မက္ဆီ၊ ေရာ္နယ္ဒိုနဲ႔ ဗန္ဒိုက္တို႔ အျပိဳင္ၾကဲရေတာ့မယ့္ UEFA ရဲ႕ အေကာင္းဆံုးကစားသမားဆု

‘Man United still need two or three players’ – Solskjaer

ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးေရာ္နယ္ဒို၊ ဘာစီလိုနာတိုက္စစ္မွဴးမက္ဆီ နဲ႔ လီဗာပူးလ္ေနာက္ခံလူဗန္ဒိုက္တို႔ဟာ ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္က ေပးအပ္မယ့္ တစ္ႏွစ္တာအေကာင္းဆံုးဆုအတြက္ ေနာက္ဆံုးဆန္ခါတင္စာရင္းမွာ ေရြးခ်ယ္ခံခဲ့ရတယ္လို႔ သိရပါတယ္။ ဆာလာ၊ မာေနး နဲ႔ ဟာဇက္တို႔ကေတာ့ ေနာက္ဆံုးအဆင့္မွာ ပါ၀င္မလာခဲ့ပဲ က်န္ရစ္ခဲ့ျပီျဖစ္ပါတယ္။

Highlights – Hertha BSC vs SV Werder Bremen

မူလက ေရြးခ်ယ္ထားတဲ့ ဆန္ခါတင္ကစားသမား (၁၀)ဦးစာရင္းကေန ေနာက္ဆံုး (၃)ဦးကို ေရြးခ်ယ္ခဲ့တာျဖစ္ျပီး ဆုရရွိဖို႔ ေရပန္းအစားဆံုးကစားသမားေတြသာ က်န္ရစ္ခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၀င္ေရာက္ကစားခြင့္ရခဲ့တဲ့ အသင္းေပါင္း ၃၂သင္းရဲ႕ နည္းျပေတြနဲ႔ ယူရိုပါလိဂ္ျပိဳင္ပြဲ၀င္အသင္း ၄၈သင္းက နည္းျပေတြ စုစုေပါင္း (၈၀)ဦးက ေရြးခ်ယ္ေပးခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ ဥေရာပအားကစားမီဒီယာအဖြဲ႕က ဂ်ာနယ္လစ္ (၅၅)ဦးလည္း ပါ၀င္ခဲ့တာျဖစ္ပါတယ္။ မက္ဆီကေတာ့ ဥေရာပေရႊဖိနပ္ဆုကို ဆြတ္ခူးခဲ့ျပီး ဘာစီလိုိနာနဲ႔အတူ လာလီဂါဖလားနဲ႔ လာလီဂါေရႊဖိနပ္ဆုေတြကို ရရွိခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ေရာ္နယ္ဒိုကလည္း ဂ်ဴဗင္တပ္စ္နဲ႔ စီးရီးေအဖလား၊ ေပၚတူဂီအသင္းနဲ႔ ေနးရွင္းလိဂ္ဖလားတို႔ကို ရယူႏိုင္ခဲ့ပါတယ္။

ဗန္ဒိုက္ကေတာ့ ခ်န္ပီယံလိဂ္ဖလားကို လီဗာပူးလ္အသင္းရရွိခဲ့ရာမွာ အဓိကကစားသမားအျဖစ္နဲ႔ ပါ၀င္ခဲ့ျပီး နယ္သာလန္အသင္းကို ေနးရွင္းလိဂ္ဗိုလ္လုပြဲအထိ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။ ၾသဂုတ္လ (၂၉)ရက္ေန႔မွာ ဆုရရွိသူကို ေၾကညာသြားမွာျဖစ္ျပီးေတာ့ ျပီးခဲ့တဲ့ႏွစ္အတြက္ လူကာမိုဒရစ္ဆြတ္ခူးျပီးေနာက္ အခုတစ္ၾကိမ္မွာ ဘယ္သူက ရရွိသြားမလဲ စိတ္လႈပ္ရွားစရာေကာင္းေနခဲ့ပါတယ္။

Unicode Version

ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒို၊ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ နဲ့ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်တို့ဟာ ဥရောပဘောလုံးအဖွဲ့ချုပ်က ပေးအပ်မယ့် တစ်နှစ်တာအကောင်းဆုံးဆုအတွက် နောက်ဆုံးဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆာလာ၊ မာနေး နဲ့ ဟာဇက်တို့ကတော့ နောက်ဆုံးအဆင့်မှာ ပါဝင်မလာခဲ့ပဲ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

မူလက ရွေးချယ်ထားတဲ့ ဆန်ခါတင်ကစားသမား (၁၀)ဦးစာရင်းကနေ နောက်ဆုံး (၃)ဦးကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုရရှိဖို့ ရေပန်းအစားဆုံးကစားသမားတွေသာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရခဲ့တဲ့ အသင်းပေါင်း ၃၂သင်းရဲ့ နည်းပြတွေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်း ၄၈သင်းက နည်းပြတွေ စုစုပေါင်း (၈၀)ဦးက ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ဥရောပအားကစားမီဒီယာအဖွဲ့က ဂျာနယ်လစ် (၅၅)ဦးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ ဥရောပရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့ပြီး ဘာစီလိိုနာနဲ့အတူ လာလီဂါဖလားနဲ့ လာလီဂါရွှေဖိနပ်ဆုတွေကို ရရှိခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ရော်နယ်ဒိုကလည်း ဂျူဗင်တပ်စ်နဲ့ စီးရီးအေဖလား၊ ပေါ်တူဂီအသင်းနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ ချန်ပီယံလိဂ်ဖလားကို လီဗာပူးလ်အသင်းရရှိခဲ့ရာမှာ အဓိကကစားသမားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး နယ်သာလန်အသင်းကို နေးရှင်းလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ သြဂုတ်လ (၂၉)ရက်နေ့မှာ ဆုရရှိသူကို ကြေညာသွားမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်အတွက် လူကာမိုဒရစ်ဆွတ်ခူးပြီးနောက် အခုတစ်ကြိမ်မှာ ဘယ်သူက ရရှိသွားမလဲ စိတ်လှုပ်ရှားစရာကောင်းနေခဲ့ပါတယ်။

မွတ္ခ်က္မ်ား။