အရန္ဂိုးသမားအျဖစ္နဲ႔ ပင္နယ္တီအဆံုးအျဖတ္မွာ လက္စြမ္းျပခဲ့ၾကသူမ်ား

I don’t feel sad, I feel happy – Torres on retirement

လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးတို႔ပြဲမွာ အန္ဒရီယန္က အရန္ဂိုးသမားတစ္ဦးအေနနဲ႔ ပင္နယ္တီအဆံုးအျဖတ္မွာ လက္စြမ္းျပခဲ့ျပီး အသင္းကို ႏိုင္ပြဲရေစခဲ့ပါတယ္။ အယ္လစ္ဆန္ေနရာအတြက္ အန္ဒရီယန္ကို ေခၚယူအားျဖည့္ခဲ့တာျဖစ္ျပီး ဒီအေျပာင္းအေရႊ႕က မထင္မွတ္ပဲ လီဗာပူးလ္အတြက္ အက်ိဳးရွိလာခဲ့ပါတယ္။ အန္ဒရီယန္လိုမ်ိဳး အရန္ဂိုးသမားေတြက ပင္နယ္တီအဆံုးအျဖတ္မွာ လက္စြမ္းျပခဲ့ျပီး အသင္းကုိ ႏိုင္ပြဲရရွိေစခဲ့တာေတြလည္း အရင္တုန္းက ရွိခဲ့ဖူးပါတယ္။

‘Neymar doesn’t belong to us – I’m only focused on my own players’ – Valverde

၁။ တင္ကားလ္

နယူးကာဆယ္ဂိုးသမားေဟာင္းတင္ကာလ္းကေတာ့ နယ္သာလန္လက္ေရြးစင္ဂိုးသမားေဟင္းလည္းျဖစ္ပါတယ္။ ၂၀၁၄ ကမၻာ့ဖလားျပိဳင္ပြဲမွာ နယ္သာလန္နည္းျပဗန္ဂါးလ္ရဲ႕ အသင္းမွာ အဓိကဂိုးသမားအျဖစ္ ဂ်က္စပါဆီလက္ဆန္က ပါ၀င္ကစားေနခဲ့ပါတယ္။ ကြာတားဖိုင္နယ္အဆင့္မွာေတာ့ နယ္သာလန္နဲ႔ ေကာ္စတာရီကာတို႔ မိနစ္ ၁၂၀ ကစားျပီးတဲ့အထိ သေရက်ခဲ့လို႔ ပင္နယ္တီအဆံုးအျဖတ္ခံရေတာ့မယ့္အခ်ိန္မွာ ဗန္ဂါးလ္က ဆီလက္ဆန္ နဲ႔ တင္ကားလ္ကို လူစားလဲလွယ္ခဲ့ပါတယ္။ ပင္နယ္တီအဆံုးအျဖတ္မွာေတာ့ တင္ကားလ္က အသင္းအတြက္ ႏွစ္ဂိုးကာကြယ္ေပးသြားခဲ့ကာ လက္စြမ္းျပခဲ့ျပီး ဆီမီးဖိုင္နယ္အဆင့္ကို ပို႔ေဆာင္ေပးခဲ့ပါတယ္။

၂။ ကာဘယ္လာရို

ကာဘယ္လာရိုက မန္စီးတီးမွာေရာ၊ ခ်ယ္လ္ဆီးမွာပါ ဒုတိယဦးစားေပးဂိုးသမားျဖစ္ေနခဲ့ပါတယ္။ ဒါေပမယ့္လည္း သူက ပင္နယ္တီကာကြယ္ရာမွာ ထူးခၽြန္သူျဖစ္ျပီး ေနမာ၊ ေရာ္နယ္ဒိုတို႔လို ကစားသမားေတြရဲ႕ ပင္နယ္တီေတြကိုေတာင္ ကာကြယ္ႏိုင္ခဲ့ဖူးပါတယ္။ ၂၀၁၆ အဂၤလန္ လိဂ္ဖလားဗိုလ္လုပြဲမွာေတာ့ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ ရင္ဆိုင္ခဲ့ၾကရပါတယ္။ သာမန္ပြဲကစားခ်ိန္အတြင္းမွာ တစ္ဖက္ကို တစ္ဂိုးစီသေရက်ခဲ့လို႔ ပင္နယ္တီနဲ႔ အဆံုးအျဖတ္ခံယူခဲ့ၾကပါတယ္။ ပင္နယ္တီကာကြယ္ခဲ့မႈမွာေတာ့ လူးကပ္စ္လီဗာ၊ ေကာ္တင္ဟို နဲ႔ လယ္လာနာတို႔ရဲ႕ ကန္သြင္းမႈေတြကို ကာဘယ္လာရိုက ကာကြယ္ေပးခဲ့ျပီး မန္စီးတီးကို ဆုဖလားဆြတ္ခူးေစခဲ့ပါတယ္။ ကာဘယ္လာဂိုကေတာ့ အသင္းအတြက္ လိဂ္ဖလားပြဲေတြမွာသာ ၀င္ေရာက္ကစားေပးေနခဲ့ရသူလည္းျဖစ္ျပီး ထင္မွတ္မထားတဲ့ လက္စြမ္းကို ျပသသြားခဲ့ပါတယ္။

၃။ အာဖာဆတ္

အာဖာဆတ္ရဲ႕ ကစားသမားဘ၀က ၁၆ ႏွစ္တာ ရွည္လ်ားခဲ့ပါတယ္။ ဒါေပမယ့္လည္း ျပင္သစ္လူမ်ိဳးဂိုးသမားဟာ ပြဲေပါင္း ၅၀ခန္႔သာ ကစားခဲ့ရပါတယ္။ ဒါေပမယ့္ ၂၀၀၀ ျပည့္ႏွစ္မွာ သူ႔ကစားသမားဘ၀အခိုက္အတန္႔မွာ အေရးပါတဲ့ အရာတစ္ခုျဖစ္လာခဲ့ပါတယ္။ အာဆင္နယ္နဲ႔ လက္စတာစီးတီးတို႔ကစားခဲ့ၾကတဲ့ အက္ဖ္ေအဖလားပြဲမွာ လက္စတာဂိုးသမား တင္ဖလား၀ါးစ္က ဒဏ္ရာရခဲ့လို႔ အာဖာဆတ္၀င္ေရာက္ကစားခြင့္ရခဃဲ့ပါတယ္။ အဆိုပါပြဲကလည္း ပင္နယ္တီနဲ႔ အဆံုးအျဖတ္ခံယူခဲ့ရတာျဖစ္ျပီး အာဆင္နယ္ကစားသမား လီဒစ္ဆင္ န႔ဲ ဂရီမန္ဒီတို႔ရဲ႕ ကန္သြင္းခ်က္ေတြကို အာဖာဆတ္က ကာကြယ္ေပးခဲ့ျပီး လက္စတာကို အက္ဖ္ေအဖလား စတုတၳအဆင့္တက္ေရာက္ေစခဲ့ပါတယ္။

Unicode Version

လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ပွဲမှာ အန်ဒရီယန်က အရန်ဂိုးသမားတစ်ဦးအနေနဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြခဲ့ပြီး အသင်းကို နိုင်ပွဲရစေခဲ့ပါတယ်။ အယ်လစ်ဆန်နေရာအတွက် အန်ဒရီယန်ကို ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့က မထင်မှတ်ပဲ လီဗာပူးလ်အတွက် အကျိုးရှိလာခဲ့ပါတယ်။ အန်ဒရီယန်လိုမျိုး အရန်ဂိုးသမားတွေက ပင်နယ်တီအဆုံးအဖြတ်မှာ လက်စွမ်းပြခဲ့ပြီး အသင်းကို နိုင်ပွဲရရှိစေခဲ့တာတွေလည်း အရင်တုန်းက ရှိခဲ့ဖူးပါတယ်။

၁။ တင်ကားလ်

နယူးကာဆယ်ဂိုးသမားဟောင်းတင်ကာလ်းကတော့ နယ်သာလန်လက်ရွေးစင်ဂိုးသမားဟေင်းလည်းဖြစ်ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နည်းပြဗန်ဂါးလ်ရဲ့ အသင်းမှာ အဓိကဂိုးသမားအဖြစ် ဂျက်စပါဆီလက်ဆန်က ပါဝင်ကစားနေခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာတော့ နယ်သာလန်နဲ့ ကော်စတာရီကာတို့ မိနစ် ၁၂၀ ကစားပြီးတဲ့အထိ သရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံရတော့မယ့်အချိန်မှာ ဗန်ဂါးလ်က ဆီလက်ဆန် နဲ့ တင်ကားလ်ကို လူစားလဲလှယ်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ တင်ကားလ်က အသင်းအတွက် နှစ်ဂိုးကာကွယ်ပေးသွားခဲ့ကာ လက်စွမ်းပြခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။

၂။ ကာဘယ်လာရို

ကာဘယ်လာရိုက မန်စီးတီးမှာရော၊ ချယ်လ်ဆီးမှာပါ ဒုတိယဦးစားပေးဂိုးသမားဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက ပင်နယ်တီကာကွယ်ရာမှာ ထူးချွန်သူဖြစ်ပြီး နေမာ၊ ရော်နယ်ဒိုတို့လို ကစားသမားတွေရဲ့ ပင်နယ်တီတွေကိုတောင် ကာကွယ်နိုင်ခဲ့ဖူးပါတယ်။ ၂၀၁၆ အင်္ဂလန် လိဂ်ဖလားဗိုလ်လုပွဲမှာတော့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ သာမန်ပွဲကစားချိန်အတွင်းမှာ တစ်ဖက်ကို တစ်ဂိုးစီသရေကျခဲ့လို့ ပင်နယ်တီနဲ့ အဆုံးအဖြတ်ခံယူခဲ့ကြပါတယ်။ ပင်နယ်တီကာကွယ်ခဲ့မှုမှာတော့ လူးကပ်စ်လီဗာ၊ ကော်တင်ဟို နဲ့ လယ်လာနာတို့ရဲ့ ကန်သွင်းမှုတွေကို ကာဘယ်လာရိုက ကာကွယ်ပေးခဲ့ပြီး မန်စီးတီးကို ဆုဖလားဆွတ်ခူးစေခဲ့ပါတယ်။ ကာဘယ်လာဂိုကတော့ အသင်းအတွက် လိဂ်ဖလားပွဲတွေမှာသာ ဝင်ရောက်ကစားပေးနေခဲ့ရသူလည်းဖြစ်ပြီး ထင်မှတ်မထားတဲ့ လက်စွမ်းကို ပြသသွားခဲ့ပါတယ်။

၃။ အာဖာဆတ်

အာဖာဆတ်ရဲ့ ကစားသမားဘဝက ၁၆ နှစ်တာ ရှည်လျားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်လူမျိုးဂိုးသမားဟာ ပွဲပေါင်း ၅ဝခန့်သာ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၀၀ ပြည့်နှစ်မှာ သူ့ကစားသမားဘဝအခိုက်အတန့်မှာ အရေးပါတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ လက်စတာစီးတီးတို့ကစားခဲ့ကြတဲ့ အက်ဖ်အေဖလားပွဲမှာ လက်စတာဂိုးသမား တင်ဖလားဝါးစ်က ဒဏ်ရာရခဲ့လို့ အာဖာဆတ်ဝင်ရောက်ကစားခွင့်ရခဃဲ့ပါတယ်။ အဆိုပါပွဲကလည်း ပင်နယ်တီနဲ့ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး အာဆင်နယ်ကစားသမား လီဒစ်ဆင် နဲ့ ဂရီမန်ဒီတို့ရဲ့ ကန်သွင်းချက်တွေကို အာဖာဆတ်က ကာကွယ်ပေးခဲ့ပြီး လက်စတာကို အက်ဖ်အေဖလား စတုတ္ထအဆင့်တက်ရောက်စေခဲ့ပါတယ်။

မွတ္ခ်က္မ်ား။