အဂၤလန္တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို ဟန္ဒါဆန္ဆြတ္ခူး

Zack Steffen’s Top 3 Saves of the 2019/20 Bundesliga season so far

လီဗာပူးလ္အသင္းေခါင္းေဆာင္ဟန္ဒါဆန္ဟာ အဂၤလန္တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို စတာလင္နဲ႔ ဟယ္ရီကိန္းတို႔ကို ေက်ာ္ျဖတ္ျပီး ဆြတ္ခူးသြားခဲ့ျပီျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ႏွစ္မွာ အဂၤလန္အသင္းအတြက္ ၇ ပြဲအထိ အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ျပီး မြန္တီနီဂရိုးနဲ႔ပြဲမွာ လက္ေရြးစင္ပြဲ ၅၀ ျပည့္ေျမာက္ခဲ့ပါတယ္။

AFC U23 Championship Highlights – Australia vs Bahrain

အဂၤလန္အသင္းယူရိုေျခစစ္ပြဲေအာင္ျမင္ခဲ့ရာမွာလည္း ဟန္ဒါဆန္က အဓိကကစားသမားအျဖစ္ ပါ၀င္ခဲ့ကာ အဂၤလန္အသင္းကို ေနးရွင္းလိဂ္ျပိဳင္ပြဲမွာ တတိယေနရာရရွိေစခဲ့ပါတယ္။ လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့ျပီးေနာက္ ဥေရာပစူပါဖလား၊ ကလပ္ကမၻာ့ဖလားေတြကိုပါ ဟန္ဒါဆန္က အသင္းေခါင္းေဆာင္အျဖစ္ ကိုင္ေျမွာက္ႏိုင္ခဲ့ပါတယ္။

အဂၤလန္ပရိသတ္ေတြရဲ႕ မဲေပးေရြးခ်ယ္မႈအရ ဟန္ဒါဆန္က အေကာင္းဆံုးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့၇တာျဖစ္ျပီး သူ႔အတြက္ေတာ့ ကစားသမားဘ၀မွာ အေအာင္ျမင္ဆံုးအခုိက္အတန္႔ျဖစ္လာခဲ့ပါတယ္။ ဒီရာသီမွာ လီဗာပူးလ္အသင္းပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ဖို႔ အေျခအေနေကာင္းေနျပီး ဟန္ဒါဆန္က အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ဖလားကိုင္ေျမွာက္ဖူးတဲ့ ပထမဆံုးအသင္းေခါင္းေဆာင္အျဖစ္ မွတ္တမ္း၀င္ႏိုင္ဖြယ္ရာလည္း ရွိေနပါတယ္။

နာမည္ေက်ာ္ကြင္းလယ္လူေတြလို ထူးျခားေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ကို ဟန္ဒါဆန္က မျပသနိုင္ခဲ့ေပမယ့္ အသင္းကိုအေကာင္းဆံုးဦးေဆာင္ႏိုင္သူ၊ လုပ္အားႏႈန္းေကာင္းတဲ့ ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ အေကာင္းဆံုးအမ်ိဳးသမီးဆုကိုေတာ့ လိုင္ယြန္ေနာက္ခံလူလူစီဘရြန္႔ဇ္က ဆြတ္ခူးသြားခဲ့ပါတယ္။

Unicode

လီဗာပူးလ်အသင်းခေါင်းဆောင်ဟန်ဒါဆန်ဟာ အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စတာလင်နဲ့ ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်မှာ အင်္ဂလန်အသင်းအတွက် ၇ ပွဲအထိ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး မွန်တီနီဂရိုးနဲ့ပွဲမှာ လက်ရွေးစင်ပွဲ ၅၀ ပြည့်မြောက်ခဲ့ပါတယ်။

အင်္ဂလန်အသင်းယူရိုခြေစစ်ပွဲအောင်မြင်ခဲ့ရာမှာလည်း ဟန်ဒါဆန်က အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ကာ အင်္ဂလန်အသင်းကို နေးရှင်းလိဂ်ပြိုင်ပွဲမှာ တတိယနေရာရရှိစေခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတွေကိုပါ ဟန်ဒါဆန်က အသင်းခေါင်းဆောင်အဖြစ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုအရ ဟန်ဒါဆန်က အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး သူ့အတွက်တော့ ကစားသမားဘဝမှာ အအောင်မြင်ဆုံးအခိုက်အတန့်ဖြစ်လာခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အသင်းပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းနေပြီး ဟန်ဒါဆန်က အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်ဖူးတဲ့ ပထမဆုံးအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်နိုင်ဖွယ်ရာလည်း ရှိနေပါတယ်။

နာမည်ကျော်ကွင်းလယ်လူတွေလို ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ဟန်ဒါဆန်က မပြသနိုင်ခဲ့ပေမယ့် အသင်းကိုအကောင်းဆုံးဦးဆောင်နိုင်သူ၊ လုပ်အားနှုန်းကောင်းတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသမီးဆုကိုတော့ လိုင်ယွန်နောက်ခံလူလူစီဘရွန့်ဇ်က ဆွတ်ခူးသွားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။