2020 AFC Championship ျပိဳင္ပြဲ ကြာတားဖိုင္နယ္မွာ ေဆာ္ဒီနဲ႔ရင္ဆိုင္ရမယ့္ အိမ္ရွင္ထိုင္း

AFC U23 Championship Highlights – Korea Republic vs Saudi Arabia

2020 AFC Championship ျပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္မွာေတာ ့အိမ္ရွင္ထိုင္းအသင္းက ပထမဆံုးအၾကိမ္အျဖစ္ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။ အုပ္စု (က)မွာ ၾသစေၾတးလ်နဲ႔အတူ ထိုင္းအသင္းက ကြာတားဖိုင္နယ္ကို တက္ေရာက္ခဲ့တာျဖစ္ျပီး ေဆာ္ဒီနဲ႔ ရင္ဆုိင္ရေတာ့မွာလည္း ျဖစ္ပါတယ္။

Mata a fantastic human being – Solskjaer

ကာကီရာနီရွီႏိုရဲ႕ ထိုင္းအသင္းဟာ အုပ္စုတြင္းမွာ ရမွတ္ေလးမွတ္ပိုင္ဆိုင္ခဲ့ျပီးေတာ့ ေနာက္တဆင့္ကိုတက္ေရာက္ခဲ့တာျဖစ္ပါတယ္။ ဇန္န၀ါရီလ ၁၈ ရက္ေန႔မွာ ထုိင္းအသင္းက ေဆာ္ဒီနဲ႔ ကစားရမွာျဖစ္ျပီး ေဆာ္ဒီကေတာ့ အုပ္စု (ခ)မွာ ရံႈးပြဲမရွိအုပ္စုဗုိလ္နဲ႔ ေနာက္တဆင့္ကို တက္ေရာက္ခဲ့လို႔ ခက္ခဲတဲ့ျပိဳင္ဘက္အသင္းအျဖစ္ ရွိလာႏိုင္ပါတယ္။

အျခားျပိဳင္ပြဲေတြအျဖစ္ ၾသစေၾတးလ် နဲ႔ ဆီးရီးယား၊ ကိုရီးယား နဲ႔ အုပ္စု (ဃ) ဒုတိယ၊ ဥဇဘက္ကစၥတန္နဲ႔ အုပ္စု (ဃ) ပထမရအသင္းတို႔ ရင္ဆုိင္ရမွာျဖစ္ျပီး ဇန္န၀ါရီလ ၁၈ ရက္ေန႔ နဲ႔ ၁၉ ရက္ေန႔ေတြမွာ ကစားသြားမွာျဖစ္ပါတယ္။ အုပ္စု (ဃ) ပြဲစဥ္ေတြကေတာ့ ဒီေန႔မွာ ေနာက္ဆံုးပြဲေတြအျဖစ္ ကစားသြားရမွာျဖစ္ျပီး ဗီယက္နမ္၊ ယူေအအီးနဲ႔ ေဂ်ာ္ဒန္တို႔ အျပိဳင္ျဖစ္ေနၾကပါတယ္။

ဗီယက္နမ္က ေျမာက္ကိုရီးယားနဲ႔ ကစားရမွာျဖစ္ျပီး ယူေအအီးနဲ႔ ေဂ်ာ္ဒန္တို႔ ေတြ႔ဆံုေနမႈကို အသံုးခ်ႏိုင္ဖို႔ ၾကိဳးစားရမွာျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံ ဥဇဘက္ကစၥတန္ကေတာ့ ကြာတားအဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့ျပီး ခ်န္ပီယံဆုကို ကာကြယ္ဖို႔အတြက္ ေျခတစ္လွမ္းလွမ္းႏိုင္ခဲ့ကာ လာမယ့္ပြဲစဥ္ေတြက ပိုမိုအၾကိတ္အနယ္ရွိလာဖြယ္ရွိေနပါတယ္။

Unicode

2020 AFC Championship ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာတော ့အိမ်ရှင်ထိုင်းအသင်းက ပထမဆုံးအကြိမ်အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အုပ်စု (က)မှာ သြစတြေးလျနဲ့အတူ ထိုင်းအသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာဖြစ်ပြီး ဆော်ဒီနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

ကာကီရာနီရှီနိုရဲ့ ထိုင်းအသင်းဟာ အုပ်စုတွင်းမှာ ရမှတ်လေးမှတ်ပိုင်ဆိုင်ခဲ့ပြီးတော့ နောက်တဆင့်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထိုင်းအသင်းက ဆော်ဒီနဲ့ ကစားရမှာဖြစ်ပြီး ဆော်ဒီကတော့ အုပ်စု (ခ)မှာ ရှုံးပွဲမရှိအုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်ရောက်ခဲ့လို့ ခက်ခဲတဲ့ပြိုင်ဘက်အသင်းအဖြစ် ရှိလာနိုင်ပါတယ်။

အခြားပြိုင်ပွဲတွေအဖြစ် သြစတြေးလျ နဲ့ ဆီးရီးယား၊ ကိုရီးယား နဲ့ အုပ်စု (ဃ) ဒုတိယ၊ ဥဇဘက်ကစ္စတန်နဲ့ အုပ်စု (ဃ) ပထမရအသင်းတို့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နဲ့ ၁၉ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပါတယ်။ အုပ်စု (ဃ) ပွဲစဉ်တွေကတော့ ဒီနေ့မှာ နောက်ဆုံးပွဲတွေအဖြစ် ကစားသွားရမှာဖြစ်ပြီး ဗီယက်နမ်၊ ယူအေအီးနဲ့ ဂျော်ဒန်တို့ အပြိုင်ဖြစ်နေကြပါတယ်။

ဗီယက်နမ်က မြောက်ကိုရီးယားနဲ့ ကစားရမှာဖြစ်ပြီး ယူအေအီးနဲ့ ဂျော်ဒန်တို့ တွေ့ဆုံနေမှုကို အသုံးချနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဥဇဘက်ကစ္စတန်ကတော့ ကွာတားအဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ကာ လာမယ့်ပွဲစဉ်တွေက ပိုမိုအကြိတ်အနယ်ရှိလာဖွယ်ရှိနေပါတယ်။

မွတ္ခ်က္မ်ား။