ရွ၀ိန္းစတိုင္ဂါရဲ႕ ကစားသမားဘ၀အေကာင္းဆံုးအခိုက္အတန္႔မ်ား

‘Man United should play like Liverpool’ – Solskjaer

နာမည္ေက်ာ္ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ရွ၀ိန္းစတိုင္ဂါကေတာ့ သူ႔ရဲ႕ ၁၇ ႏွစ္ၾကာ ကစားသမားဘ၀ကို ျပည္ဖံုးကားခ်သြားခဲ့ျပီျဖစ္ပါတယ္။ ျပီးခဲ့တဲ့ အပတ္အတြင္းမွာ စတိုင္ဂါက သူ႔ရဲ႕ ကစားသမားဘ၀ကို အဆံုးသတ္လိုက္ျပီလို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ ခ်ီကာဂိုဖိုင္းယားအသင္းအတြက္ ကစားေပးခဲ့ျပီးေနာက္မွာ ဂ်ာမနီရဲ႕ Power House တစ္လံုးလို႔ တင္စားခံခဲ့ရတဲ့ ကြင္းလယ္လူက အနားယူခဲ့တာျဖစ္ပါတယ္။ စတိုင္ဂါရဲ႕ ကစားသမားဘ၀မွာ ထင္ရွားခဲ့တဲ့ ျဖစ္ရပ္ေတြ အမ်ားၾကီးရွိခဲ့ျပီး အဲဒီထဲကမွ အမွတ္ရစရာအေကာင္းဆံုး အခိုက္အတန္႔ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Eintracht Frankfurt’s Japanese Eagles: Makoto Hasebe & Daichi “ The New Kagawa” Kamada

ဘိုင္ယန္ျမဴးနစ္အတြက္ စတင္ကစားေပးျခင္း

သူ႔အသက္ငယ္ငယ္ေလးကတည္းက ဘိုင္ယန္ျမဴးနစ္က သူ႔ ႏွလံုးသားထဲမွာ ရွိေနခဲ့တဲ့ အသင္းပါ။ အသက္ ၁၈ ႏွစ္အရြယ္မွာပဲ သူက ဘိုင္ယန္ကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ အသင္းနဲ႔အတူ ေလ့က်င့္ခန္း ၂ၾကိမ္ပဲ ဆင္းရေသးခ်ိန္္မွာ နည္းျပေအာ့တမာဟစ္ဇ္ဖဲလ္က သူ႔ကို
အသင္းၾကီးအတြက္ ေခၚယူခဲ့ကာ ပြဲထြက္ခြင့္ေပးခဲ့ပါတယ္။ ျပင္သစ္ကလပ္လန္းစ္အသင္းနဲ႔ ၃ ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ပါ၀င္ကစားေပးခဲ့ရတာျဖစ္ျပီး စတိုင္ဂါက ဘိုင္ယန္ကစားသမားဘ၀ကို အစျပဳခဲ့ပါတယ္။ ဘိုင္ယန္အတြက္ ပြဲေပါင္း ၅၀၀ ေက်ာ္ကစားေပးခဲ့ျပီး ဆုဖလား
အမ်ားအျပားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ႏိုင္ငံတကာကစားသမားဘ၀အစ

၂၀၀၄ ခုႏွစ္မွာ စတိုင္ဂါက ဂ်ာမနီလက္ေရြးစင္ကစားသမားအျဖစ္ ဟန္ေဂရီနဲ႔ပဲြမွာ ပါ၀င္ကစားေပးခဲ့ရပါတယ္။ ယူရိုဖလားျပိဳင္ပြဲအျဖစ္ ကစားေပးခဲ့၇တာျဖစ္ျပီး ဂ်ာမနီက ဟန္ေဂရီကို ၂-၀ နဲ႔ အေရးနိမ့္ခဲ့သလို ဂ်ာမနီကလည္း အုပ္စုကပဲ ထြက္ခြာခဲ့ရပါတယ္။ ဒါေပမယ့္လည္း စတိုင္ဂါက အသင္းအတြက္ ေျခစြမ္းျပကစားေပးႏိင္ခဲ့ျပီး အဲဒီေနာက္မွာ အဓိကကစားသမားအျဖစ္ ပါ၀င္ခြင့္ရရွိခဲ့ပါတယ္။ ဂ်ာမနီအတြက္ ၁၂၁ပြဲအထိ ကစားေပးခဲ့ျပီး အသင္းနဲ႔အတူ ကမၻာ့ဖလားကိုပါ ဆြတ္ခူးႏို္င္ခဲ့ပါတယ္။

၂၀၀၆ ကမၻာ့ဖလား

ေပၚတူဂီနဲ႔ ကစားခဲ့တဲ့ ကမၻာ့ဖလားတတိယလုပြဲမွာ စတိုင္ဂါက ဂ်ာမနီအတြက္ အထူးေျခစြမ္းျပခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာ အီတလီကို အေရးနိမ့္ခဲ့လို႔ ေပၚတူဂီနဲ႔ ကစားခဲ့ရတာျဖစ္ျပီး စတိုင္ဂါက ႏွစ္ဂိုးသြင္းေပးခဲ့ပါတယ္။ ပထမတစ္ဂိုးကေတာ့ ၂၅ ကိုက္အကြာကေန ကန္သြင္းယူခဲ့တဲ့ ဖရီးကစ္သြင္းဂိုးျဖစ္ျပီး ေတာ္ေတာ္ေလးလွပခဲ့ပါတယ္။ အဆိုပါပြဲစဥ္နဲ႔ ေန႔ရက္က စတိုင္ဂါအတြက္ေတာ့ ေမ့မရတဲ့ေန႔တစ္ရက္ျဖစ္ခဲ့မွာ အေသအခ်ာပါပဲ။

ေနရာေျပာင္းလဲကစားခဲ့ရမႈ

စတိုင္ဂါကို ကြငး္လယ္ကစားသမားအျဖစ္ လူသိမ်ားခဲ့ေပမယ့္ အရင္တုန္းက သူက ေတာင္ပံကစားသမားအျဖစ္ ကစားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကြင္းလယ္ေနရာစံုမွာကစားႏိုင္တဲ့ သူ႔အရည္အေသြးေၾကာင့္ ကလပ္နဲ႔ ႏိုင္ငံနည္းျပေတြက သူ႔ကို ကြင္းလယ္ပိုင္းမွာ ထားရွိခဲ့ျပီး ကစားေစခဲ့ပါတယ္။ စတိုင္ဂါကလည္း ဗဟိုကြင္းလယ္ေနရာမွာ အေကာင္းဆံုးကစားေပးႏိုင္ခဲ့ျပီးေတာ့ အသင္းရဲ႕ ဟန္ခ်က္ကို တည္ျငိမ္ေအာင္ ထိန္းသိမ္းေပးႏိုင္ခဲ့ျပီး မရွိမျဖစ္ကြင္းလယ္လူတစ္ဦးအျဖစ္ပါ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဘိုင္ယန္နဲ႔အတူ တစ္ရာသီတည္းဖလားသံုးလံုးဆြတ္ခူးခဲ့

၂၀၁၁-၁၂ ေဘာလံုးရာသီမွာေတာ့ ဘိုင္ယန္က ဖလားသံုးလံုးဆြတ္ခူးခဲ့ပါတယ္။ လက္ရွိခ်န္ပီယံေဒါ့မြန္ထက္ ၂၅ မွတ္အကြာနဲ႔ ဘြန္ဒက္လီဂါဖလားကို ဆြတ္ခူးႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ဘာစီလိုနာကို ႏွစ္ေက်ာ့ေပါင္း ၇-၀ နဲ႔ အႏိုင္ယူခဲ့ျပီး ဗိုလ္လုပြဲမွာ ေဒါ့မြန္ကိုပါ
ိထပ္မံအႏိုင္ရခဲ့ပါတယ္။ အဆိုပါရာသီမွာပဲ စတိုင္ဂါက ဂ်ာမနီရဲ႕ တစ္နွစ္တာအေကာင္းဆံုးကစားသမားဆုကို ဆြတ္ခူးခဲ့ပါေသးတယ္။ ဂ်က္ေဟးနပ္ခ္လက္ထက္မွာ ဘိုင္ယန္က ဖလားသံုးလံုးဆြတ္ခူးႏိုင္ခဲ့ျပီး စတိုင္ဂါက အသင္းရဲ႕ အသည္းႏွလံုးျဖစ္ခဲ့ပါတယ္။

ကမၻာ့ဖလားေအာင္ပြဲ

၂၀၁၄ ကမၻာ့ဖလားျပိဳင္ပြဲမွာေတာ့ ဂ်ာမနီတို႔ ဗိုလ္စြဲခဲ့ပါတယ္။ ဗိုလ္လုပြဲမွာ အာဂ်င္တီးနားကို ၁-၀ နဲ႔ အႏိုင္ယူခဲ့ျပီး အဆိုပါပြဲမွာ စတိုင္ဂါက အျခားေသာကစားသမားေတြထက္ သာလြန္တဲ့ ဖ်က္ထုတ္မႈေတြကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒူးဒဏ္ရာျပသနာရွိေနခဲ့ေပမယ့္လည္း စတိုင္ဂါက ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ ဘရာဇီးလ္ကို ၇-၁ နဲ႔ပါ ဂ်ာမနီက အႏိုင္ယူခဲ့တဲ့ပြဲလည္း ပါ၀င္ခဲ့ျပီး စတိုင္ဂါအတြက္ ဘယ္ေတာ့မွေမ့လို႔မရမယ့္ ပြဲလည္းျဖစ္ပါတယ္။ အသင္းနဲ႔အတူ ကမၻာ့ဖလားကိုပါ ကိုင္ေျမွာက္ႏိုင္ခဲ့ျပီး ကစားသမားဘ၀မွာ အျမင့္ဆံုးဆုဖလားရရွိခဲ့ပါတယ္။

Unicode

နာမည်ကျော်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ရှဝိန်းစတိုင်ဂါကတော့ သူ့ရဲ့ ၁၇ နှစ်ကြာ ကစားသမားဘဝကို ပြည်ဖုံးကားချသွားခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်းမှာ စတိုင်ဂါက သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ချီကာဂိုဖိုင်းယားအသင်းအတွက် ကစားပေးခဲ့ပြီးနောက်မှာ ဂျာမနီရဲ့ Power House တစ်လုံးလို့ တင်စားခံခဲ့ရတဲ့ ကွင်းလယ်လူက အနားယူခဲ့တာဖြစ်ပါတယ်။ စတိုင်ဂါရဲ့ ကစားသမားဘဝမှာ ထင်ရှားခဲ့တဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပြီး အဲဒီထဲကမှ အမှတ်ရစရာအကောင်းဆုံး အခိုက်အတန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အတွက် စတင်ကစားပေးခြင်း

သူ့အသက်ငယ်ငယ်လေးကတည်းက ဘိုင်ယန်မြူးနစ်က သူ့ နှလုံးသားထဲမှာ ရှိနေခဲ့တဲ့ အသင်းပါ။ အသက် ၁၈ နှစ်အရွယ်မှာပဲ သူက ဘိုင်ယန်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်း ၂ကြိမ်ပဲ ဆင်းရသေးချိန််မှာ နည်းပြအော့တမာဟစ်ဇ်ဖဲလ်က သူ့ကို
အသင်းကြီးအတွက် ခေါ်ယူခဲ့ကာ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ ပြင်သစ်ကလပ်လန်းစ်အသင်းနဲ့ ၃ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပြီး စတိုင်ဂါက ဘိုင်ယန်ကစားသမားဘဝကို အစပြုခဲ့ပါတယ်။ ဘိုင်ယန်အတွက် ပွဲပေါင်း ၅၀၀ ကျော်ကစားပေးခဲ့ပြီး ဆုဖလား
အများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။

နိုင်ငံတကာကစားသမားဘဝအစ

၂၀၀၄ ခုနှစ်မှာ စတိုင်ဂါက ဂျာမနီလက်ရွေးစင်ကစားသမားအဖြစ် ဟန်ဂေရီနဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ရပါတယ်။ ယူရိုဖလားပြိုင်ပွဲအဖြစ် ကစားပေးခဲ့ရတာဖြစ်ပြီး ဂျာမနီက ဟန်ဂေရီကို ၂-၀ နဲ့ အရေးနိမ့်ခဲ့သလို ဂျာမနီကလည်း အုပ်စုကပဲ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့်လည်း စတိုင်ဂါက အသင်းအတွက် ခြေစွမ်းပြကစားပေးနိင်ခဲ့ပြီး အဲဒီနောက်မှာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဂျာမနီအတွက် ၁၂၁ပွဲအထိ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုပါ ဆွတ်ခူးနို်င်ခဲ့ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလား

ပေါ်တူဂီနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားတတိယလုပွဲမှာ စတိုင်ဂါက ဂျာမနီအတွက် အထူးခြေစွမ်းပြခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ အီတလီကို အရေးနိမ့်ခဲ့လို့ ပေါ်တူဂီနဲ့ ကစားခဲ့ရတာဖြစ်ပြီး စတိုင်ဂါက နှစ်ဂိုးသွင်းပေးခဲ့ပါတယ်။ ပထမတစ်ဂိုးကတော့ ၂၅ ကိုက်အကွာကနေ ကန်သွင်းယူ
ခဲ့တဲ့ ဖရီးကစ်သွင်းဂိုးဖြစ်ပြီး တော်တော်လေးလှပခဲ့ပါတယ်။ အဆိုပါပွဲစဉ်နဲ့ နေ့ရက်က စတိုင်ဂါအတွက်တော့ မေ့မရတဲ့နေ့တစ်ရက်ဖြစ်ခဲ့မှာ အသေအချာပါပဲ။

နေရာပြောင်းလဲကစားခဲ့ရမှု

စတိုင်ဂါကို ကွငး်လယ်ကစားသမားအဖြစ် လူသိများခဲ့ပေမယ့် အရင်တုန်းက သူက တောင်ပံကစားသမားအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းလယ်နေရာစုံမှာကစားနိုင်တဲ့ သူ့အရည်အသွေးကြောင့် ကလပ်နဲ့ နိုင်ငံနည်းပြတွေက သူ့ကို ကွင်းလယ်ပိုင်းမှာ ထားရှိခဲ့ပြီး ကစားစေခဲ့ပါတယ်။ စတိုင်ဂါကလည်း ဗဟိုကွင်းလယ်နေရာမှာ အကောင်းဆုံးကစားပေးနိုင်ခဲ့ပြီးတော့ အသင်းရဲ့ ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းသိမ်းပေးနိုင်ခဲ့ပြီး မရှိမဖြစ်ကွင်းလယ်လူတစ်ဦးအဖြစ်ပါ ရပ်တည်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်နဲ့အတူ တစ်ရာသီတည်းဖလားသုံးလုံးဆွတ်ခူးခဲ့

၂၀၁၁-၁၂ ဘောလုံးရာသီမှာတော့ ဘိုင်ယန်က ဖလားသုံးလုံးဆွတ်ခူးခဲ့ပါတယ်။ လက်ရှိချန်ပီယံဒေါ့မွန်ထက် ၂၅ မှတ်အကွာနဲ့ ဘွန်ဒက်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၇-၀ နဲ့ အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲမှာ ဒေါ့မွန်ကိုပါ
ိထပ်မံအနိုင်ရခဲ့ပါတယ်။ အဆိုပါရာသီမှာပဲ စတိုင်ဂါက ဂျာမနီရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။ ဂျက်ဟေးနပ်ခ်လက်ထက်မှာ ဘိုင်ယန်က ဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့ပြီး စတိုင်ဂါက အသင်းရဲ့ အသည်းနှလုံးဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားအောင်ပွဲ

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဂျာမနီတို့ ဗိုလ်စွဲခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ၁-၀ နဲ့ အနိုင်ယူခဲ့ပြီး အဆိုပါပွဲမှာ စတိုင်ဂါက အခြားသောကစားသမားတွေထက် သာလွန်တဲ့ ဖျက်ထုတ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒူးဒဏ်ရာပြသနာရှိနေခဲ့ပေမယ့်လည်း စတိုင်ဂါက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်ကို ၇-၁ နဲ့ပါ ဂျာမနီက အနိုင်ယူခဲ့တဲ့ပွဲလည်း ပါဝင်ခဲ့ပြီး စတိုင်ဂါအတွက် ဘယ်တော့မှမေ့လို့မရမယ့် ပွဲလည်းဖြစ်ပါတယ်။ အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့ပြီး ကစားသမားဘဝမှာ အမြင့်ဆုံးဆုဖ

မွတ္ခ်က္မ်ား။