အၾကိတ္အနယ္ျဖစ္ေနတဲ့ ဥေရာပေရႊဖိနပ္ဆုတိုက္ပြဲ

Zack Steffen’s Top 3 Saves of the 2019/20 Bundesliga season so far

သက္ဆိုင္ရာလိဂ္ျပိဳင္ပြဲေတြမွာ ဂိုးသြင္းအမ်ားဆံုးကစားသမားအေနနဲ႔ ဂိုးသြင္းဘုရင္ဆိုတဲ့ ဆုကို လက္ခံရယူႏိုင္မွာျဖစ္ပါတယ္။ ဒီလိုပဲ လိဂ္အလိုက္ဂိုးအမ်ားဆံုးသြင္းႏိုင္သူကို ဥေရာပဂိုးသြင္းဘုရင္ဆု ခ်ီးျမွင့္ေပးအပ္ေလ့ရွိျပီး နာမည္ေက်ာ္တိုက္စစ္မွဴးေတြအတြက္ မက္ေမာဖြယ္ရာဆုတစ္ခုအျဖစ္လည္း ရွိေနခဲ့ပါတယ္။ ဒီလိုေပးအပ္ရာမွာ ဥေရာပတိုက္တ၀ွမ္းက လိဂ္ေတြပါ၀င္ျပီး လိဂ္အဆင့္အတန္းအလိုက္ ရမွတ္ခြဲျခားထားပါတယ္။ ထိပ္တန္းလိဂ္ေတြကိုေတာ့ သြင္းဂိုးတစ္ဂိုးကို ၂မွတ္သတ္မွတ္ထားျပီး ၁.၅ မွတ္၊ ၁ မွတ္စသျဖင့္ အဆင့္နိမ့္လိဂ္ေတြကိုေတာ့ သတ္မွတ္ေပးထားပါတယ္။

Top 5 Goalkeepers of the 2019/20 Bundesliga season so far

ဒီရာသီ ဥေရာပေရႊဖိနပ္ဆုအတြက္ ျပိဳင္ပြဲမွာလည္း အၾကိတ္အနယ္ျဖစ္ေနပါတယ္။ ျပီးခဲ့တဲ့ရာသီမွာ မက္ဆီနဲ႔ ဘတ္ပီတို႔က ေနာက္ဆံုးအခ်ိန္ထိ ျပိဳင္ဆိုင္ခဲ့ရသလို ဒီရာသီမွာလည္း အလားတူျပိဳင္ဆိုင္မႈမ်ိဳးကို ျမင္ေတြ႔ရဖို႔ရွိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ပထမေနရာကေန တတိယေနရာအတြင္းက ကစားသမားေတြၾကားမွာ သြင္းဂိုးကြာဟမႈက တစ္ဂိုးစီသာရွိေနလို႔ပါ။ လက္ရွိမွာ ဂိုးသြင္းအမ်ားဆံုးကစားသမားအျဖစ္ စီးရီးေအကလပ္လာဇီယိုတိုက္စစ္မွဴး အီမီဘီလီက သြင္းဂိုး ၂၀နဲ႔ ရပ္တည္ေနပါတယ္။ စုစုေပါင္း ၁၈ ပြဲကစားအျပီးမွာ ဂိုး၂၀ သြင္းယူထားတာျဖစ္ျပီး ထိပ္တန္းလိဂ္ ၅ခုမွာ သြင္းဂိုး ၂၀ ပထမဆံုးျပည့္ေျမာက္ခဲ့တဲ့ ကစားသမားလည္းျဖစ္ပါတယ္။

ဒုတိယေနရာမွာေတာ့ ဘိုင္ယန္ျမဴးနစ္တိုက္စစ္မွဴး လီ၀န္ေဒါစကီးရွိေနျပီး သြင္းဂိုးစုစုေပါင္း ၁၉ ဂိုးသြင္းယူထားတာပါ။ ဘြန္ဒက္လီဂါရဲ႕ သမုိင္း၀င္စံခ်ိန္ေတြကို ေက်ာ္ျဖတ္ျပခဲ့တဲ့ ဒီတုိက္စစ္မွဴးကလည္း ေတာ္ေတာ္ေလးေျခစြမ္းျပခဲ့ျပီး ဂိုးေတြသြင္းေနခဲ့တာပါ။ ဘိုင္ယန္ရဲ႕ အဓိကဂိုးသြင္းစက္ျဖစ္ျပီး အီမိုဘီလီကို အခ်ိန္မေရြးျပန္လည္ေက်ာ္တက္သြားႏိုင္တဲ့အေနအထားမွာ ရွိေနပါတယ္။ တတိယေနရာမွာေတာ့ လိုက္ဇစ္တိုက္စစ္မွဴးတီမို၀ါနာက သြင္းဂိုး ၁၇ ဂိုးနဲ႔ ရွိေနပါတယ္။ ဂ်ာမနီတိုက္စစ္မွဴးက လိုက္ဇစ္ကို ေဆာင္းရာသီခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့သလို သူ႔ရဲ႕သြင္းဂိုးေတြနဲ႔ ခ်န္ပီယံဖလားေမွ်ာ္လင့္ႏိုင္တဲ့အထိပါ ထမ္းတင္ေပးထားႏိုင္ခဲ့ပါတယ္။

ထူးျခားမႈတစ္ခုကေတာ့ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ ရပ္တည္မႈပါ။ အသက္အရြယ္အရ အက်ပိုင္းေရာက္လာျပီဆိုတာကို ျငင္းဆန္လို႔မရတဲ့ အခ်က္အလက္ေတြကို ဒီကစားသမားေတြဆီမွာ ေတြ႔ျမင္ရတာလည္းျဖစ္ပါတယ္။ မက္ဆီက ၁၃ဂိုးသာ ရရွိထားျပီး ေရာ္နယ္ဒိုကလည္း ၁၄ဂိုးသာ ရရွိထားလို႔ ဒီကစားသမားေတြနဲ႔ ကြာဟမႈက အနည္းငယ္ေတာ့ မ်ားတယ္လုိ႔ဆိုရမွာပါ။ လိုက္မီႏိုင္တဲ့အေနအထားမွာ ရွိေနေပမယ့္ သူတုိ႔က တစ္ရာသီလံုးကို ပြဲတုိင္းကစားဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ အကန္႔အသတ္နဲ႔သာ ကစားရဖြယ္ရွိျပီး အေရးမၾကီးတဲ့ပြဲတခ်ိဳ႕မွာ အနားေပးခံရဖြယ္ရွိတာေၾကာင့္ လိုက္မီႏိုင္ဖို႔က ပံုမွန္ထက္ေတာ့ အားထုတ္ဖို႔ လိုေနမွာပါ။

ဥေရာပရဲ႕ ထိပ္ထိပ္ၾကဲတိုက္စစ္မွဴးေတြရဲ႕ ျပိဳင္ဆိုင္မႈၾကားမွာ ဘီလာရုစ္၊ စလိုေဗးနီးယားလိဂ္က ကစားသမားေတြကလည္း ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ပါ၀င္ေနၾကပါတယ္။ ဒါေပမယ့္ လိဂ္အဆင့္အတန္းနိမ့္က်မႈေၾကာင့္ သူတို႔ရဲ႕ သြင္းဂိုးေတြက ပိုမိုမ်ားျပားေနေပမယ့္လည္း ရမွတ္က ေလ်ာ့နည္းေနလို႔ နာမည္ေက်ာ္တိုက္စစ္မွဴးေတြရဲ႕ ေအာက္မွာသာ ရပ္တည္ေနခဲ့ရပါတယ္။ လိဂ္ျပိဳင္ပြဲေတြက အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ ျပိဳင္ဆိုင္ေနၾကသလို တစ္ဖက္မွာလည္း တစ္ဦးခ်င္းဆုအတြက္ ကစားသမားအခ်င္းခ်င္းရဲ႕ ယွဥ္ျပိဳင္ေနမႈေတြကလည္း ေတာ္ေတာ္ေလးအၾကိတ္အနယ္ရွိလာျပီျဖစ္ပါတယ္။

Unicode

သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံးကစားသမားအနေနဲ့ ဂိုးသွင်းဘုရင်ဆိုတဲ့ ဆုကို လက်ခံရယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုပဲ လိဂ်အလိုက်ဂိုးအများဆုံးသွင်းနိုင်သူကို ဥရောပဂိုးသွင်းဘုရင်ဆု ချီးမြှင့်ပေးအပ်လေ့ရှိပြီး နာမည်ကျော်တိုက်စစ်မှူးတွေအတွက် မက်မောဖွယ်ရာဆုတစ်ခုအဖြစ်လည်း ရှိနေခဲ့ပါတယ်။ ဒီလိုပေးအပ်ရာမှာ ဥရောပတိုက်တဝှမ်းက လိဂ်တွေပါဝင်ပြီး လိဂ်အဆင့်အတန်းအလိုက် ရမှတ်ခွဲခြားထားပါတယ်။ ထိပ်တန်းလိဂ်တွေကိုတော့ သွင်းဂိုးတစ်ဂိုးကို ၂မှတ်သတ်မှတ်ထားပြီး ၁.၅ မှတ်၊ ၁ မှတ်စသဖြင့် အဆင့်နိမ့်လိဂ်တွေကိုတော့ သတ်မှတ်ပေးထားပါတယ်။

ဒီရာသီ ဥရောပရွှေဖိနပ်ဆုအတွက် ပြိုင်ပွဲမှာလည်း အကြိတ်အနယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ မက်ဆီနဲ့ ဘတ်ပီတို့က နောက်ဆုံးအချိန်ထိ ပြိုင်ဆိုင်ခဲ့ရသလို ဒီရာသီမှာလည်း အလားတူပြိုင်ဆိုင်မှုမျိုးကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ပထမနေရာကနေ တတိယနေရာအတွင်းက ကစားသမားတွေကြားမှာ သွင်းဂိုးကွာဟမှုက တစ်ဂိုးစီသာရှိနေလို့ပါ။ လက်ရှိမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စီးရီးအေကလပ်လာဇီယိုတိုက်စစ်မှူး အီမီဘီလီက သွင်းဂိုး ၂ဝနဲ့ ရပ်တည်နေပါတယ်။ စုစုပေါင်း ၁၈ ပွဲကစားအပြီးမှာ ဂိုး၂၀ သွင်းယူထားတာဖြစ်ပြီး ထိပ်တန်းလိဂ် ၅ခုမှာ သွင်းဂိုး ၂၀ ပထမဆုံးပြည့်မြောက်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဒုတိယနေရာမှာတော့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးရှိနေပြီး သွင်းဂိုးစုစုပေါင်း ၁၉ ဂိုးသွင်းယူထားတာပါ။ ဘွန်ဒက်လီဂါရဲ့ သမိုင်းဝင်စံချိန်တွေကို ကျော်ဖြတ်ပြခဲ့တဲ့ ဒီတိုက်စစ်မှူးကလည်း တော်တော်လေးခြေစွမ်းပြခဲ့ပြီး ဂိုးတွေသွင်းနေခဲ့တာပါ။ ဘိုင်ယန်ရဲ့ အဓိကဂိုးသွင်းစက်ဖြစ်ပြီး အီမိုဘီလီကို အချိန်မရွေးပြန်လည်ကျော်တက်သွားနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ တတိယနေရာမှာတော့ လိုက်ဇစ်တိုက်စစ်မှူးတီမိုဝါနာက သွင်းဂိုး ၁၇ ဂိုးနဲ့ ရှိနေပါတယ်။ ဂျာမနီတိုက်စစ်မှူးက လိုက်ဇစ်ကို ဆောင်းရာသီချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့သွင်းဂိုးတွေနဲ့ ချန်ပီယံဖလားမျှော်လင့်နိုင်တဲ့အထိပါ ထမ်းတင်ပေးထားနိုင်ခဲ့ပါတယ်။

ထူးခြားမှုတစ်ခုကတော့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ရပ်တည်မှုပါ။ အသက်အရွယ်အရ အကျပိုင်းရောက်လာပြီဆိုတာကို ငြင်းဆန်လို့မရတဲ့ အချက်အလက်တွေကို ဒီကစားသမားတွေဆီမှာ တွေ့မြင်ရတာလည်းဖြစ်ပါတယ်။ မက်ဆီက ၁၃ဂိုးသာ ရရှိထားပြီး ရော်နယ်ဒိုကလည်း ၁၄ဂိုးသာ ရရှိထားလို့ ဒီကစားသမားတွေနဲ့ ကွာဟမှုက အနည်းငယ်တော့ များတယ်လို့ဆိုရမှာပါ။ လိုက်မီနိုင်တဲ့အနေအထားမှာ ရှိနေပေမယ့် သူတို့က တစ်ရာသီလုံးကို ပွဲတိုင်းကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အကန့်အသတ်နဲ့သာ ကစားရဖွယ်ရှိပြီး အရေးမကြီးတဲ့ပွဲတချို့မှာ အနားပေးခံရဖွယ်ရှိတာကြောင့် လိုက်မီနိုင်ဖို့က ပုံမှန်ထက်တော့ အားထုတ်ဖို့ လိုနေမှာပါ။

ဥရောပရဲ့ ထိပ်ထိပ်ကြဲတိုက်စစ်မှူးတွေရဲ့ ပြိုင်ဆိုင်မှုကြားမှာ ဘီလာရုစ်၊ စလိုဗေးနီးယားလိဂ်က ကစားသမားတွေကလည်း ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ပါဝင်နေကြပါတယ်။ ဒါပေမယ့် လိဂ်အဆင့်အတန်းနိမ့်ကျမှုကြောင့် သူတို့ရဲ့ သွင်းဂိုးတွေက ပိုမိုများပြားနေပေမယ့်လည်း ရမှတ်က လျော့နည်းနေလို့ နာမည်ကျော်တိုက်စစ်မှူးတွေရဲ့ အောက်မှာသာ ရပ်တည်နေခဲ့ရပါတယ်။ လိဂ်ပြိုင်ပွဲတွေက အရှိန်အဟုန်ကောင်းကောင်းနဲ့ ပြိုင်ဆိုင်နေကြသလို တစ်ဖက်မှာလည်း တစ်ဦးချင်းဆုအတွက် ကစားသမားအချင်းချင်းရဲ့ ယှဉ်ပြိုင်နေမှုတွေကလည်း တော်တော်လေးအကြိတ်အနယ်ရှိလာပြီဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။