ႏိုင္ငံတကာကစားသမားဘ၀က အနားမယူခင္ ေရာ္နယ္ဒို ရယူႏိုင္ေသးတဲ့ စံခ်ိန္ ၆ ခု

‘Man United still need two or three players’ – Solskjaer

အသက္ ၃၄ ႏွစ္အရြယ္ ရွိေနျပီျဖစ္ေပမယ့္လည္း ေပၚတူဂီတိုက္စစ္မွဴးခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့ ေဘာလံုးေလာကကေန အနားယူဖို႔ အစီအစဥ္မရွိေသးပါဘူး။ ေပၚတူဂီအတြက္ ယူရို ၂၀၂၀ ေျခစစ္ပြဲေတြကို ၀င္ေရာက္ကစားေပးေနခဲ့ျပီးေနာက္ ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံတကာသြင္းဂိုးက ၉၉ ဂိုးအထိ ရွိသြားခဲ့ျပီျဖစ္ပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ အနားမယူေသးခင္အခ်ိန္မွာ ႏိုင္ငံတကာအဆင့္ စံခ်ိန္ ၆ ခုကို ထပ္မံျပီး ရယူႏိုင္မယ့္ အလားအလာေတြလည္း ရွိေနပါတယ္။ အဲဒီ စံခ်ိန္ေတြကေတာ့..။

Rouwen Hennings vs Robert Lewandowski – Two top strikers go head-to-head in Dusseldorf vs Bayern Munich

ႏိုင္ငံတကာဂိုးသြင္းအမ်ားဆံုးကစားသမား

လက္ရွိမွာ အီရန္တိုက္စစ္မွဴးအလီဒါေယးက သြင္းဂိုး ၁၀၉ ဂိုးနဲ႔ ဦးေဆာင္ေနတာပါ။ ေရာ္နယ္ဒိုကေတာ့ ၉၉ ဂိုးရရွိထားျပီး ၁၀ ဂိုးကြာဟေနတာျဖစ္ပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ လာမယ့္ႏွစ္အတြင္းမွာသာ ၁၁ ဂိုးသြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ႏိုင္ငံတကာဂိုးသြင္းအမ်ားဆံုးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို အလီဒါေယးဆီက လႊဲေျပာင္းရယူႏိုင္မွာလည္း ျဖစ္ပါတယ္။

ပြဲအမ်ားဆံုးကစားသမား

ေရာ္နယ္ဒိုက ေပၚတူဂီအတြက္ လက္ရွိအခ်ိန္ထိ ၁၆၄ ပြဲကစားေပးထားခဲ့ျပီးျဖစ္ပါတယ္။ လက္ရွိမွာ ႏိုင္ငံတကာပြဲအမ်ားဆံုးကစားေပးထားသူကေတာ့ အီဂ်စ္ကစားသမားေဟာင္း အာမက္ဟန္ဆန္ျဖစ္ျပီး ၁၉၉၅ ကေန ၂၀၁၂ အတြင္းမွာ ၁၈၄ ပြဲကစားေပးထားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒိုအေနနဲ႔ ေနာက္ထပ္ ပြဲ ၂၀ ေလာက္ကစားဖို႔ ရွိေနျပီး သူ႔ရဲ႕အသက္အရြယ္နဲ႔ ၾကံ့ခို္င္မႈအေနအထားေပၚ မူတည္ျပီး ဒီစံခ်ိန္ကို ရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါမယ္။

ကမၻာ့ဖလားဂိုးသြင္းရွင္

ကမၻာ့ဖလားျပိဳင္ပြဲေလးၾကိမ္အထိ ဂိုးသြင္းဖူးတဲ့ ကစားသမားက စုစုေပါင္းေလးဦးသာရွိျပီး ေရာ္နယ္ဒိုက တစ္ဦးအပါအ၀င္ျဖစ္ပါတယ္။ ေနာက္ထပ္ ၃ ႏွစ္အၾကာ ကာတာမွာ က်င္းပမယ့္ ကမၻာ့ဖလားျပိဳင္ပြဲကို ေရာ္နယ္ဒို ပါ၀င္ႏိုင္ဖို႔ကေတာ့ ခက္ခဲလြန္းပါတယ္။ ဒါေပမယ့္လည္း သူ႔အေနနဲ႔ အသက္ ၃၇ ႏွစ္အရြယ္ထိ ကစားေနႏိုင္ဦးမယ္ဆိုရင္ေတာ့ ကမၻာ့ဖလားျပိဳင္ပြဲ ငါးၾကိမ္မွာ ဂိုးသြင္းႏိုင္တဲ့ ကစားသမားျဖစ္လာဖို႔ အခြင့္အေရးက ရွိေနပါတယ္။ မီရိုဆလပ္ကလို႔စ္၊ ပီလီ၊ ဆီလာတို႔ရဲ႕ စံခ်ိန္ကိုလည္း ေက်ာ္ျဖတ္ႏိုင္မွာပါ။

ယူရိုျပိဳင္ပြဲ ၅ ၾကိမ္ကစားခြင့္ရမယ့္ ကစားသမား

လက္ရွိမွာ အီကာကာဆီးလက္စ္က ယူရိုျပိဳင္ပြဲကစားဖို႔ ငါးၾကိမ္အထိ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ဒါေပမယ့္ တကယ္တမ္းမွာ သူက ၃ၾကိမ္သာ ၀င္ေရာက္ကစားေပးခြင့္ရခဲ့ပါတယ္။ ေနာက္ဆံုးအဆင့္ျပိဳင္ပြဲကို ေလးၾကိမ္အထိ ၀င္ေရာက္ကစားခြင့္ရထားတဲ့ ကစားသမားေတြအျဖစ္ ေရာ္နယ္ဒို၊ ဇလာတန္ နဲ႔ ဘတ္ဖြန္တို႔ ရွိေနခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ ့အၾကိမ္တိုင္းမွာ ၀င္ေရာက္ကစားေပးခြင့္ရထားခဲ့ျပီး ယူရို ၂၀၂၀ ျပိဳင္ပြဲကို ၀င္ေရာက္ကစားခဲ့မယ္ဆိုရင္ ငါးၾကိမ္တိတိ ပါ၀င္ကစားေပးႏို္ငသူျဖစ္လာမွာပါ။

ယူရိုထိပ္တန္းဂိုးသြင္းရွင္

ယူရို ၂၀၁၆ ျပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္မွာ ေရာ္နယ္ဒိုက ေ၀းလ္အသင္းဘက္ကို ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ဒီအတြက္ သူက ပလာတီနီရဲ႕ ဂိုးသြင္းႏႈန္းနဲ႔ တူညီသြားခဲ့ပါတယ္။ လက္ရွိမွာ ေရာ္နယ္ဒိုက ၀ိန္းရြန္နီ၊ ဇလာတန္၊ သီယာရီအြန္နရီတို႔ထက္ သြင္းဂိုးပိုမိုမ်ားျပားေနျပီးေတာ့ ယူရို ၂၀၂၀ ျပိဳင္ပြဲကို ၀င္ေရာက္ကစားခြင့္လည္းရမယ္၊ ဂိုးလည္းသြင္းႏိုင္မယ္ဆိုရင္ သူက ယူရိုမွာ ဂိုးသြင္းအမ်ားဆံုးကစားသမားျဖစ္လာဖို႔ရွိေနပါတယ္။

ယူရိုႏိုင္ပြဲအမ်ားဆံုးရကစားသမား

အင္နီေယစတာနဲ႔ ဖာဘရီဂတ္တိ႔ုက ၁၁ပြဲစီ အႏိုင္ယူထားျပီး ႏိုင္ပြဲအမ်ားဆံုးရကစားသမားေတြျဖစ္ေနပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုကသာ ေနာက္ေႏြရာသီမွာ ပါ၀င္ကစားျပီး ႏိုင္ပြျေတြရခဲ့မယ္ဆိုရင္ သူတို႔စံခ်ိန္ကို ေက်ာ္ျဖတ္သြားႏိုင္မွာပါ။ ေရာ္နယ္ဒိုက လက္ရွိမွာ ၁၀ပြဲအထိ အႏိုင္ကစားထားႏိုင္ခဲ့ျပီး တစ္ပြဲႏိုင္လိုက္တာနဲ႔ စပိန္ကစားသမားႏွစ္ဦးစံခ်ိန္နဲ႔ တူညီေတာ့မွာပါ။

Unicode

အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုကတော့ ဘောလုံးလောကကနေ အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။ ပေါ်တူဂီအတွက် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေကို ဝင်ရောက်ကစားပေးနေခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးက ၉၉ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အနားမယူသေးခင်အချိန်မှာ နိုင်ငံတကာအဆင့် စံချိန် ၆ ခုကို ထပ်မံပြီး ရယူနိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။ အဲဒီ စံချိန်တွေကတော့..။

နိုင်ငံတကာဂိုးသွင်းအများဆုံးကစားသမား

လက်ရှိမှာ အီရန်တိုက်စစ်မှူးအလီဒါယေးက သွင်းဂိုး ၁၀၉ ဂိုးနဲ့ ဦးဆောင်နေတာပါ။ ရော်နယ်ဒိုကတော့ ၉၉ ဂိုးရရှိထားပြီး ၁၀ ဂိုးကွာဟနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ လာမယ့်နှစ်အတွင်းမှာသာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် နိုင်ငံတကာဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အလီဒါယေးဆီက လွှဲပြောင်းရယူနိုင်မှာလည်း ဖြစ်ပါတယ်။

ပွဲအများဆုံးကစားသမား

ရော်နယ်ဒိုက ပေါ်တူဂီအတွက် လက်ရှိအချိန်ထိ ၁၆၄ ပွဲကစားပေးထားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတကာပွဲအများဆုံးကစားပေးထားသူကတော့ အီဂျစ်ကစားသမားဟောင်း အာမက်ဟန်ဆန်ဖြစ်ပြီး ၁၉၉၅ ကနေ ၂၀၁၂ အတွင်းမှာ ၁၈၄ ပွဲကစားပေးထားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ နောက်ထပ် ပွဲ ၂၀ လောက်ကစားဖို့ ရှိနေပြီး သူ့ရဲ့အသက်အရွယ်နဲ့ ကြံ့ခို်င်မှုအနေအထားပေါ် မူတည်ပြီး ဒီစံချိန်ကို ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ကမ္ဘာ့ဖလားဂိုးသွင်းရှင်

ကမ္ဘာ့ဖလားပြိုင်ပွဲလေးကြိမ်အထိ ဂိုးသွင်းဖူးတဲ့ ကစားသမားက စုစုပေါင်းလေးဦးသာရှိပြီး ရော်နယ်ဒိုက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ နောက်ထပ် ၃ နှစ်အကြာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရော်နယ်ဒို ပါဝင်နိုင်ဖို့ကတော့ ခက်ခဲလွန်းပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အသက် ၃၇ နှစ်အရွယ်ထိ ကစားနေနိုင်ဦးမယ်ဆိုရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ငါးကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာဖို့ အခွင့်အရေးက ရှိနေပါတယ်။ မီရိုဆလပ်ကလို့စ်၊ ပီလီ၊ ဆီလာတို့ရဲ့ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်မှာပါ။

ယူရိုပြိုင်ပွဲ ၅ ကြိမ်ကစားခွင့်ရမယ့် ကစားသမား

လက်ရှိမှာ အီကာကာဆီးလက်စ်က ယူရိုပြိုင်ပွဲကစားဖို့ ငါးကြိမ်အထိ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ သူက ၃ကြိမ်သာ ဝင်ရောက်ကစားပေးခွင့်ရခဲ့ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို လေးကြိမ်အထိ ဝင်ရောက်ကစားခွင့်ရထားတဲ့ ကစားသမားတွေအဖြစ် ရော်နယ်ဒို၊ ဇလာတန် နဲ့ ဘတ်ဖွန်တို့ ရှိနေခဲ့ပါတယ်။ ရော်နယ်ဒိုကတော ့အကြိမ်တိုင်းမှာ ဝင်ရောက်ကစားပေးခွင့်ရထားခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက်ကစားခဲ့မယ်ဆိုရင် ငါးကြိမ်တိတိ ပါဝင်ကစားပေးနို်ငသူဖြစ်လာမှာပါ။

ယူရိုထိပ်တန်းဂိုးသွင်းရှင်

ယူရို ၂၀၁၆ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ရော်နယ်ဒိုက ဝေးလ်အသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒီအတွက် သူက ပလာတီနီရဲ့ ဂိုးသွင်းနှုန်းနဲ့ တူညီသွားခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ၀ိန်းရွန်နီ၊ ဇလာတန်၊ သီယာရီအွန်နရီတို့ထက် သွင်းဂိုးပိုမိုများပြားနေပြီးတော့ ယူရို ၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်လည်းရမယ်၊ ဂိုးလည်းသွင်းနိုင်မယ်ဆိုရင် သူက ယူရိုမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာဖို့ရှိနေပါတယ်။

ယူရိုနိုင်ပွဲအများဆုံးရကစားသမား

အင်နီယေစတာနဲ့ ဖာဘရီဂတ်တို့က ၁၁ပွဲစီ အနိုင်ယူထားပြီး နိုင်ပွဲအများဆုံးရကစားသမားတွေဖြစ်နေပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကသာ နောက်နွေရာသီမှာ ပါဝင်ကစားပြီး နိုင်ပြွတွေရခဲ့မယ်ဆိုရင် သူတို့စံချိန်ကို ကျော်ဖြတ်သွားနိုင်မှာပါ။ ရော်နယ်ဒိုက လက်ရှိမှာ ၁ဝပွဲအထိ အနိုင်ကစားထားနိုင်ခဲ့ပြီး တစ်ပွဲနိုင်လိုက်တာနဲ့ စပိန်ကစားသမားနှစ်ဦးစံချိန်နဲ့ တူညီတော့မှာပါ။

မွတ္ခ်က္မ်ား။