သူ့စံချိန်ကို ရော်နယ်ဒိုလိုက်မီခဲ့တုန်းက စိတ်ရှုပ်ထွေးခဲ့ရတယ်လို့ ၀န်ခံလိုက်တဲ့ မက်ဆီ
Salzburg head coach Marsch disappointed with defeat by Liverpool
ရရှိခဲ့ပြီး ရော်နယ်ဒိုက မက်ဆီရဲ့ စံချိန်ကို လိုက်မီအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
Wolves boss Nuno lashes out at ‘crazy’ schedule
Unicode
ဘလွန်းဒီအောဆုကို ၆ ကြိမ်မြောက်ဆွတ်ခူးသွားခဲ့ပြီဖြစ်တဲ့ မက်ဆီက သူ့ရဲ့ ၅ ကြိမ်ရရှိထားတဲ့ စံချိန်ကို ရော်နယ်ဒိုက လိုက်မီခဲ့ချိန်မှာ စိတ်ရှုပ်ထွေးမှုတွေဖြစ်ခဲ့ရတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ မက်ဆီကတော့ ဘလွန်းဒီအောကို ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ နဲ့ ၂၀၁၅ တို့မှာ
ရရှိခဲ့ပြီး ရော်နယ်ဒိုက မက်ဆီရဲ့ စံချိန်ကို လိုက်မီအောင်စွမ်းဆောင်နို်င်ခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွက်တော့ မက်ဆီက ရရှိသွားခဲ့ပြီး ရော်နယ်ဒိုထက် တစ်ကြိမ်အသာစီးရရှိသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး မက််ဆီရဲ့ ဘလွန်းဒီအော်စံချိန်ကို လိုက်မီဖို့က ခက်ခဲသွားခဲ့ပြီဖြစ်ပြီး မက်ဆီအနေနဲ့ ထိပ်ဆုံးမှာ
လွတ်လွတ်ကျွတ်ကျွတ်ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
“ သူ ကျွန်တော်နဲ့ တူညီသွားခဲ့ချိန်မှာ နည်းနည်းတော့ စိတ်ရှုပ်ထွေးခဲ့ရပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် သမိုင်းမှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာကို ကျွန်တော်မသိဘူး၊ ကျွန်တော့်ကစားသမားဘဝကိုတော့ ကျွန်တော်ကောင်းကောင်းကစားလို့ရသေးတယ်လို့
ခံစားရတဲ့အချိန်ထိတော့ ဖြတ်သန်းသွားမှာပါ”
“ ကျွန်တော့်ခန္ဓာကိုယ်က ခွင့်မပြုတော့ရင်တော့ စွန့်လွှတ်ရမှာပေါ့၊ အနာဂတ်ကို ကျွန်တော်မတွေးတောချင်ဘူး” လို့ မက်ဆီက France Football နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ ဘလွန်းဒီအော်ဆုကို စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ခြောက်ကြိမ်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
မွတ္ခ်က္မ်ား။