထိ ရရွိခဲ့ပါတယ္။
Saudis, UAE, Bahrain to compete at Gulf Cup
ျမန္မာအသင္းဟာ အိမ္ကြင္းအားသာခ်က္ေၾကာင့္ တာဂ်စ္ကစၥတန္ကို အသာစီးကေန ကစားႏိုင္ခဲ့ျပီး ဦးေဆာင္ဂိုးေတြလည္းရရွိခဲ့ပါတယ္။ ျမန္မာအသင္းရဲ႕ ကစားဟန္နဲ႔ ကစားကြက္ေတြကလည္း အေျပာင္းအလဲျဖစ္ေနခဲ့ျပီး ပိုမိုေကာင္းမြန္တဲ့ အေနအထားတစ္ခုကို ျမင္ေတြ႔ခဲ့ရတယ္လို႔လည္း ခံစားမိခဲ့ရျပီး သြင္းဂိုးေတြအတြက္လည္း စိတ္ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။
ျမန္မာအသင္းအတြက္ ေဆာင္လမန္က ႏွစ္ဂိုး၊ ေအာင္သူ နဲ႔ ေမာင္ေမာင္လြင္တို႔က တစ္ဂိုးစီသြင္းယူခဲ့ၾကပါတယ္။ ျမန္မာအသင္းဟာ ၃-၁၊ ၄-၂ အေနအထားေတြကေန ၄-၃ ဆိုတဲ့ ရလဒ္ထိ ျဖစ္ေနခဲ့ျပီး အႏိုင္ရဖို႔အတြက္ မႏၱလာသီရိကြင္းမွာ အားစိုက္ခဲ့ရပါတယ္။ အုပ္စုပြဲစဥ္ သံုးပြဲကစားအျပီးမွာ ရမွတ္လံုး၀မရရွိထားသလို သြင္းဂိုးလည္းမရထားတာမို႔ ဒီေန႔ပြဲကို ျမန္မာအသင္းက အားစိုက္ခဲ့တာကိုလည္း ေတြ႔ခဲ့ရပါတယ္။
တစ္ေက်ာ့ျပန္နည္းျပအန္တိုနီေဟးကေတာ့ သူ႔ရဲ႕ပြဲဦးထြက္မွာပဲ ရလဒ္ေကာင္းတစ္ခုကို ပိုင္ဆိုင္ခဲ့ပါတယ္။ သြင္းဂိုးေပ်ာက္ဆံုးေနတာၾကာျမင့္ေနျပီျဖစ္တဲ့ ျမန္မာအသင္းဟာ ေလးဂိုးအထိ ရယူႏိုင္ခဲ့ေပမယ့္ ခံစစ္ပိုင္းက မလိုအပ္တဲ့အမွားေတြကို ဆက္လက္ျပဳျပင္ရဦးမွာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အန္တိုနီေဟးရဲ႕ ျမန္မာ့လက္ေရြးစင္အသင္းရဲ႕ တစ္ေက်ာ့ျပန္နည္းျပဘ၀ကေတာ့ တာထြက္ေကာင္သြားခဲ့ျပီလည္း ျဖစ္ပါတယ္။
Unicode
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဖြစ် ဒီနေ့ညနေမှာ မြန်မာအသင်းနဲ့ တာဂျစ်ကစ္စတန်အသင်းတို့ မန္တလေးမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲဟာ တစ်ကျော့ပြန်နည်းပြ အန်တိုနီဟေးအတွက် လက်ရွေးစင်အသင်းပွဲဦးထွက်ပွဲစဉ်လည်းဖြစ်ခဲ့ပြီး ရာဂျူလိုဗစ်လက်ထက်မှာ ဂိုးပေါက်ပျောက်နေခဲ့တဲ့ မြန်မာအသင်းဟာ သွင်းဂိုးအများအပြားအထိ ရရှိခဲ့ပါတယ်။
မြန်မာအသင်းဟာ အိမ်ကွင်းအားသာချက်ကြောင့် တာဂျစ်ကစ္စတန်ကို အသာစီးကနေ ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးတွေလည်းရရှိခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ကစားဟန်နဲ့ ကစားကွက်တွေကလည်း အပြောင်းအလဲဖြစ်နေခဲ့ပြီး ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ခုကို မြင်တွေ့ခဲ့ရတယ်လို့လည်း ခံစားမိခဲ့ရပြီး သွင်းဂိုးတွေအတွက်လည်း စိတ်ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။
မြန်မာအသင်းအတွက် ဆောင်လမန်က နှစ်ဂိုး၊ အောင်သူ နဲ့ မောင်မောင်လွင်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။ မြန်မာအသင်းဟာ ၃-၁၊ ၄-၂ အနေအထားတွေကနေ ၄-၃ ဆိုတဲ့ ရလဒ်ထိ ဖြစ်နေခဲ့ပြီး အနိုင်ရဖို့အတွက် မန္တလာသီရိကွင်းမှာ အားစိုက်ခဲ့ရပါတယ်။ အုပ်စုပွဲစဉ် သုံးပွဲကစားအပြီးမှာ ရမှတ်လုံးဝမရရှိထားသလို သွင်းဂိုးလည်းမရထားတာမို့ ဒီနေ့ပွဲကို မြန်မာအသင်းက အားစိုက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
တစ်ကျော့ပြန်နည်းပြအန်တိုနီဟေးကတော့ သူ့ရဲ့ပွဲဦးထွက်မှာပဲ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ သွင်းဂိုးပျောက်ဆုံးနေတာကြာမြင့်နေပြီဖြစ်တဲ့ မြန်မာအသင်းဟာ လေးဂိုးအထိ ရယူနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းက မလိုအပ်တဲ့အမှားတွေကို ဆက်လက်ပြုပြင်ရဦးမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အန်တိုနီဟေးရဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ တစ်ကျော့ပြန်နည်းပြဘဝကတော့ တာထွက်ကောင်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။