အေကာင္းဆံုးဂိုးသမားဆု (Yachine Trophy) ကို ဆြတ္ခူးႏိုင္ခဲ့တဲ့ အယ္လစ္ဆန္

Ljungberg has ‘got no indications’ regarding Arsenal future

လီဗာပူးလ္အသင္းရဲ႕ ဂိုးသမားအယ္လစ္ဆန္ဟာ ၂၀၁၉ ခုႏွစ္အတြက္ ယာရွင္ဆုကို ရရွိသြားခဲ့ျပီျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္ဂိုးသမားဟာ ဘာစီလုိနာက တာစတီဂန္နဲ႔ မန္စီးတီးက အီဒါဆန္တို႔ကို ေက်ာ္ျဖတ္ကာ အႏိုင္ရရွိခ့ဲတာျဖစ္ျပီး ကမၻာ့အေကာင္းဆံုး
ဂိုးသမားအျဖစ္ သတ္မွတ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

Guardiola insists he wants no new players in January

လီဗာပူးလ္အသင္း ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့ရာမွာ အယ္လစ္ဆန္က အဓိကေနရာကေန ပါ၀င္ေပးခဲ့ပါတယ္။ ဘရာဇီးလ္အတြက္လည္း ကိုပါအေမရိကဖလားကို ဆြတ္ခူးေပးႏိုင္ခဲ့သလုိ လက္ရွိေဘာလံုးရာသီမွာလည္း သူက အသင္းအတြက္ လက္စြမ္းျပေနခဲ့ကာ အမွတ္ေပးဇယားထိပ္ဆံုးကိုေရာက္ရွိေအာင္ ကူညီေပးထားခဲ့ပါတယ္။

 

တာစတီဂန္က ဒုတိယနဲ႔ အီဒါဆန္က တတိယေနရာ ရရွိခဲ့ပါတယ္။ အယ္လစ္ဆန္ကေတာ့ ျပီးခဲ့တဲ့ရာသီကလည္း ပရီးမီးယားလိဂ္ေရႊလက္အိတ္ဆု၊ ခ်န္ပီယံလိဂ္ေရႊလက္အိတ္ဆု၊ ကိုပါျပိဳင္ပြဲရဲ႕ ေရႊလက္အိတ္ဆုတို႔ကို ဆြတ္ခူးထားႏိုင္ခဲ့သူျဖစ္ပါတယ္။ အခုအခါမွာ ယာရွင္ဆုကိုပါထပ္မံရရွိခဲ့လို႔ သူ႔အတြက္ေတာ့ ေတာ္ေတာ္ေလးကို ထူးျခားတဲ့ ႏွစ္အပိုင္းအျခားျဖစ္လာခဲ့ပါတယ္။

ကီပါ၊ ဟူဂိုလိုရစ္၊ ေအာ့ဘလက္ခ္၊ ဒီဂီယာ၊ ဟန္ဒါႏိုဗစ္၊ ႏူအာ၊ အိုနာနာ နဲ႔ ဆက္ဇနီ အစရွိတဲ့ နာမည္ေက်ာ္ဂုိးသမားေတြကိုလည္း သူက ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ အယ္လစ္ဆန္ဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ေဘာလံုးရာသီမွာ စုစုေပါင္း ၂၁ပြဲအထိ ေပးဂိုးမရွိစြမ္းေဆာင္ႏိုင္ခဲ့ျပီးေတာ့ကမၻာ့အေကာင္းဆံုးဂိုးသမားတစ္ဦးအျဖစ္ စာရင္း၀င္လာခဲ့သူျဖစ္ပါတယ္။

Unicode

လီဗာပူးလ်အသင်းရဲ့ ဂိုးသမားအယ်လစ်ဆန်ဟာ ၂၀၁၉ ခုနှစ်အတွက် ယာရှင်ဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်ဂိုးသမားဟာ ဘာစီလိုနာက တာစတီဂန်နဲ့ မန်စီးတီးက အီဒါဆန်တို့ကို ကျော်ဖြတ်ကာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး
ဂိုးသမားအဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ရာမှာ အယ်လစ်ဆန်က အဓိကနေရာကနေ ပါဝင်ပေးခဲ့ပါတယ်။ ဘရာဇီးလ်အတွက်လည်း ကိုပါအမေရိကဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သလို လက်ရှိဘောလုံးရာသီမှာလည်း သူက အသင်းအတွက် လက်စွမ်းပြနေခဲ့ကာ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိအောင် ကူညီပေးထားခဲ့ပါတယ်။

တာစတီဂန်က ဒုတိယနဲ့ အီဒါဆန်က တတိယနေရာ ရရှိခဲ့ပါတယ်။ အယ်လစ်ဆန်ကတော့ ပြီးခဲ့တဲ့ရာသီကလည်း ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆု၊ ချန်ပီယံလိဂ်ရွှေလက်အိတ်ဆု၊ ကိုပါပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုတို့ကို ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ အခုအခါမှာ ယာရှင်ဆုကိုပါထပ်မံရရှိခဲ့လို့ သူ့အတွက်တော့ တော်တော်လေးကို ထူးခြားတဲ့ နှစ်အပိုင်းအခြားဖြစ်လာခဲ့ပါတယ်။

ကီပါ၊ ဟူဂိုလိုရစ်၊ အော့ဘလက်ခ်၊ ဒီဂီယာ၊ ဟန်ဒါနိုဗစ်၊ နူအာ၊ အိုနာနာ နဲ့ ဆက်ဇနီ အစရှိတဲ့ နာမည်ကျော်ဂိုးသမားတွေကိုလည်း သူက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အယ်လစ်ဆန်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ စုစုပေါင်း ၂၁ပွဲအထိ ပေးဂိုးမရှိစွမ်းဆောင်နိုင်ခဲ့ပြီးတော့ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးအဖြစ် စာရင်းဝင်လာခဲ့သူဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။