အနားယူရဖို့ အချိန်တွေက ချဉ်းကပ်လာနေပြီလို့ ပြောဆိုခဲ့တဲ့ မက်ဆီ
Salzburg head coach Marsch disappointed with defeat by Liverpool
Guardiola insists he wants no new players in January
Unicode
ဘလွန်းဒီအောဆုကို ၆ ကြိမ်မြောက် ရရှိခဲ့အပြီးမှာ မက်ဆီက သူ့အနေနဲ့ နှစ်အနည်းငယ်ဘောလုံးဆက်ကစားနေမှာဖြစ်ပေမယ့်လည်း ကစားသမားဘဝကနေ အနားယူဖို့အတွက်သာ ဖြစ်လာလိမ့်မယ်လို့ ပြောဆိုသွားခဲ့့ပါတယ်။ လီဗာပူးလ်နောက်ခံလူဗန်ဒိုက်နဲ့ ဂျူဗင်တပ်စ်
တိုက်စစ်မှူးရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ မက်ဆီက ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။
ဒါဟာ ဘလွန်းဒီအောဆုသမိုင်းမှာ မက်ဆီက ၆ ကြိမ်အထိ ရရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဆုကို လက်ခံရယူအပြီးမှာ မက်ဆီက ကစားသမားဘဝကနေ အနားယူဖို့အတွက် နီးကပ်လာပြီလို့ သွယ်ဝိုက်ပြောဆိုသွားခဲ့ပြီး သူ့ကို ရွေးချယ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
“ ပထမဆုံးအနေနဲ့ ကျွန်တော့်ကို မဲပေးရွေးချယ်ခဲ့တဲ့ ဂျာနယ်လစ်တွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ကလပ်အသင်း၊ လက်ရွေးစင်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်၊ ပဲရစ်မှာ ရရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ပထမဆုံးဘလွန်းဒီအောဆုကို သတိရမိပါတယ်၊ ကျွန်တော့်အသက် ၂၂ နှစ်ပဲရှိသေးပြီးတော့ ဘယ်လိုမှ မထင်ထားခဲ့ဘူး”
“ အခုတော့ ၁၀ ကြာမြင့်သွားပါပြီ၊ ကျွန်တော် ဒီဆုကို ခြောက်ကြိမ်မြောက်ရရှိခဲ့ပြီး အရာအားလုံးကကွဲပြားခြားနားနေခဲ့ပါပြီ၊ ကျွန်တော့်အသက် ဘယ်လောက်ရှိနေပြီလဲဆိုတာကိုလည်း ကျွန်တော်သတိပြုမိပါတယ်၊ လက်ရှိမှာတော့ ကျွန်တော်အရမ်းပျော်ရွှင်နေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်အနားယူရမယ့်အချိန်တွေကို တဖြည်းဖြည်းနဲ့ ရောက်ရှိနေလို့ဖြစ်ပါတယ်၊ ဒါက အရမ်းခက်ခဲပါတယ်၊ ဘောလုံးလောက၊ မိသားစုနဲ့ အရာရာတိုင်းမှာပျော်ရွှင်မှုတွေရှိနေဖို့ကို ကျွန်တော်မျှော်လင့်ပါတယ်” လို့ မက်ဆီက ပြောသွားခဲ့ပါတယ်။
မွတ္ခ်က္မ်ား။