တစ္ေန႔ကို အစားအေသာက္ ၆ ၾကိမ္အထိ စားေသာက္ေနတဲ့ ေရာ္နယ္ဒို

Zack Steffen’s Top 3 Saves of the 2019/20 Bundesliga season so far

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တုိက္စစ္မွဴးေရာ္နယ္ဒိုဟာ တစ္ေန႔ကို အစား ၆ ၾကိမ္အထိ စားေသာက္ေနတယ္လုိ႔ သိရပါတယ္။ ခႏၶာကိုယ္ၾကံ့ခိုင္မႈနဲ႔ သန္စြမ္းေနေစဖို႔ကို ေတာ္ေတာ္ေလးအေလးထားတဲ့ ဒီတိုက္စစ္မွဴးက အစားအေသာက္ပိုင္းမွာလည္း ဂရုစိုက္ကာ စားေသာက္ေနထိုင္ေလ့ရွိသူတစ္ဦးအျဖစ္ ပရိသတ္ေတြၾကားမွာ ထင္ရွားသူျဖစ္ပါတယ္။

Top 5 Defenders of the 2019/20 Bundesliga season so far

ေရာ္နယ္ဒိုအေနနဲ႔ မနက္စာအျဖစ္ ဒိန္ခဲနဲ႔ ၀က္ေပါင္ေျခာက္၊ အဆီမပါတဲ့ ဒိန္ခ်ဥ္တို႔ကို စားသံုးျပီး ေန႔လည္စာပထမအၾကိမ္အျဖစ္ ၾကက္သားနဲ႔ အသီးအရြက္သုပ္ကို စားေသာက္ေလ့ရွိပါတယ္။ ေနာက္ထပ္ေန႔လည္စာတစ္ၾကိမ္အျဖစ္ တူနာငါး၊ သံလြင္ဆီ၊ ဥ နဲ႔ ခရမ္းခ်ဥ္သီးတိ႔ကို စားသံုးျပီး အဆာေျပအျဖစ္ သစ္သီး နဲ႔ ေထာပတ္သီးတို႔ကို စားေသာက္တယ္လုိ႔ ဆုိပါတယ္။

ညစာကိုလည္း သူက ႏွစ္ၾကိမ္စားေသာက္ျပီး ပထမတစ္ၾကိမ္မွာ ငါးတစ္မ်ိဳးျဖစ္တဲ့ ဓားရွည္ႏႈတ္သီးငါး နဲ႔ အသီးအရြက္သုပ္၊ ေနာက္တစ္ၾကိမ္မွာ အသားကင္နဲ႔ ျပည္ၾကီးငါးတို႔ကို စားေသာက္တာျဖစ္ပါတယ္။ ဒီလိုေန႔တုိင္းစားေသာက္တဲ့အျပင္ ေရာ္နယ္ဒိုက အားကစားခန္းမမွာလည္း ေန႔တိုင္းေလ့က်င့္မႈေတြကို ျပဳလုပ္ေနခဲ့ျပီး ၾကံ့ခိုင္မႈျပည့္၀ေအာင္ အားထုတ္ေနခဲ့တာျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ လက္ရွိအခ်ိန္ထိ ထိပ္တန္းအဆင့္မွာ ကစားေနဆဲျဖစ္ျပီး သူ႔ရဲ႕ ၾကံ့ခိုင္မႈပိုင္းအေပၚမွာ အံ့အားသင့္မႈေတြရွိေနခဲ့ျပီး ေလ့လာမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။ ေရာ္နယ္ဒိုရဲ႕ အစားအေသာက္စားေသာက္မႈပံုစံ၊ ေန႔စဥ္ေလ့က်င့္ခန္းျပဳလုပ္မႈေတြက အခုလို ကိုယ္ခႏၶာကိုပိုင္ဆိုင္ေနခဲ့တာျဖစ္တယ္လုိ႔ သိရွိရတာျဖစ္ပါတယ္။

Unicode

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ တစ်နေ့ကို အစား ၆ ကြိမ်အထိ စားသောက်နေတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သန်စွမ်းနေစေဖို့ကို တော်တော်လေးအလေးထားတဲ့ ဒီတိုက်စစ်မှူးက အစားအသောက်ပိုင်းမှာလည်း ဂရုစိုက်ကာ စားသောက်နေထိုင်လေ့ရှိသူတစ်ဦးအဖြစ် ပရိသတ်တွေကြားမှာ ထင်ရှားသူဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ မနက်စာအဖြစ် ဒိန်ခဲနဲ့ ဝက်ပေါင်ခြောက်၊ အဆီမပါတဲ့ ဒိန်ချဉ်တို့ကို စားသုံးပြီး နေ့လည်စာပထမအကြိမ်အဖြစ် ကြက်သားနဲ့ အသီးအရွက်သုပ်ကို စားသောက်လေ့ရှိပါတယ်။ နောက်ထပ်နေ့လည်စာတစ်ကြိမ်အဖြစ် တူနာငါး၊ သံလွင်ဆီ၊ ဥ နဲ့ ခရမ်းချဉ်သီးတိ့ကို စားသုံးပြီး အဆာပြေအဖြစ် သစ်သီး နဲ့ ထောပတ်သီးတို့ကို စားသောက်တယ်လို့ ဆိုပါတယ်။

ညစာကိုလည်း သူက နှစ်ကြိမ်စားသောက်ပြီး ပထမတစ်ကြိမ်မှာ ငါးတစ်မျိုးဖြစ်တဲ့ ဓားရှည်နှုတ်သီးငါး နဲ့ အသီးအရွက်သုပ်၊ နောက်တစ်ကြိမ်မှာ အသားကင်နဲ့ ပြည်ကြီးငါးတို့ကို စားသောက်တာဖြစ်ပါတယ်။ ဒီလိုနေ့တိုင်းစားသောက်တဲ့အပြင် ရော်နယ်ဒိုက အားကစားခန်းမမှာလည်း နေ့တိုင်းလေ့ကျင့်မှုတွေကို ပြုလုပ်နေခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝအောင် အားထုတ်နေခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိအချိန်ထိ ထိပ်တန်းအဆင့်မှာ ကစားနေဆဲဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းအပေါ်မှာ အံ့အားသင့်မှုတွေရှိနေခဲ့ပြီး လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ရော်နယ်ဒိုရဲ့ အစားအသောက်စားသောက်မှုပုံစံ၊ နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်မှုတွေက အခုလို ကိုယ်ခန္ဓာကိုပိုင်ဆိုင်နေခဲ့တာဖြစ်တယ်လို့ သိရှိရတာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။