(၂၁) ရာစုရဲ႕ အေကာင္းဆံုး ဆုနဲ႔ေ၀းကြာခဲ့ရတ့ဲ ကမာၻေက်ာ္မ်ား

Nadal & Pique at centre of charity event to help coronavirus fight in Spain

ဘလြန္းဒီေအာဆုဆိုတာ ေဘာလံုးေလာကမွာ အျမင့္မားဆံုး တစ္ဦးခ်င္းဆုတစ္ခုပါ။ ဆႏၵမဲေပးတဲ့ ပံုစံနဲ႔ ေရြးခ်ယ္တဲ့ ဆုလည္း ျဖစ္တယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ကစားသမားတခ်ိဳ႕ဟာ ဒီဆုနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းကို ျပသႏိုင္ခဲ့ေပမယ့္ ဘလြန္းဒီေအာဆုနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ အဲဒီကစားသမားေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သီယာရီအြန္နရီ (၂၀၀၄)

အာဆင္နယ္နဲ႔အတူ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ဆုဖလားကို အြန္နရီက ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒီစံခ်ိန္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ပထမဆံုးပိုင္ဆိုင္ခဲ့တဲ့အသင္းအျဖစ္ အာဆင္နယ္ကို မွတ္တမ္း၀င္ေစခဲ့ပါတယ္။ အြန္နရီဟာလည္း ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုကို ရရွိခဲ့ပါတယ္။ အားကစားကေလာင္ရွင္မ်ားက ေပးအပ္တဲ့ အေကာင္းဆံုးကစားသမားဆုကလည္း သူ႔အတြက္ ျဖစ္ခဲ့တာပါ။ ယူအီးအက္ဖ္ေအ၊ ပရီးမီးယားလိဂ္တို႔ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးအသင္းမွာလည္း အြန္နရီက ထိပ္ဆံုးက ပါ၀င္ေနခဲ့ျပီး ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကိုေရာ၊ ဥေရာပေရႊဖိနပ္ဆုကိုပါ သူပဲ ရခဲ့တာပါ။ သူက ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ အဲဒီႏွစ္မွာ (၄၆)ဂိုးအထိ သြင္းယူခဲ့တာပါ။ ဒါေပမယ့္ အဆိုပါအခ်ိန္က အေကာင္းဆံုးဆုကိုေတ့ာ ေအစီမီလန္တိုက္စစ္မွဴး ရွက္ခ်န္ကိုက ရရွိသြားခဲ့ပါတယ္။ အြန္နရီက အဲဒီေဘာလံုးရာသီမွာ ရွက္ခ်န္ကိုထက္ သာလြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ေပမယ့္ စိတ္မေကာင္းဖြယ္ရာ လြဲေခ်ာ္ခဲ့ရသလို ရွက္ခ်န္ကို၊ ေဒကို နဲ႔ ေရာ္နယ္ဒင္ဟိုတို႔ရဲ႕ေနာက္ နံပါတ္ (၄)ေနရာမွာသာ မဲေပးေရြးခ်ယ္ခံခဲ့ရပါတယ္။

၂။ အင္နီေယစတာ (၂၀၁၀)

ဘာစီလုိနာအတြက္ လာလီဂါ၊ စပိန္အတြက္ ကမၻာ့ဖလားတို႔ကို အင္နီေယစတာက အဓိကအခန္းက႑ကေန ပါ၀င္ျပီး ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ေတာင္အာဖရိက ကမၻာ့ဖလားျပိဳင္ပြဲမွာ အင္နီေယစတာ ဒဏ္ရာရရွိခဲ့လို႔ အနားယူခဲ့ရေသးေပမယ့္လည္း အုပ္စုေနာက္ဆံုးပြဲျဖစ္တဲ့ ခ်ီလီနဲ႔ ပြဲမွာ သူက အသင္းအတြက္ ဂိုးသြင္းႏိုင္ခဲ့ျပီး အေကာင္းဆံုးကစားသမားဆု ရရွိခဲ့ပါတယ္။ ေပၚတူဂီကို အႏိုင္ရခဲ့တဲ့ ကြာတားဖိုင္နယ္ပြဲမွာလည္း သူက အေကာင္းဆံုးကစားသမားဆု ထပ္ရခဲ့ပါေသးတယ္။ ဗိုလ္လုပြဲမွာေတာ့ စပိန္အသင္း ဖလားရေစမယ့္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့သူက အင္နီေယစတာပါပဲ။ အဲဒီႏွစ္မွာ ကလပ္နဲ႔ ႏိုင္ငံအတြက္ အင္နီေယစတာက အေကာင္းဆံုးေျခစြမ္းျပခဲ့ေပမယ့္ ဘလြန္းဒီေအာဆုကိုေတာ့ မက္ဆီက ဆြတ္ခူးခဲ့ပါတယ္။

၃။ ရွႏိုက္ဒါ (၂၀၁၀)

ဘလြန္းဒီေအာသမိုင္းမွာ အျငင္းပြားဖြယ္ ျဖစ္ခဲ့မႈအျဖစ္ ရွႏိုက္ဒါရဲ႕ အျဖစ္က ရွိခဲ့ပါတယ္။ အင္တာမီလန္နဲ႔အတူ တစ္ႏွစ္တည္း ဖလားသံုးလံုး ရရွိခဲ့သလို နယ္သာလန္နဲ႔လည္း ကမၻာ့ဖလားဗိုလ္လုပြဲအထိ ရွႏိုက္ဒါက ေရာက္ခဲ့ပါတယ္။ သူက ကလပ္နဲ႔ႏိုင္ငံအသင္းမွာ အဓိကကစားသမား၊ သူ႔ေျခစြမ္းကို တစ္ကမၻာလံုးက အသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့ခ်ိန္က်မွ ဘလြန္းဒီေအာဆုနဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။ ကမၻာ့ဖလားမွာလည္း (၅)ဂိုး သြင္းယူႏိုင္ခဲ့ျပီး တိုက္စစ္မွဴးေတြျဖစ္တဲ့့ ေဖာ္လန္၊ မူလာ၊ ေဒးဗစ္ဗီလာတို႔နဲ႔ သြင္းဂိုးတူညီခဲ့ပါေသးတယ္။ ဒါေပမယ့္ မက္ဆီက ဘလြန္းဒီေအာဆုကို ဆြတ္ခူးသြားခဲ့ျပီး ရွႏိုက္ဒါဟာ အင္နီေယစတာ၊ ဇာဗီတို႔ရဲ႔ ေနာက္ကိုေတာင္ ေရာက္ခဲ့ျပီး နံပါတ္ (၄)သာ ပိုင္ဆိုင္ခဲ့ပါတယ္။ အခုအခ်ိန္ထိ ရွႏိုက္ဒါဟာ ဒီဆုကို ရသင့္တယ္လုိ႔ ထင္ျမင္သူေတြ အမ်ားၾကီးရွိျပီး မက္ဆီ ရရွိခဲ့မႈအေပၚမွာ ေ၀ဖန္ခဲ့ၾကပါတယ္။

၂။ ရီဘာရီ (၂၀၁၃)

ရွႏိုက္ဒါလို အျဖစ္မ်ိဳးကို ရီဘာရီ ၾကံဳခဲ့ရတာပါ။ ဘိုင္ယန္နဲ႔အတူ ဖလား(၃)လံုး ရခဲ့သလို ဥေရာပစူပါဖလား၊ ဖီဖာကမၻာ့ကလပ္ဖလားကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ရဲ႕ အေကာင္းဆံုးကစားသမားအျဖစ္လည္း အဲဒီေဘာလံုးရာသီမွာ သတ္မွတ္ခံခဲ့ရျပီး ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုလည္း မက္ဆီ နဲ႔ ေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ျပီး ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘလြန္းဒီေအာဆုအတြက္ ျပိဳင္ဆိုင္မႈမွာေတာ့ တတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရျပီး ေရာ္နယ္ဒိုက ဆြတ္ခူးသြားခဲ့ပါတယ္။ ကာယကံရွင္ ရီဘာရီကိုယ္တိုင္ ဆုေရြးခ်ယ္မႈအေပၚ စိတ္ပ်က္လက္ပ်က္နဲ႔ ေ၀ဖန္ခဲ့ျပီး ဒီေန႔အထိ ေျပာမဆံုးႏိုင္တဲ့ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္ခဲ့ရပါတယ္။

၁။ ႏူအာ (၂၀၁၄)

ႏူအာက ေရာ္နယ္ဒို နဲ႔ မက္ဆီတို႔ရဲ႕ ေနာက္မွာသာ ရွိခဲ့ရတာပါ။ ဒါေပမယ့္ မက္ဆီရဲ႕ ဆႏၵမဲအေရအတြက္ဟာ ႏူအာထက္ (၀.၀၄) ရာခိုင္ႏႈန္းသာ သာလြန္ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ႏူအာက ဘိုင္ယန္နဲ႔အတူ ဘြန္ဒက္လီဂါဖလား၊ ပိုကယ္ဖလားတို႔ရခဲ့ျပီး ဂ်ာမနီနဲ႔အတူ ကမၻာ့ဖလားကို ပိုင္ဆိုင္ခဲ့ပါတယ္။ ျပိဳင္ပြဲရဲ႕ ေရႊလက္အိတ္ဆုကိုလည္း သူပဲ ရရွိခဲ့ျပီး ဂ်ာမနီတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကိုပါ ပိုင္ဆိုင္ခဲ့ပါတယ္။ အျခားေသာ တစ္ဦးခ်င္းဆုတံဆိပ္မ်ားစြာလည္း ႏူအာ ရရွိခဲ့ျပီး ဘလြန္းဒီေအာဆုကို ရရွိဖို႔ ေရပန္းစားခဲ့ေပမယ့္ ထံုးစံအတိုင္း ေရာ္နယ္ဒိုနဲ႔ မက္ဆီကို မေက်ာ္ႏိုင္ခဲ့ပါဘူး။ ႏူအာဟာ ဆႏၵမဲေပါင္း (၁၅.၇၂) ရာခိုင္ႏႈန္းအထိ ရရွိခဲ့တာက ၾကီးမားတဲ့ ေအာင္ျမင္မႈလို႔ ဆိုရမွာျဖစ္ျပီး ဒါနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

Unicode Version

ဘလွန်းဒီအောဆုဆိုတာ ဘောလုံးလောကမှာ အမြင့်မားဆုံး တစ်ဦးချင်းဆုတစ်ခုပါ။ ဆန္ဒမဲပေးတဲ့ ပုံစံနဲ့ ရွေးချယ်တဲ့ ဆုလည်း ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ကစားသမားတချို့ဟာ ဒီဆုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပေမယ့် ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
အဲဒီကစားသမားတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

၁။ သီယာရီအွန်နရီ (၂၀၀၄)

အာဆင်နယ်နဲ့အတူ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ဆုဖလားကို အွန်နရီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီစံချိန်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးပိုင်ဆိုင်ခဲ့တဲ့အသင်းအဖြစ် အာဆင်နယ်ကို မှတ်တမ်းဝင်စေခဲ့ပါတယ်။ အွန်နရီဟာလည်း ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး
ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အားကစားကလောင်ရှင်များက ပေးအပ်တဲ့ အကောင်းဆုံးကစားသမားဆုကလည်း သူ့အတွက် ဖြစ်ခဲ့တာပါ။ ယူအီးအက်ဖ်အေ၊ ပရီးမီးယားလိဂ်တို့ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း အွန်နရီက ထိပ်ဆုံးက ပါဝင်နေခဲ့ပြီး ပရီးမီးယားလိဂ်
ရွှေဖိနပ်ဆုကိုရော၊ ဥရောပရွှေဖိနပ်ဆုကိုပါ သူပဲ ရခဲ့တာပါ။ သူက ကလပ်နဲ့ နိုင်ငံအသင်းအတွက် အဲဒီနှစ်မှာ (၄၆)ဂိုးအထိ သွင်းယူခဲ့တာပါ။ ဒါပေမယ့် အဆိုပါအချိန်က အကောင်းဆုံးဆုကိုတေ့ာ အေစီမီလန်တိုက်စစ်မှူး ရှက်ချန်ကိုက ရရှိသွားခဲ့ပါတယ်။ အွန်နရီက အဲဒီဘောလုံးရာသီမှာ
ရှက်ချန်ကိုထက် သာလွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပေမယ့် စိတ်မကောင်းဖွယ်ရာ လွဲချော်ခဲ့ရသလို ရှက်ချန်ကို၊ ဒေကို နဲ့ ရော်နယ်ဒင်ဟိုတို့ရဲ့နောက် နံပါတ် (၄)နေရာမှာသာ မဲပေးရွေးချယ်ခံခဲ့ရပါတယ်။

၂။ အင်နီယေစတာ (၂၀၁၀)

ဘာစီလိုနာအတွက် လာလီဂါ၊ စပိန်အတွက် ကမ္ဘာ့ဖလားတို့ကို အင်နီယေစတာက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်နီယေစတာ ဒဏ်ရာရရှိခဲ့လို့ အနားယူခဲ့ရသေးပေမယ့်လည်း အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ချီလီနဲ့
ပွဲမှာ သူက အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။ ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာလည်း သူက အကောင်းဆုံးကစားသမားဆု ထပ်ရခဲ့ပါသေးတယ်။ ဗိုလ်လုပွဲမှာတော့ စပိန်အသင်း ဖလားရစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူက
အင်နီယေစတာပါပဲ။ အဲဒီနှစ်မှာ ကလပ်နဲ့ နိုင်ငံအတွက် အင်နီယေစတာက အကောင်းဆုံးခြေစွမ်းပြခဲ့ပေမယ့် ဘလွန်းဒီအောဆုကိုတော့ မက်ဆီက ဆွတ်ခူးခဲ့ပါတယ်။

၃။ ရှနိုက်ဒါ (၂၀၁၀)

ဘလွန်းဒီအောသမိုင်းမှာ အငြင်းပွားဖွယ် ဖြစ်ခဲ့မှုအဖြစ် ရှနိုက်ဒါရဲ့ အဖြစ်က ရှိခဲ့ပါတယ်။ အင်တာမီလန်နဲ့အတူ တစ်နှစ်တည်း ဖလားသုံးလုံး ရရှိခဲ့သလို နယ်သာလန်နဲ့လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ရှနိုက်ဒါက ရောက်ခဲ့ပါတယ်။ သူက ကလပ်နဲ့နိုင်ငံအသင်းမှာ အဓိကကစားသမား၊
သူ့ခြေစွမ်းကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ချီးကျူးခဲ့ချိန်ကျမှ ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာလည်း (၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်မှူးတွေဖြစ်တဲ့့ ဖော်လန်၊ မူလာ၊ ဒေးဗစ်ဗီလာတို့နဲ့ သွင်းဂိုးတူညီခဲ့ပါသေးတယ်။ ဒါပေမယ့် မက်ဆီက ဘလွန်းဒီအောဆုကို
ဆွတ်ခူးသွားခဲ့ပြီး ရှနိုက်ဒါဟာ အင်နီယေစတာ၊ ဇာဗီတို့ရဲ့ နောက်ကိုတောင် ရောက်ခဲ့ပြီး နံပါတ် (၄)သာ ပိုင်ဆိုင်ခဲ့ပါတယ်။ အခုအချိန်ထိ ရှနိုက်ဒါဟာ ဒီဆုကို ရသင့်တယ်လို့ ထင်မြင်သူတွေ အများကြီးရှိပြီး မက်ဆီ ရရှိခဲ့မှုအပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။

၂။ ရီဘာရီ (၂၀၁၃)

ရှနိုက်ဒါလို အဖြစ်မျိုးကို ရီဘာရီ ကြုံခဲ့ရတာပါ။ ဘိုင်ယန်နဲ့အတူ ဖလား(၃)လုံး ရခဲ့သလို ဥရောပစူပါဖလား၊ ဖီဖာကမ္ဘာ့ကလပ်ဖလားကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း အဲဒီဘောလုံးရာသီမှာ သတ်မှတ်ခံခဲ့ရပြီး ယူအီးအက်ဖ်အေရဲ့
တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း မက်ဆီ နဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘလွန်းဒီအောဆုအတွက် ပြိုင်ဆိုင်မှုမှာတော့ တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး ရော်နယ်ဒိုက ဆွတ်ခူးသွားခဲ့ပါတယ်။ ကာယကံရှင် ရီဘာရီကိုယ်တိုင်
ဆုရွေးချယ်မှုအပေါ် စိတ်ပျက်လက်ပျက်နဲ့ ဝေဖန်ခဲ့ပြီး ဒီနေ့အထိ ပြောမဆုံးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ရပါတယ်။

၁။ နူအာ (၂၀၁၄)

နူအာက ရော်နယ်ဒို နဲ့ မက်ဆီတို့ရဲ့ နောက်မှာသာ ရှိခဲ့ရတာပါ။ ဒါပေမယ့် မက်ဆီရဲ့ ဆန္ဒမဲအရေအတွက်ဟာ နူအာထက် (၀.၀၄) ရာခိုင်နှုန်းသာ သာလွန်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နူအာက ဘိုင်ယန်နဲ့အတူ ဘွန်ဒက်လီဂါဖလား၊ ပိုကယ်ဖလားတို့ရခဲ့ပြီး ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားကို
ပိုင်ဆိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကိုလည်း သူပဲ ရရှိခဲ့ပြီး ဂျာမနီတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ အခြားသော တစ်ဦးချင်းဆုတံဆိပ်များစွာလည်း နူအာ ရရှိခဲ့ပြီး ဘလွန်းဒီအောဆုကို ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ထုံးစံအတိုင်း ရော်နယ်ဒိုနဲ့
မက်ဆီကို မကျော်နိုင်ခဲ့ပါဘူး။ နူအာဟာ ဆန္ဒမဲပေါင်း (၁၅.၇၂) ရာခိုင်နှုန်းအထိ ရရှိခဲ့တာက ကြီးမားတဲ့ အောင်မြင်မှုလို့ ဆိုရမှာဖြစ်ပြီး ဒါနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

မွတ္ခ်က္မ်ား။