မက္ဆီနဲ႔ေရာ္နယ္ဒိုက သူ႔အတြက္ေတာ့ အေကာင္းဆံုးေတြမဟုတ္ဘူးဆိုတဲ့ ေမာ္ရင္ဟို

‘Man United should play like Liverpool’ – Solskjaer

ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ လီယြန္နယ္မက္ဆီတို႔ဟာ ေဘာလံုးေလာကရဲ႕ အေကာင္းဆံုးကစားသမားေတြမဟုတ္ဘူးလို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္း ေမာ္ရင္ဟိုက ေျပာဆိုသြားခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ ေရာ္နယ္ဒိုနဲ႔အတူ ရီးရဲလ္မက္ဒရစ္မွာ လက္တြဲခဲ့ဖူးသူျဖစ္ျပီး မက္ဆီနဲ႔ေတာ့ ျပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ခဲ့သူျဖစ္ပါတယ္။

Guinea win WAFU Cup Plate final in shootout

အဆိုပါကစားသမားႏွစ္ဦးဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ေဘာလံုးေလာကကိုလႊမ္းမိုးႏိုင္ခဲ့ျပီး သူတို႔ႏွစ္ဦးၾကားမွာ ဘယ္သူကပိုေကာင္းလဲဆိုတဲ့ ေမးခြန္းနဲ႔ပတ္သက္ျပီး အျငင္းပြားမႈေတြရွိေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ေမာ္ရင္ဟိုက အဆိုပါကစားသမားႏွစ္ဦးစလံုးက သူ႔အတြက္ေတာ့ အေကာင္းဆံုးမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ျပီး ဘရာဇီးလ္တိုက္စစ္မွဴးေဟာင္းေရာ္နယ္ဒိုကသာ အေကာင္းဆံုးျဖစ္တယ္လုိ႔ ေျပာဆိုခဲ့ပါတယ္။

“ ကၽြန္ေတာ့္အတြက္ေတာ့ ေရာ္နယ္ဒို (အယ္လ္ဖီႏိုမီႏို) က အေကာင္းဆံုးပါပဲ၊ ခရစၥတီယာႏိုနဲ႔ လီယိုတို႔က ကစားသမားဘ၀မွာ အခ်ိန္အၾကာၾကီး ထင္ေပၚေက်ာ္ၾကားခဲ့ျပီ းေနာက္ထပ္ ၁၅ ႏွစ္ေလာက္အထိ လႊမ္းမိုးႏိုင္မယ့္သူေတြပါ၊ ဒါေပမယ့္ အရည္အေသြးနဲ႔ ကၽြမ္းက်င္မႈေတြကို ထည့္ေျပာမယ္ဆိုရင္ ေရာ္နယ္ဒိုက သူတို႔ထက္ သာလြန္ေကာင္းမြန္ပါတယ္”

“ ဘာစီလိုနာမွာ ေဘာ္ဘီေရာ့ဘ္ဆင္နဲ႔အတူ သူရွိေနခဲ့ျပီး သူက ကၽြန္ေတာ္ျမင္ေတြ႕ခဲ့ဖူးတဲ့ ကစားသမားေတြထဲမွာ အေကာင္းဆံုးလို႔ အျပည့္အ၀ယံုၾကည္ပါတယ္၊ ဒဏ္ရာျပသနာေတြက သူ႔ကစားသမားဘ၀ကို သတ္ခဲ့တာပါ၊ ဒါေပမယ့္ သူ႔က ၁၉ ႏွစ္သားတစ္ဦးရဲ႕ အရည္အေသြးေတြကို မယံုႏိုင္စရာျပသႏိုင္ခဲ့ပါတယ္” လို႔ ေမာ္ရင္ဟိုက ေျပာဆိုသြားခဲ့ပါတယ္။

Unicode

ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေမဟုတ်ဘူးလို့ မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ရော်နယ်ဒိုနဲ့အတူ ရီးရဲလ်မက်ဒရစ်မှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး မက်ဆီနဲ့တော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

အဆိုပါကစားသမားနှစ်ဦးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဘောလုံးလောကကိုလွှမ်းမိုးနိုင်ခဲ့ပြီး သူတို့နှစ်ဦးကြားမှာ ဘယ်သူကပိုကောင်းလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက အဆိုပါကစားသမားနှစ်ဦးစလုံးက သူ့အတွက်တော့ အကောင်းဆုံးမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟောင်းရော်နယ်ဒိုကသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော့်အတွက်တော့ ရော်နယ်ဒို (အယ်လ်ဖီနိုမီနို) က အကောင်းဆုံးပါပဲ၊ ခရစ္စတီယာနိုနဲ့ လီယိုတို့က ကစားသမားဘဝမှာ အချိန်အကြာကြီး ထင်ပေါ်ကျော်ကြားခဲ့ပြီ းနောက်ထပ် ၁၅ နှစ်လောက်အထိ လွှမ်းမိုးနိုင်မယ့်သူတွေပါ၊ ဒါပေမယ့် အရည်အသွေးနဲ့ ကျွမ်းကျင်မှုတွေကို ထည့်ပြောမယ်ဆိုရင် ရော်နယ်ဒိုက သူတို့ထက် သာလွန်ကောင်းမွန်ပါတယ်”

“ ဘာစီလိုနာမှာ ဘော်ဘီရော့ဘ်ဆင်နဲ့အတူ သူရှိနေခဲ့ပြီး သူက ကျွန်တော်မြင်တွေ့ခဲ့ဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ အပြည့်အဝယုံကြည်ပါတယ်၊ ဒဏ်ရာပြသနာတွေက သူ့ကစားသမားဘဝကို သတ်ခဲ့တာပါ၊ ဒါပေမယ့် သူ့က ၁၉ နှစ်သားတစ်ဦးရဲ့ အရည်အသွေးတွေကို မယုံနိုင်စရာပြသနိုင်ခဲ့ပါတယ်” လို့ မော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။