ထိုင္းနဲ႔ ၾသစေၾတးလ်တို႔ ေနာက္တဆင့္တက္ခဲ့တဲ့ AFC U23 Championship

AFC U23 Championship Highlights – Korea Republic vs Saudi Arabia

AFC U23 Championship ရဲ႕ အုပ္စု(က) ပြဲစဥ္ေတြအျပီးမွာေတာ့ ၾသစေၾတးလ်အသင္းနဲ႔ အိမ္ရွင္ထိုင္းအသင္းတို႔ ေနာက္တဆင့္ကို တက္ေရာက္သြားခဲ့ၾကျပီျဖစ္ပါတယ္။ အုပ္စုေနာက္ဆံုးပြဲေတြကစားအျပီးမွာ ၾသစေၾတးလ်က အုပ္စုပထမ၊ ထိုင္းက အုပ္စုဒုတိယနဲ႔ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

AFC U23 Championship Highlights – Australia vs Bahrain

ဒီအုပ္စုမွာ ပါ၀င္ခဲ့တဲ့ အီရတ္အသင္းကေတာ့ ရံႈးပြဲလံုး၀မရွိခဲ့ေပမယ့္ သေရ ၃ပြဲက်ခဲ့လို႔ အုပ္စုအဆင့္ကေနပဲ ထြက္ခြာခဲ့ရပါတယ္။ ေနာက္ဆံုးပြဲမွာ အိမ္ရွင္ထိုင္းနဲ႔ ရင္ဆိုင္ခဲ့ရျပီး တစ္ဖက္တစ္ဂိုးစီသေရပြဲျဖစ္ခဲ့ျပီး ထိုင္းအသင္းက တစ္မွတ္အသာရကာ ကြာတားအဆင့္ကို တက္လွမ္းသြားခဲ့တာျဖစ္ပါတယ္။

ၾသစေၾတးလ်ကလည္း တစ္ပြဲတည္းသာအႏိုင္ရရွိခဲ့ျပီး က်န္ႏွစ္ပြဲစလံုးသေရသာ ကစားႏိုင္ခဲ့ပါတယ္။ ဘာရိန္းနဲ႔ပြဲမွာလည္း တစ္ဂိုးစီသေရသာကစားႏိုင္ခဲ့ျပီး ထိုင္းအသင္းကို အႏိုင္ရရွိခဲ့မႈက သူတို႔ကို ေနာက္တဆင့္တက္ေရာက္ႏို္င္ေစခဲ့တာျဖစ္ပါတယ္။ ထိုင္းကေတာ့ အဖြင့္ပြဲမွာ ဘာရိန္းကို ငါးဂိုးျပတ္အႏိုင္ယူခဲ့ျပီး ၾသစေၾတးလ်ကိုရံႈးနိမ့္ကာ အီရတ္နဲ႔ သေရပြဲျဖစ္ခဲ့ပါတယ္။

ဒီေန႔မွာေတာ့ အုပ္စု (ခ)ပြဲစဥ္ေတြထပ္မံကစားသြားဖို႔ ရွိေနျပီး ေနာက္တဆင့္တက္မယ့္အသင္းေတြ ထြက္ေပၚလာဦးမွာျဖစ္ပါတယ္။ နာမည္ၾကီးဂ်ပန္အသင္းကေတာ့ အုပ္စုအဆင့္ကေနပဲ ေစာေစာစီးစီးထြက္ခြာသြားခဲ့ရျပီျဖစ္ျပီး အုပ္စု (ခ)မွာ အသင္း ၃သင္း အျပိဳင္ျဖစ္ေနကာ ဆီးရီးယား၊ ေဆာ္ဒီနဲ႔ ကာတာတို႔ အၾကိတ္အနယ္ျဖစ္ေနျပီး အုပ္စု (ဂ)မွာ ေတာင္ကိုရီးယားက ေနာက္တဆင့္တက္ထားႏိုင္သလို လက္ရွိခ်န္ပီယံဥဇဘက္ကလည္း အခြင့္အလမ္းေကာင္းေနပါတယ္။ အုပ္စု (ဃ)မွာ ယူေအအီး၊ ေဂ်ာ္ဒန္နဲ႔ ဗီယက္နမ္တို႔ အျပိဳင္ျဖစ္ေနျပီး ေနာက္ဆံုးပြဲအထိ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Unicode

AFC U23 Championship ရဲ့ အုပ်စု(က) ပွဲစဉ်တွေအပြီးမှာတော့ သြစတြေးလျအသင်းနဲ့ အိမ်ရှင်ထိုင်းအသင်းတို့ နောက်တဆင့်ကို တက်ရောက်သွားခဲ့ကြပြီဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲတွေကစားအပြီးမှာ သြစတြေးလျက အုပ်စုပထမ၊ ထိုင်းက အုပ်စုဒုတိယနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအုပ်စုမှာ ပါဝင်ခဲ့တဲ့ အီရတ်အသင်းကတော့ ရှုံးပွဲလုံးဝမရှိခဲ့ပေမယ့် သရေ ၃ပွဲကျခဲ့လို့ အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။ နောက်ဆုံးပွဲမှာ အိမ်ရှင်ထိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီသရေပွဲဖြစ်ခဲ့ပြီး ထိုင်းအသင်းက တစ်မှတ်အသာရကာ ကွာတားအဆင့်ကို တက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျကလည်း တစ်ပွဲတည်းသာအနိုင်ရရှိခဲ့ပြီး ကျန်နှစ်ပွဲစလုံးသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဘာရိန်းနဲ့ပွဲမှာလည်း တစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး ထိုင်းအသင်းကို အနိုင်ရရှိခဲ့မှုက သူတို့ကို နောက်တဆင့်တက်ရောက်နို်င်စေခဲ့တာဖြစ်ပါတယ်။ ထိုင်းကတော့ အဖွင့်ပွဲမှာ ဘာရိန်းကို ငါးဂိုးပြတ်အနိုင်ယူခဲ့ပြီး သြစတြေးလျကိုရှုံးနိမ့်ကာ အီရတ်နဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။

ဒီနေ့မှာတော့ အုပ်စု (ခ)ပွဲစဉ်တွေထပ်မံကစားသွားဖို့ ရှိနေပြီး နောက်တဆင့်တက်မယ့်အသင်းတွေ ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။ နာမည်ကြီးဂျပန်အသင်းကတော့ အုပ်စုအဆင့်ကနေပဲ စောစောစီးစီးထွက်ခွာသွားခဲ့ရပြီဖြစ်ပြီး အုပ်စု (ခ)မှာ အသင်း ၃သင်း အပြိုင်ဖြစ်နေကာ ဆီးရီးယား၊ ဆော်ဒီနဲ့ ကာတာတို့ အကြိတ်အနယ်ဖြစ်နေပြီး အုပ်စု (ဂ)မှာ တောင်ကိုရီးယားက နောက်တဆင့်တက်ထားနိုင်သလို လက်ရှိချန်ပီယံဥဇဘက်ကလည်း အခွင့်အလမ်းကောင်းနေပါတယ်။ အုပ်စု (ဃ)မှာ ယူအေအီး၊ ဂျော်ဒန်နဲ့ ဗီယက်နမ်တို့ အပြိုင်ဖြစ်နေပြီး နောက်ဆုံးပွဲအထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။