ဘလြန္းဒီေအာဆုကို ေျခာက္ၾကိမ္ေျမာက္ ဆြတ္ခူးသြားခဲ့တဲ့ မက္ဆီ

Ljungberg has ‘got no indications’ regarding Arsenal future

၂၀၁၉ ခုႏွစ္အတြက္ ဘလြန္းဒီေအာဆုကိုေတာ့ ဘာစီလိုနာအသင္းက မက္ဆီက ရရွိသြားခဲ့ျပီ ျဖစ္ပါတယ္။ ဒါဟာ မက္ဆီအေနနဲ႔ ဒီဆုကို ၆ ၾကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ျပီး ေဘာလံုးသမုိင္းမွာ ဘလြန္းဒီေအာဆုအမ်ားဆံုးရ ကစားသမားအျဖစ္ ျပတ္ျပတ္သားသားရပ္တည္ႏိုင္
ခဲ့ျပီျဖစ္ျပီး အနီးကပ္ျပိဳင္ဘက္ေရာ္နယ္ဒိုထက္ တစ္ၾကိမ္အသာစီးရရွိသြားခဲ့ျပီျဖစ္ပါတယ္။

Guardiola insists he wants no new players in January

မက္ဆီအေနနဲ႔ ဗန္ဒိုက္၊ ေရာ္နယ္ဒိုတို႔နဲ႔အျပိဳင္အဆိုင္ျဖစ္ခဲ့ျပီး ေက်ာ္ျဖတ္ခဲ့ရတာျဖစ္ပါတယ္။ ဗန္ဒိုက္ကေတာ့ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရျပီး ကင္နာဗာရိုးေနာက္ပိုင္း ဒီဆုကို ဆြတ္ခူးတဲ့ ပထမဆံုးေနာက္ခံကစားသမားျဖစ္လာမယ့္ အခြင့္အေရးနဲ႔လည္း လြဲေခ်ာ္ခဲ့ရပါတယ္။ ေရာ္နယ္ဒိုအတြက္လည္း မက္ဆီနဲ႔ တန္းတူရပ္တည္ေနရာကေန ေက်ာ္ျဖတ္ခံခဲ့ရျပီျဖစ္ပါတယ္။

မက္ဆီကေတာ့ ဘာစီလိုနာအတြက္ ၂၀၁၉ ခုႏွစ္အတြင္းမွာ ေတာ္ေတာ္ေလးေျခစြမ္းျပခဲ့ပါတယ္။ အက္သလက္တီကိုမက္ဒရစ္နဲ႔ ကစားခ့ဲတဲ့ပြဲအျပီးမွာ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ျပီးေနာက္ ၂၀၁၉ ခုႏွစ္အတြင္း ၄၄ပြဲကစားခဲ့အျပီးမွာ ၄၁ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ စုစုေပါင္းဂိုးဖန္တီးမႈ ၁၅ၾကိမ္ျပဳလုပ္ႏိုင္ခဲ့ျပီး အသင္းနဲ႔အတူ လာလီဂါဖလားဆြတ္ခူးခဲ့ပါတယ္။

ျပီးခဲ့တဲ့ စက္တင္ဘာလအတြင္းကပဲ ကမၻာ့ေဘာလံုးအဖြဲ႔ခ်ဳပ္က ေပးအပ္ခ်ီးျမွင့္ေနတဲ့ The Best ဆုကို မက္ဆီက ပူပူေႏြးေႏြးရရွိထားသူျဖစ္ပါတယ္။ အခုအခါမွာလည္း ဘလြန္းဒီေအာဆုကို ထပ္မံျပီး ရယူႏိုင္ခဲ့ျပီျဖစ္လို႔ မက္ဆီအတြက္ေတာ့ ေက်နပ္စရာျဖစ္လာခဲ့ပါတယ္။ ဘလြန္းဒီေအာဆုသမုိင္းမွာလည္း မက္ဆီရဲ႕ စံခ်ိန္ကို လိုက္မီႏိုင္ဖို႔က မလြယ္ကူတဲ့အေနအထားမွာ ရွိသြားခဲ့ပါျပီ။

Unicode

၂၀၁၉ ခုနှစ်အတွက် ဘလွန်းဒီအောဆုကိုတော့ ဘာစီလိုနာအသင်းက မက်ဆီက ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ မက်ဆီအနေနဲ့ ဒီဆုကို ၆ ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ဘောလုံးသမိုင်းမှာ ဘလွန်းဒီအောဆုအများဆုံးရ ကစားသမားအဖြစ် ပြတ်ပြတ်သားသားရပ်တည်နိုင်
ခဲ့ပြီဖြစ်ပြီး အနီးကပ်ပြိုင်ဘက်ရော်နယ်ဒိုထက် တစ်ကြိမ်အသာစီးရရှိသွားခဲ့ပြီဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ဗန်ဒိုက်၊ ရော်နယ်ဒိုတို့နဲ့အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဗန်ဒိုက်ကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ကင်နာဗာရိုးနောက်ပိုင်း ဒီဆုကို ဆွတ်ခူးတဲ့ ပထမဆုံးနောက်ခံကစားသမားဖြစ်လာမယ့် အခွင့်အရေးနဲ့လည်း လွဲချော်ခဲ့ရပါတယ်။ ရော်နယ်ဒိုအတွက်လည်း မက်ဆီနဲ့ တန်းတူရပ်တည်နေရာကနေ ကျော်ဖြတ်ခံခဲ့ရပြီဖြစ်ပါတယ်။

မက်ဆီကတော့ ဘာစီလိုနာအတွက် ၂၀၁၉ ခုနှစ်အတွင်းမှာ တော်တော်လေးခြေစွမ်းပြခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ပွဲအပြီးမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်း ၄၄ပွဲကစားခဲ့အပြီးမှာ ၄၁ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ စုစုပေါင်းဂိုးဖန်တီးမှု ၁၅ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အသင်းနဲ့အတူ လာလီဂါဖလားဆွတ်ခူးခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်နေတဲ့ The Best ဆုကို မက်ဆီက ပူပူနွေးနွေးရရှိထားသူဖြစ်ပါတယ်။ အခုအခါမှာလည်း ဘလွန်းဒီအောဆုကို ထပ်မံပြီး ရယူနိုင်ခဲ့ပြီဖြစ်လို့ မက်ဆီအတွက်တော့ ကျေနပ်စရာဖြစ်လာခဲ့ပါတယ်။ ဘလွန်းဒီအောဆုသမိုင်းမှာလည်း မက်ဆီရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့က မလွယ်ကူတဲ့အနေအထားမှာ ရှိသွားခဲ့ပါပြီ။

မွတ္ခ်က္မ်ား။