ဘရာဇီးလ္လက္ေရြးစင္အသင္းအတြက္ ပြဲေပါင္း ၁၀၀ နဲ႔ အထက္ကစားေပးခဲ့သူမ်ား

‘Man United should play like Liverpool’ – Solskjaer

မေန႔က ကစားခဲ့တဲ့ ဘရာဇီးလ္နဲ႔ ဆီနီေဂါတို႔ရဲ႕ ပြဲစဥ္ကေတာ့ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရပြဲျဖစ္သြားခဲ့ပါတယ္။ စကၤာပူမွာ ကစားခဲ့ၾကတာျဖစ္ျပီး ဘရာဇီးလ္တို႔ ႏိုင္ပြဲမရခဲ့ေပမယ့္လည္း ေနမာကေတာ့ ဘရာဇီးလ္အတြက္ ပြဲေပါင္း ၁၀၀ ျပည့္ေျမာက္တဲ့ပြဲအျဖစ္ ၀င္ေရာက္ကစား
ေပးခဲ့ရပါတယ္။ ေနမာလိုပဲ ဘရာဇီးလ္အတြက္ ပြဲေပါင္း ၁၀၀ ျပည့္ေအာင္ ကစားေပးခဲ့တဲ့ အျခားနာမည္ေက်ာ္ကစားသမား ၅ ဦးရွိေနပါေသးတယ္။ အဲဒီကစားသမားေတြကေတာ့..။

Eintracht Frankfurt’s Japanese Eagles: Makoto Hasebe & Daichi “ The New Kagawa” Kamada

ေရာ္ဘင္ဟို

ဘရာဇီးလ္နာမည္ေက်ာ္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ေရာ္ဘင္ဟိုက ၂၀၀၇ ကိုပါအေမရိကဖလားကို ဆြတ္ခူးႏိုင္ခဲ့ျပီး ဖီဖာကြန္ဖက္ဒေရးရွင္းဖလားကိုလည္း ရယူနိုင္ခဲ့သူျဖစ္ပါတယ္။ လ်င္ျမန္သြက္လက္မႈေတြ၊ သူ႔ရဲ႕ ကၽြမ္းက်င္မႈတစ္ခုျဖစ္တဲ့ အလိမ္အေခါက္ေတြနဲ႔
ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့တဲ့ ေရာ္ဘင္ဟိုက ဘရာဇီးလ္အတြက္ အားကိုးရတဲ့ကစားသမားျဖစ္ခဲ့ဖူးပါတယ္။ ရီးရဲလ္မက္ဒရစ္၊ မန္စီးတီးနဲ႔ ေအစီမီလန္တို႔မွာ ကစားခဲ့ဖူးတဲ့ ေရာ္ဘင္ဟိုဟာ ႏိုင္ငံအသင္းအတြက္ ပြဲေပါင္း ၁၀၀ ျပည့္ေအာင္လည္း ကစားေပးႏိုင္ခဲ့ပါတယ္။

တာဖာရယ္လ္

ဘရာဇီးလ္ရဲ႕ နာမည္ေက်ာ္ဂိုးသမားၾကီးတာဖာရယ္လ္ကို အားလံုးမွတ္မိဦးမွာပါ။ တာဖာရယ္လ္က သူ႔ရဲ႕ လက္အိတ္ေတြကို ခၽြတ္ျပီး ကစားသမားဘ၀က အနားယူခ်ိန္မွာေတာ့ ဘရာဇီးလ္အသင္းမွာေရာ၊ ဂါလာတာစာေရးအသင္းမွာပါ ဂိုးနည္းျပအျဖစ္ ေဆာင္ရြက္ခဲ့ပါတယ္။ ဘရာဇီးလ္နဲ႔အတူ ကမၻာ့ဖလားကို ရယူနိုင္ခဲ့သလို ကိုပါအေမရိကဖလားကိုလည္း ၂ၾကိမ္ဆြတ္ခူးခဲ့ပါေသးတယ္။ ၁၉၉၄ ကမၻာ့ဖလားျပိဳင္ပြဲမွာ ေပးဂိုး ၃ဂိုးသာ တာဖာရယလ္က ခြင့္ျပဳခဲ့ရျပီး ေရာဘတ္တိုဘက္ဂီယိုရဲ႕ နာမည္ေက်ာ္ျဖစ္ရပ္တစ္ခုျဖစ္တဲ့ ပင္နယ္တီလြဲေခ်ာ္ခဲ့မႈမွာ သူက အေကာင္းဆံုးရင္ဆိုင္ခဲ့သူျဖစ္ပါတယ္။ တာဖာရယ္လ္က ဘရာဇီးလ္အတြက္ ၁၀၉ ပြဲအထိ ကစားေပးခဲ့ပါတယ္။

လူစီယို

နာမည္ေက်ာ္ခံစစ္မွဴးေဟာင္းလူစီယိုက ဘရာဇီးလ္အတြက္ ၁၀၅ ပြဲအထိ ကစားေပးခဲ့သူပါ။ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္တို႔မွာ ကစားခဲ့ဖူးတဲ့ ေနာက္ခံကစားသမားၾကီးက ဘရာဇီးလ္အတြက္လည္း အေကာင္းဆံုးဗဟိုေနာက္ခံလူတစ္ဦးျဖစ္ခဲ့ဖူးပါတယ္။ ၂၀၀၂ ကမၻာ့ဖလားကို ဆြတ္ခူးႏိုင္ခဲ့တဲ့ လူစီယိုက ဘရာဇီးလ္လူငယ္ေတြအအတြက္ေတာ့ စံနမူနာယူစရာ ကစားသမားတစ္ဦးအျဖစ္ ရွိခဲ့ပါတယ္။ အသင္းတြင္းမွာ သူ႔ရဲ႕ၾသဇာလႊမ္းမိုးနိုင္မႈကလည္း ၾကီးမားက်ယ္ျပန္႔တယ္လို႔ ဆိုၾကပါတယ္။

ဒန္နီအဲလ္ဗက္စ္

အသက္ ၃၇ ႏွစ္ရွိေနျပီျဖစ္တဲ့ ညာေနာက္ခံလူက ေလာလာလတ္လတ္မွာပဲ အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ၂၀၁၉ ကိုပါအေမရိကဖလားကို ဘရာဇီးလ္အတြက္ ရယူေပးႏိုင္ခဲ့ပါတယ္။ ကစားသမားဘ၀မွာ ဆုဖလားေပါင္း ၄၀အထိ ဆြတ္ခူးႏိုင္ခဲ့တဲ့ အဲဗက္စ္က ကစားသမားဘ၀ကို ၁၇ ႏွစ္တာက်င္လည္ခဲ့ျပီးလည္းျဖစ္ပါတယ္။ လက္ရွိမွာလည္း သူက ကစားေနဆဲျဖစ္ျပီး ဘာစီလိုနာ၊ ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီတို႔လို နာမည္ေက်ာ္အသင္းေတြမွာ ကစားခဲ့သူျဖစ္ပါတယ္။ ဘရာဇီးလ္အတြက္ အဲဗက္စ္က ၁၀၇ ပြဲအထိ ကစားေပးထားျပီး ဒီအေရအတြက္က ထပ္မံတိုးျမင့္လာဖြယ္လည္းရွိေနပါတယ္။

ေရာဘတ္တိုကားလို႔စ္

ကမၻာ့အေကာင္းဆံုးအစြန္ေနာက္ခံလူတစ္ဦးအျဖစ္ ကားလို႔စ္က နာမည္ေက်ာ္ၾကားခဲ့ပါတယ္။ သူ႔ရဲ႕ သစ္ရြက္ေျခြကန္နည္းဆိုတဲ့ ဖရီးကစ္ကန္သြင္းခ်က္ကလည္း နာမည္ေက်ာ္ပါပဲ။ ျပင္သစ္အသင္းဘက္ကို သြင္းယူခဲ့တဲ့ ဖရီးကစ္သြင္းဂိုးဆိုရင္ သိပၸံနည္းက်စမ္းသပ္မႈေတြေတာင္ ျပဳလုပ္ခဲ့ရပါတယ္။ ရီးရဲလ္မက္ဒရစ္မွာလည္း ေအာင္ျမင္မႈအမ်ားအျပားရရွိခဲ့သူျဖစ္ျပီး ဘရာဇီးလ္နဲ႔အတူ ကမၻာ့ဖလားကို ဆြတ္ခူးႏိုင္ခဲ့သူပါ။ ကားလို႔စ္ကေတာ့ ဘရာဇီးလ္အတြက္ ပြဲေပါင္း ၁၂၅ ပြဲအထိ ကစားေပးနိုင္ခဲ့ပါတယ္။

ကာဖူး

ေဘာလံုးသမိုင္းထဲက အေကာင္းဆံုးကစားသမားတစ္ဦးလို႔ ဆိုရမယ့္ ကာဖူးရဲ႕ ခံစစ္ပိုင္းစြမ္းေဆာင္ရည္က ေတာ္ေတာ္ေလးကို ျမင့္မားခဲ့ပါတယ္။ ေခါင္းေဆာင္ႏိုင္မႈအရည္အေသြးလည္း ျမင့္မားျပီး ေအစီမီလန္မွာ အခ်ိန္အၾကာၾကီးကစားေပးခဲ့သူျဖစ္ပါတယ္။ ဘရာဇီးလ္အတြက္လည္း ၁၄၂ ပြဲအထိ ကစားေပးခဲ့ျ့ပီး စစ္မွန္တဲ့ေခါင္းေဆာင္တစ္ဦး၊ အရည္အေသြးအျပည့္၀ဆံုးခံစစ္ကစားသမားတစ္ဦးလို႔ ကာဖူးကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

Unicode

မနေ့က ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ ဆီနီဂေါတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်သွားခဲ့ပါတယ်။ စင်္ကာပူမှာ ကစားခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်တို့ နိုင်ပွဲမရခဲ့ပေမယ့်လည်း နေမာကတော့ ဘရာဇီးလ်အတွက် ပွဲပေါင်း ၁၀၀ ပြည့်မြောက်တဲ့ပွဲအဖြစ် ဝင်ရောက်ကစား
ပေးခဲ့ရပါတယ်။ နေမာလိုပဲ ဘရာဇီးလ်အတွက် ပွဲပေါင်း ၁၀၀ ပြည့်အောင် ကစားပေးခဲ့တဲ့ အခြားနာမည်ကျော်ကစားသမား ၅ ဦးရှိနေပါသေးတယ်။ အဲဒီကစားသမားတွေကတော့..။

ရော်ဘင်ဟို

ဘရာဇီးလ်နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရော်ဘင်ဟိုက ၂၀၀၇ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဖီဖာကွန်ဖက်ဒရေးရှင်းဖလားကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ လျင်မြန်သွက်လက်မှုတွေ၊ သူ့ရဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်တဲ့ အလိမ်အခေါက်တွေနဲ့
ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ရော်ဘင်ဟိုက ဘရာဇီးလ်အတွက် အားကိုးရတဲ့ကစားသမားဖြစ်ခဲ့ဖူးပါတယ်။ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးနဲ့ အေစီမီလန်တို့မှာ ကစားခဲ့ဖူးတဲ့ ရော်ဘင်ဟိုဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၀ ပြည့်အောင်လည်း ကစားပေးနိုင်ခဲ့ပါတယ်။

တာဖာရယ်လ်

ဘရာဇီးလ်ရဲ့ နာမည်ကျော်ဂိုးသမားကြီးတာဖာရယ်လ်ကို အားလုံးမှတ်မိဦးမှာပါ။ တာဖာရယ်လ်က သူ့ရဲ့ လက်အိတ်တွေကို ချွတ်ပြီး ကစားသမားဘဝက အနားယူချိန်မှာတော့ ဘရာဇီးလ်အသင်းမှာရော၊ ဂါလာတာစာရေးအသင်းမှာပါ ဂိုးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဘရာဇီးလ်နဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သလို ကိုပါအမေရိကဖလားကိုလည်း ၂ကြိမ်ဆွတ်ခူးခဲ့ပါသေးတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေးဂိုး ၃ဂိုးသာ တာဖာရယလ်က ခွင့်ပြုခဲ့ရပြီး ရောဘတ်တိုဘက်ဂီယိုရဲ့ နာမည်ကျော်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပင်နယ်တီလွဲချော်ခဲ့မှုမှာ သူက အကောင်းဆုံးရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ တာဖာရယ်လ်က ဘရာဇီးလ်အတွက် ၁၀၉ ပွဲအထိ ကစားပေးခဲ့ပါတယ်။

လူစီယို

နာမည်ကျော်ခံစစ်မှူးဟောင်းလူစီယိုက ဘရာဇီးလ်အတွက် ၁၀၅ ပွဲအထိ ကစားပေးခဲ့သူပါ။ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်တို့မှာ ကစားခဲ့ဖူးတဲ့ နောက်ခံကစားသမားကြီးက ဘရာဇီးလ်အတွက်လည်း အကောင်းဆုံးဗဟိုနောက်ခံလူတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လူစီယိုက ဘရာဇီးလ်လူငယ်တွေအအတွက်တော့ စံနမူနာယူစရာ ကစားသမားတစ်ဦးအဖြစ် ရှိခဲ့ပါတယ်။ အသင်းတွင်းမှာ သူ့ရဲ့သြဇာလွှမ်းမိုးနိုင်မှုကလည်း ကြီးမားကျယ်ပြန့်တယ်လို့ ဆိုကြပါတယ်။

ဒန်နီအဲလ်ဗက်စ်

အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ ညာနောက်ခံလူက လောလာလတ်လတ်မှာပဲ အသင်းခေါင်းဆောင်အဖြစ်နဲ့ ၂၀၁၉ ကိုပါအမေရိကဖလားကို ဘရာဇီးလ်အတွက် ရယူပေးနိုင်ခဲ့ပါတယ်။ ကစားသမားဘဝမှာ ဆုဖလားပေါင်း ၄ဝအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ အဲဗက်စ်က ကစားသမားဘဝကို ၁၇ နှစ်တာကျင်လည်ခဲ့ပြီးလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း သူက ကစားနေဆဲဖြစ်ပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့လို နာမည်ကျော်အသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ ဘရာဇီးလ်အတွက် အဲဗက်စ်က ၁၀၇ ပွဲအထိ ကစားပေးထားပြီး ဒီအရေအတွက်က ထပ်မံတိုးမြင့်လာဖွယ်လည်းရှိနေပါတယ်။

ရောဘတ်တိုကားလို့စ်

ကမ္ဘာ့အကောင်းဆုံးအစွန်နောက်ခံလူတစ်ဦးအဖြစ် ကားလို့စ်က နာမည်ကျော်ကြားခဲ့ပါတယ်။ သူ့ရဲ့ သစ်ရွက်ခြွေကန်နည်းဆိုတဲ့ ဖရီးကစ်ကန်သွင်းချက်ကလည်း နာမည်ကျော်ပါပဲ။ ပြင်သစ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဖရီးကစ်သွင်းဂိုးဆိုရင် သိပ္ပံနည်းကျစမ်းသပ်မှုတွေတောင် ပြုလုပ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း အောင်မြင်မှုအများအပြားရရှိခဲ့သူဖြစ်ပြီး ဘရာဇီးလ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူပါ။ ကားလို့စ်ကတော့ ဘရာဇီးလ်အတွက် ပွဲပေါင်း ၁၂၅ ပွဲအထိ ကစားပေးနိုင်ခဲ့ပါတယ်။

ကာဖူး

ဘောလုံးသမိုင်းထဲက အကောင်းဆုံးကစားသမားတစ်ဦးလို့ ဆိုရမယ့် ကာဖူးရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က တော်တော်လေးကို မြင့်မားခဲ့ပါတယ်။ ခေါင်းဆောင်နိုင်မှုအရည်အသွေးလည်း မြင့်မားပြီး အေစီမီလန်မှာ အချိန်အကြာကြီးကစားပေးခဲ့သူဖြစ်ပါတယ်။ ဘရာဇီးလ်အတွက်လည်း ၁၄၂ ပွဲအထိ ကစားပေးခြဲ့့ပီး စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦး၊ အရည်အသွေးအပြည့်ဝဆုံးခံစစ်ကစားသမားတစ်ဦးလို့ ကာဖူးကို ချီးကျူးခဲ့ကြပါတယ်။

မွတ္ခ်က္မ်ား။