လီဗာပူးလ္နဲ႔ပြဲစဥ္မွာ လမ္းပတ္ ဘာေတြမွားယြင္းခဲ့လဲ?

I don’t feel sad, I feel happy – Torres on retirement

လမ္းပတ္ရဲ႕ခ်ယ္လ္ဆီးကေတာ့ ဥေရာပစူပါဖလားပြဲမွာ လီဗာပူးလ္ကို ပင္နယ္တီနဲ႔ အေရးနိမ့္ခဲ့ျပီး ရံႈးပြဲဆက္ခဲ့ပါတယ္။ ေျခစြမ္းပိုင္းအရ ေက်နပ္စရာေကာင္းခဲ့ေပမယ့္လည္း ဖလားလုပြဲတစ္ပြဲမွာ အေရးနိမ့္ခဲ့တာမို႔ နာက်င္စရာေတြေတ့ာ ျဖစ္လာခဲ့ရပါတယ္။ ကန္ေတ၊ ပူလီဆစ္ နဲ႔ ဂီေရာ့ဒ္တို႔ကို ထည့္သြင္းခဲ့တဲ့ ခ်ယ္လ္ဆီးကစားပံုက ေမွ်ာ္လင့္ခ်င္စရာေတာ့ ရွိေနခဲ့ပါတယ္။ ဒီပြဲမွာလည္း ဦးေဆာင္ဂိုးရခဲ့ျပီးမွ အေရးနိမ့္ခဲ့တာပါ။ ခ်ယ္လ္ဆီး ဘာလို႔ ရံႈးနိမ့္ခဲ့ရတာလဲဆိုတာကို တြက္ဆၾကည့္မယ္ဆိုရင္..။

Virgil van Dijk talks after Liverpool Super Cup win

၃။ ဖာမီႏိုကို မထိန္းႏိုင္ခဲ့

ပထမပိုင္းမွာ ခ်ယ္လ္ဆီးက လီဗာပူးလ္ကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ သူတုိ႔ကပုိျပီးေတာ့ ေဘာလံုးေပးပို႔မႈေတြ ျပဳလုပ္ႏိုင္ခဲ့သလို အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့တာပါ။ ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ ဖာမီႏို၀င္လာျပီးေနာက္ အားလံုးေျပာင္းလဲသြားခဲ့ပါတယ္။ ဖာမီႏိုက ခ်ယ္လ္ဆီးညာျခမ္းခံစစ္ကို အခ်ိန္ျပည့္ေျပးလႊားလႈပ္ရွားျပေနျပီး ဒုကၡေပးသြားခဲ့ပါတယ္။ ဖာမီႏိုရဲ႕ အလႈပ္ကစားမႈေတြက အသင္းေဖာ္မာေနးကိုပါ ေျခစြမ္းျပလာႏိုင္ေစျပီး သူ႔ေၾကာင့္ပဲ ေနရာလြတ္ေတြ ရလာျပီး ကစားေပါက္ေခ်ာင္သြားတဲ့ မာေနးက လီဗာပူးလ္အတြက္ ဂိုးေတြသြင္းေပးသြားခဲ့ပါတယ္။

၂။ အေရးၾကီးတဲ့အခ်ိန္မွာ ပြဲကိုအဆံုးမသတ္ႏိုင္ျခင္း

ယူႏုိက္တက္နဲ႔ပြဲမွာကတည္းက ခ်ယ္လ္ဆီးက ကစားပံုေကာင္းျပီး ဂိုးမရခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ လီဗာပူးလ္နဲ႔ပြဲမွာလည္း ဒီတိုင္းပါပဲ။ သူတို႔က တိုက္စစ္ကို ေကာင္းေကာင္းတည္ေဆာက္ျပႏိုင္ခဲ့ျပီး ဂုိးရဖို႔ေတာ့ ခက္ခဲေနဆဲပါ။ ပီဒရို နဲ႔ ပူလီဆစ္တုိ႔ အခြင့္အေရးေတြ အမ်ားၾကီး ရခဲ့ေပမယ့္လည္း ကံတရားေၾကာင့္ေရာ၊ အဆံုးသတ္ပိုင္းညံ့ဖ်င္းတာေၾကာင့္ပါ ဂိုးမရခဲ့တာပါ။ ဂီေရာ့ဒ္ရဲ႕ သြင္းဂိုးကလည္း အဆံုးသတ္ေကာင္းလြန္းလို႔သာ ရခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ လီဗာပူးလ္က ႏွစ္ဂိုးသြင္းျပီး ေဂ်ာ္ဂ်င္ဟိုက ပင္နယ္တီကေန ျပန္ေခ်ပခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ခ်ယ္လ္ဆီးအတြက္ အခြင့္အေရးေတြ အမ်ားၾကီးရခဲ့ျပီး ပြဲကိုအဆံုးသတ္ႏိုင္ဖို႔ ျဖစ္သင့္ခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ရပါတယ္။ ေအဘရာဟမ္ရဲ႕ ဂိုးေပါက္ေရွ႕က ပိတ္သြင္းယူမႈကလည္း အံ့အားသင့္ဖြယ္ရာလြဲေခ်ာ္ခဲ့ရပါတယ္။

၁။ လြဲမွားခဲ့တဲ့ လမ္းပတ္ရဲ႕ ဆံုးျဖတ္ခ်က္

ပင္နယ္တီကန္သြင္းဖို႔အတြက္ ေအဘရာဟမ္ကို ေရြးခ်ယ္ခဲ့တာက လမ္းပတ္ရဲ႕ အမွားၾကီးတစ္ခုပါပဲ။ ပြဲေကာင္းတစ္ပြဲ၊ ပရိသတ္အမ်ားအျပားနဲ႔ ကစားရတဲ့ ပြဲမွာ ေအဘရာဟမ္ကို လမ္းပတ္က ယံုၾကည္စြာနဲ႔ ကန္သြင္းဖို႔ တာ၀န္ေပးခဲ့ပါတယ္။ တာ၀န္ေပးခဲ့တာေတာင္မွ ေနာက္ဆံုးအလွည့္က်သူအျဖစ္ေရြးခ်ယ္ခဲ့တာပါ။ ေအဘရာဟမ္က ဖိအားေတြနဲ႔ ကစားသမားပါ။ ယူႏိုက္တက္နဲ႔ပြဲမွာ ေျခစြမ္းမျပႏိုင္တာ၊ ဒီပြဲမွာလည္း ေသခ်ာေပါက္ဂိုးကန္သြင္းခြင့္ကို လြဲေခ်ာ္ခဲ့ျပီး ယံုၾကည္မႈယိုင္နဲ႔ေနသူပါ။ ဒါကို လမ္းပတ္က ေရြးခ်ယ္ခဲ့တာက ေမးခန္းထုတ္စရာလည္း ျဖစ္ပါတယ္။ အားလံုးသိျပီးတဲ့အတိုင္းပဲ ေအဘရာဟမ္ရဲ႕ ရိုးစင္းတဲ့ ကန္သြင္းခ်က္ကို အန္ဒရီယန္က ေျခေထာက္နဲ႔ ဟန္႔တားသြားခဲ့ျပီး လီဗာပူးလ္ကို ႏိုင္ပြဲယူေပးသြားခဲ့ပါတယ္။ ခ်ယ္လ္ဆီးအေနနဲ႔ ကစားပံုေကာင္းခဲ့ျပီးမွ ရံႈးရတာ ႏွစ္ပြဲရွိသြားပါျပီ။ တိုးတက္မႈေတြကို ျမင္ရတာက အျမတ္ထြက္တယ္လို႔ပဲ ဆိုရပါလိမ့္မယ္။

Unicode Version

လမ်းပတ်ရဲ့ချယ်လ်ဆီးကတော့ ဥရောပစူပါဖလားပွဲမှာ လီဗာပူးလ်ကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပြီး ရှုံးပွဲဆက်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရ ကျေနပ်စရာကောင်းခဲ့ပေမယ့်လည်း ဖလားလုပွဲတစ်ပွဲမှာ အရေးနိမ့်ခဲ့တာမို့ နာကျင်စရာတွေတေ့ာ ဖြစ်လာခဲ့ရပါတယ်။ ကန်တေ၊ ပူလီဆစ် နဲ့ ဂီရော့ဒ်တို့ကို ထည့်သွင်းခဲ့တဲ့ ချယ်လ်ဆီးကစားပုံက မျှော်လင့်ချင်စရာတော့ ရှိနေခဲ့ပါတယ်။ ဒီပွဲမှာလည်း ဦးဆောင်ဂိုးရခဲ့ပြီးမှ အရေးနိမ့်ခဲ့တာပါ။ ချယ်လ်ဆီး ဘာလို့ ရှုံးနိမ့်ခဲ့ရတာလဲဆိုတာကို တွက်ဆကြည့်မယ်ဆိုရင်..။

၃။ ဖာမီနိုကို မထိန်းနိုင်ခဲ့

ပထမပိုင်းမှာ ချယ်လ်ဆီးက လီဗာပူးလ်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ သူတို့ကပိုပြီးတော့ ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဖာမီနိုဝင်လာပြီးနောက် အားလုံးပြောင်းလဲသွားခဲ့ပါတယ်။ ဖာမီနိုက ချယ်လ်ဆီးညာခြမ်းခံစစ်ကို အချိန်ပြည့်ပြေးလွှားလှုပ်ရှားပြနေပြီး ဒုက္ခပေးသွားခဲ့ပါတယ်။ ဖာမီနိုရဲ့ အလှုပ်ကစားမှုတွေက အသင်းဖော်မာနေးကိုပါ ခြေစွမ်းပြလာနိုင်စေပြီး သူ့ကြောင့်ပဲ နေရာလွတ်တွေ ရလာပြီး ကစားပေါက်ချောင်သွားတဲ့ မာနေးက လီဗာပူးလ်အတွက် ဂိုးတွေသွင်းပေးသွားခဲ့ပါတယ်။

၂။ အရေးကြီးတဲ့အချိန်မှာ ပွဲကိုအဆုံးမသတ်နိုင်ခြင်း

ယူနိုက်တက်နဲ့ပွဲမှာကတည်းက ချယ်လ်ဆီးက ကစားပုံကောင်းပြီး ဂိုးမရခဲ့တာကို တွေ့ခဲ့ရပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာလည်း ဒီတိုင်းပါပဲ။ သူတို့က တိုက်စစ်ကို ကောင်းကောင်းတည်ဆောက်ပြနိုင်ခဲ့ပြီး ဂိုးရဖို့တော့ ခက်ခဲနေဆဲပါ။ ပီဒရို နဲ့ ပူလီဆစ်တို့ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့်လည်း ကံတရားကြောင့်ရော၊ အဆုံးသတ်ပိုင်းညံ့ဖျင်းတာကြောင့်ပါ ဂိုးမရခဲ့တာပါ။ ဂီရော့ဒ်ရဲ့ သွင်းဂိုးကလည်း အဆုံးသတ်ကောင်းလွန်းလို့သာ ရခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးလ်က နှစ်ဂိုးသွင်းပြီး ဂျော်ဂျင်ဟိုက ပင်နယ်တီကနေ ပြန်ချေပခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ချယ်လ်ဆီးအတွက် အခွင့်အရေးတွေ အများကြီးရခဲ့ပြီး ပွဲကိုအဆုံးသတ်နိုင်ဖို့ ဖြစ်သင့်ခဲ့ပေမယ့် လွဲချော်ခဲ့ရပါတယ်။ အေဘရာဟမ်ရဲ့ ဂိုးပေါက်ရှေ့က ပိတ်သွင်းယူမှုကလည်း အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့ရပါတယ်။

၁။ လွဲမှားခဲ့တဲ့ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်

ပင်နယ်တီကန်သွင်းဖို့အတွက် အေဘရာဟမ်ကို ရွေးချယ်ခဲ့တာက လမ်းပတ်ရဲ့ အမှားကြီးတစ်ခုပါပဲ။ ပွဲကောင်းတစ်ပွဲ၊ ပရိသတ်အများအပြားနဲ့ ကစားရတဲ့ ပွဲမှာ အေဘရာဟမ်ကို လမ်းပတ်က ယုံကြည်စွာနဲ့ ကန်သွင်းဖို့ တာဝန်ပေးခဲ့ပါတယ်။ တာဝန်ပေးခဲ့တာတောင်မှ နောက်ဆုံးအလှည့်ကျသူအဖြစ်ရွေးချယ်ခဲ့တာပါ။ အေဘရာဟမ်က ဖိအားတွေနဲ့ ကစားသမားပါ။ ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်တာ၊ ဒီပွဲမှာလည်း သေချာပေါက်ဂိုးကန်သွင်းခွင့်ကို လွဲချော်ခဲ့ပြီး ယုံကြည်မှုယိုင်နဲ့နေသူပါ။ ဒါကို လမ်းပတ်က ရွေးချယ်ခဲ့တာက မေးခန်းထုတ်စရာလည်း ဖြစ်ပါတယ်။ အားလုံးသိပြီးတဲ့အတိုင်းပဲ အေဘရာဟမ်ရဲ့ ရိုးစင်းတဲ့ ကန်သွင်းချက်ကို အန်ဒရီယန်က ခြေထောက်နဲ့ ဟန့်တားသွားခဲ့ပြီး လီဗာပူးလ်ကို နိုင်ပွဲယူပေးသွားခဲ့ပါတယ်။ ချယ်လ်ဆီးအနေနဲ့ ကစားပုံကောင်းခဲ့ပြီးမှ ရှုံးရတာ နှစ်ပွဲရှိသွားပါပြီ။ တိုးတက်မှုတွေကို မြင်ရတာက အမြတ်ထွက်တယ်လို့ပဲ ဆိုရပါလိမ့်မယ်။

မွတ္ခ်က္မ်ား။