ျမန္မာအသင္းနဲ႔အတူ တာထြက္လွခဲ့တဲ့ အန္တိုနီေဟးရဲ႕ တစ္ေက်ာ့ျပန္ခရီး

After the latest 2 games of World Cup qualifiers, here are ASEAN’s BEST PERFORMERS for each nation

မစၥတာအန္တိုနီေဟးကေတာ့ သူ႔ရဲ႕တစ္ေက်ာ့ျပန္လက္ေရြးစင္နည္းျပဘ၀ကို ႏိုင္ပြဲနဲ႔အတူ ဖြင့္လိုက္ပါျပီ။ ကမၻာ့ဖလား၊အာရွေျခစစ္ပြဲမွာ ၃ပြဲကစားအျပီး တစ္ပြဲမွ မႏိုင္ထားသလို သြင္းဂိုးလည္းတစ္ဂိုးမွ မရွိေသးတဲ့ ျမန္မာအသင္းက မႏၱလာသီရိမွာကစားခဲ့တဲ့ တာဂ်စ္ကစၥတန္နဲ႔ပြဲမွာ ၄ဂိုးအထိ သြင္းယူႏိုင္ခဲ့သလို ႏိုင္ပြဲလည္းရသြားခဲ့တာပါ။ ဒီႏိုင္ပြဲအတြက္ ျမန္မာေဘာလံုးပရိသတ္ေတြ ေတာ္ေတာ္ေလး၀မ္းေျမာက္၀မ္းသာျဖစ္ခဲ့ၾကျပီး အန္တိုနီေဟးအေပၚလည္း အရင္ထက္ပိုျပီးေတာ့ ယံုၾကည္ကိုးစားလာခဲ့ပါျပီ။

England players ‘disappointed’ in fans over Gomez booing

မစၥတာေဟးက ဆူဇူကီးျပိဳင္ပြဲမွာ ျမန္မာအသင္းကို အုပ္စုအဆင့္ကလြန္ေျမာက္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့လို႔ လမ္းခြဲခဲ့ရသူပါ။ သူ႔ေနရာအတြက္ ရာဒူလိုဗစ္ကို အစားထိုးခန္႔အပ္ခဲ့ေပမယ့္ စင္ကာပူနဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲကလြဲျပီး က်န္ပြဲအားလံုးမွာ ျမန္မာက ဂိုးေပါက္ေပ်ာက္ခဲ့သလို ရံႈးပြဲေတြပါ ဆက္တိုက္ေတြ႔ခဲ့ရပါတယ္။ ဒီအတြက္ အန္တိုနီေဟးကို ေနာက္တစ္ၾကိမ္ခန္႔အပ္ျပီး လက္ေရြးစင္အသင္းကို ကိုင္တြယ္ေစခဲ့တာပါ။ အန္တိုနီေဟးကေတာ့ ရွစ္လေလာက္ သူ ကိုင္တြယ္ခဲ့ဖူးတဲ့ အသင္းကို တစ္ေက်ာ့ျပန္ေရာက္လာလာခ်င္းမွာ လူစာရင္းပိုင္း အေျပာင္းအလဲေတြလုပ္ခဲ့ျပီး ျပင္ဆင္ခဲ့ပါတယ္။

တာဂ်စ္ကစၥတန္နဲ႔ပြဲက အန္တိုနီေဟးရဲ႕ တစ္ေက်ာ့ျပန္နည္းျပဘ၀ ပထမဆံုးပြဲပါ။ ဒီပြဲအတြက္ ေက်ာ္ကိုကိုက ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရသလို ဘယ္အစြန္ေနာက္ခံလူေတြျဖစ္တဲ့ နႏၵေက်ာ္၊ သိန္းသန္း၀င္းတို႔လည္း ဒဏ္ရာရေနခဲ့ပါတယ္။ အဲဒီအတြက္ ေက်ာ္ဇင္လြင္လို ညာအစြန္ခံစစ္ကစားသမားကို ဘယ္အစြန္မွာအသံုးျပဳခဲ့ရပါတယ္။ ေဆာင္လမန္၊ မ်ိဳးကိုထြန္းတို႔ကို ေနရာေပးခဲ့ျပီး ေဆာင္လမန္က ၂ဂိုးသြင္းကာ ေျခစြမ္းျပခဲ့ပါတယ္။ အဓိကကစားသမားေတြျဖစ္တဲ့ ေအာင္သူ နဲ႔ ေမာင္ေမာင္လြင္တို႔လည္း ဂိုးေပါက္ေတြ႔ခဲ့ျပီး ျမန္မာအသင္းရခဲ့တဲ့ သြင္းဂိုးေတြက ထိုက္ထိုက္တန္တန္ရခဲ့တယ္လို႔ပဲ ဆိုရမွာပါ။

အရင္ကတည္းက ပရိသတ္ေတြက အန္တိုနီေဟးရဲ႕ ပြဲၾကိဳျပင္ဆင္မႈ၊ စကားအေျပာဆိုတည္ျငိမ္မႈေတြအေပၚမွာ သေဘာက်ေနႏွင့္ျပီးသားပါ။ ဒီအတြက္ သူ ျပန္ေရာက္လာတဲ့အေပၚမွာ ၾကိဳဆိုခဲ့ၾကသလို အန္တိုနီေဟးကလည္း ပရိသတ္အတြက္ ႏိုင္ပြဲရွာေပးႏိုင္ခဲ့ပါတယ္။ ဆူဇူကီးျပိဳင္ပြဲမွာ ကေမၻာဒီးယားကို ၄-၁ နဲ႔ အႏိုင္ရတုန္းကလည္း မႏၱလာသီရိကြင္းမွာကစားခဲ့တာျဖစ္သလို တာဂ်စ္ကစၥတန္နဲ႔ပြဲကလည္း မႏၱလာသီရိမွာပဲကစားခဲ့တာမို႔ အန္တိုနီေဟးနဲ႔ မႏၱလာသီရိကြင္းက ကံစပ္ေနသလားေတာင္ထင္ရပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ႏိုင္ပြဲျပန္ရခဲ့လို႔ ေရွ႕ဆက္ရမယ့္ခရီးအတြက္ေတာ့ အားတက္စရာပါပဲ။

ဒီႏိုင္ပြဲက ရမွတ္ေတြထက္စာရင္ ဂိုးေပါက္ျပန္ေတြ႔တာ၊ စိတ္ဓာတ္ပိုင္းတက္လာႏိုင္တာေတြက ပိုျပိးအက်ိဳးေက်းဇူးမ်ားပါတယ္။ ကစားသမားေတြအားလံုးလည္း ကိုယ္စီတာ၀န္ေက်ခဲ့သလို မျဖစ္မေနႏိုင္ပြဲယူျပရမယ့္အခ်ိန္မွာ ႏိုင္ပြဲရေအာင္ ယူႏိုင္ခဲ့လို႔လည္း ပရိသတ္ရဲ႕ အသိ
အမွတ္ျပဳမႈကို ရရွိခဲ့ပါတယ္။ ၾကိဳးစားမႈရဲ႕ ရလဒ္အျဖစ္ ဒီလိုအသိအမွတ္ျပဳခံရတာျဖစ္ျပီး ကိုယ္စီကိုယ္ငွတာ၀န္ေက်ခဲ့တဲ့ ႏိုင္ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။ ဒီႏိုင္ပြဲကေန အစျပဳျပီး အန္တိုနီေဟးရဲ႕ ေရွ႕ဆက္ရမယ့္ခရီးလမ္းက ပိုျပီးေျဖာင့္ျဖဴးပါေစလို႔လည္း ေမွ်ာ္လင့္မိပါတယ္။

Unicode

မစ္စတာအန်တိုနီဟေးကတော့ သူ့ရဲ့တစ်ကျော့ပြန်လက်ရွေးစင်နည်းပြဘဝကို နိုင်ပွဲနဲ့အတူ ဖွင့်လိုက်ပါပြီ။ ကမ္ဘာ့ဖလား၊အာရှခြေစစ်ပွဲမှာ ၃ပွဲကစားအပြီး တစ်ပွဲမှ မနိုင်ထားသလို သွင်းဂိုးလည်းတစ်ဂိုးမှ မရှိသေးတဲ့ မြန်မာအသင်းက မန္တလာသီရိမှာကစားခဲ့တဲ့ တာဂျစ်ကစ္စတန်နဲ့ပွဲမှာ ၄ဂိုးအထိ သွင်းယူနိုင်ခဲ့သလို နိုင်ပွဲလည်းရသွားခဲ့တာပါ။ ဒီနိုင်ပွဲအတွက် မြန်မာဘောလုံးပရိသတ်တွေ တော်တော်လေးဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြပြီး အန်တိုနီဟေးအပေါ်လည်း အရင်ထက်ပိုပြီးတော့ ယုံကြည်ကိုးစားလာခဲ့ပါပြီ။

မစ္စတာဟေးက ဆူဇူကီးပြိုင်ပွဲမှာ မြန်မာအသင်းကို အုပ်စုအဆင့်ကလွန်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့လို့ လမ်းခွဲခဲ့ရသူပါ။ သူ့နေရာအတွက် ရာဒူလိုဗစ်ကို အစားထိုးခန့်အပ်ခဲ့ပေမယ့် စင်ကာပူနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲကလွဲပြီး ကျန်ပွဲအားလုံးမှာ မြန်မာက ဂိုးပေါက်ပျောက်ခဲ့သလို ရှုံးပွဲတွေပါ ဆက်တိုက်တွေ့ခဲ့ရပါတယ်။ ဒီအတွက် အန်တိုနီဟေးကို နောက်တစ်ကြိမ်ခန့်အပ်ပြီး လက်ရွေးစင်အသင်းကို ကိုင်တွယ်စေခဲ့တာပါ။ အန်တိုနီဟေးကတော့ ရှစ်လလောက် သူ ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းကို တစ်ကျော့ပြန်ရောက်လာလာချင်းမှာ လူစာရင်းပိုင်း အပြောင်းအလဲတွေလုပ်ခဲ့ပြီး ပြင်ဆင်ခဲ့ပါတယ်။

တာဂျစ်ကစ္စတန်နဲ့ပွဲက အန်တိုနီဟေးရဲ့ တစ်ကျော့ပြန်နည်းပြဘဝ ပထမဆုံးပွဲပါ။ ဒီပွဲအတွက် ကျော်ကိုကိုက ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသလို ဘယ်အစွန်နောက်ခံလူတွေဖြစ်တဲ့ နန္ဒကျော်၊ သိန်းသန်းဝင်းတို့လည်း ဒဏ်ရာရနေခဲ့ပါတယ်။ အဲဒီအတွက် ကျော်ဇင်လွင်လို ညာအစွန်ခံစစ်ကစားသမားကို ဘယ်အစွန်မှာအသုံးပြုခဲ့ရပါတယ်။ ဆောင်လမန်၊ မျိုးကိုထွန်းတို့ကို နေရာပေးခဲ့ပြီး ဆောင်လမန်က ၂ဂိုးသွင်းကာ ခြေစွမ်းပြခဲ့ပါတယ်။ အဓိကကစားသမားတွေဖြစ်တဲ့ အောင်သူ နဲ့ မောင်မောင်လွင်တို့လည်း ဂိုးပေါက်တွေ့ခဲ့ပြီး မြန်မာအသင်းရခဲ့တဲ့ သွင်းဂိုးတွေက ထိုက်ထိုက်တန်တန်ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။

အရင်ကတည်းက ပရိသတ်တွေက အန်တိုနီဟေးရဲ့ ပွဲကြိုပြင်ဆင်မှု၊ စကားအပြောဆိုတည်ငြိမ်မှုတွေအပေါ်မှာ သဘောကျနေနှင့်ပြီးသားပါ။ ဒီအတွက် သူ ပြန်ရောက်လာတဲ့အပေါ်မှာ ကြိုဆိုခဲ့ကြသလို အန်တိုနီဟေးကလည်း ပရိသတ်အတွက် နိုင်ပွဲရှာပေးနိုင်ခဲ့ပါတယ်။ ဆူဇူကီးပြိုင်ပွဲမှာ ကမ္ဘောဒီးယားကို ၄-၁ နဲ့ အနိုင်ရတုန်းကလည်း မန္တလာသီရိကွင်းမှာကစားခဲ့တာဖြစ်သလို တာဂျစ်ကစ္စတန်နဲ့ပွဲကလည်း မန္တလာသီရိမှာပဲကစားခဲ့တာမို့ အန်တိုနီဟေးနဲ့ မန္တလာသီရိကွင်းက ကံစပ်နေသလားတောင်ထင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ပွဲပြန်ရခဲ့လို့ ရှေ့ဆက်ရမယ့်ခရီးအတွက်တော့ အားတက်စရာပါပဲ။

ဒီနိုင်ပွဲက ရမှတ်တွေထက်စာရင် ဂိုးပေါက်ပြန်တွေ့တာ၊ စိတ်ဓာတ်ပိုင်းတက်လာနိုင်တာတွေက ပိုပြိးအကျိုးကျေးဇူးများပါတယ်။ ကစားသမားတွေအားလုံးလည်း ကိုယ်စီတာဝန်ကျေခဲ့သလို မဖြစ်မနေနိုင်ပွဲယူပြရမယ့်အချိန်မှာ နိုင်ပွဲရအောင် ယူနိုင်ခဲ့လို့လည်း ပရိသတ်ရဲ့ အသိ
အမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ ကြိုးစားမှုရဲ့ ရလဒ်အဖြစ် ဒီလိုအသိအမှတ်ပြုခံရတာဖြစ်ပြီး ကိုယ်စီကိုယ်ငှတာဝန်ကျေခဲ့တဲ့ နိုင်ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒီနိုင်ပွဲကနေ အစပြုပြီး အန်တိုနီဟေးရဲ့ ရှေ့ဆက်ရမယ့်ခရီးလမ်းက ပိုပြီးဖြောင့်ဖြူးပါစေလို့လည်း မျှော်လင့်မိပါတယ်။

မွတ္ခ်က္မ်ား။