ေဂ်လိဂ္ကလပ္မွာ ေျခစြမ္းပိုင္းစမ္းသပ္ခံေနတဲ့ စင္ကာပူတိုက္စစ္မွဴး

AFC U23 Championship Highlights – Korea Republic vs Saudi Arabia

စင္ကာပူလက္ေရြးစင္အသင္းရဲ႕တိုက္စစ္မွဴးဖာရီဇ္ဖာဟန္ဟာ ေဂ်လိဂ္ (၂)ကလပ္ မတ္ဆုမိုတိုယာမာဂါအသင္းမွာ ေလ့က်င့္ခန္းဆင္းေနတယ္လုိ႔ သိရျပီး အသင္းနဲ႔အတူ စာခ်ဳပ္ခ်ဳပ္ဆုိႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္တိုက္စစ္မွဴးဟာ ေဂးလန္းအသင္းအတြက္ ျပီးခဲ့တဲ့ရာသီမွာ ၂၃ပြဲကစားျပီး ၉ ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။

Top 5 Midfielders of the 2019/20 Bundesliga season so far

စင္ကာပူအသင္းရဲ႕ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ နဲ႔ ၂၀၂၃ အာရွဖလားေျခစစ္ပြဲေတြမွာလည္း ပါ၀င္ကစားေပးခဲ့သူျဖစ္ျပီး ေဂးလန္းအသင္းနဲ႔ မိတ္ဖက္အျဖစ္ျပဳလုပ္ေနတဲ့ ေဂ်လိဂ္ကလပ္ကို ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။ ၁၀ ရက္ၾကာ ေလ့က်င့္မႈေတြကို ျပဳလုပ္သြားမွာျဖစ္ျပီး သူ႔ရဲ႕ေျခစြမ္းပိုင္းအေပၚ ႏွစ္သက္မႈရွိပါက ေဂ်လိဂ္ကလပ္က ေခၚယူဖြယ္ရွိေနပါတယ္။

“ အသင္းရဲ႕ ေဆာင္ရြက္မႈေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ လႈပ္ရွားမႈပါ၊ အသင္းနဲ႔ မိတ္ဖက္အျဖစ္ ေဆာင္ရြက္ေနတဲ့ မတ္ဆူမိုတိုယာဂါမာအသင္းမွာ သူ ေလ့က်င့္ခန္းဆင္းျပီး ေျခစြမ္းပိုင္းစမ္းသပ္ခံေနပါတယ္၊ ဗုဒၶဟူးေန႔က ေရာက္ရွိခဲ့တာျဖစ္ျပီး ယာဂါမာအသင္းၾကီးနဲ႔အတူ ေလ့က်င့္ေနတာပါ၊ ေနာက္ ၁၀ ရက္အတြင္းမွာ အသင္းနည္းျပအဖြဲ႔က သူ႔ေျခစြမ္းကို ႏွစ္သက္ျပီး စာခ်ဳပ္ခ်ဳပ္ဆိုမယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေဂးလန္းအသင္းက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ယာဂါမာအသင္းကေတာ့ ျပီးခဲ့တဲ့ရာသီမွာ ေဂ်လိဂ္ (၁) မွာ ကစားခဲ့ျပီး တန္းဆင္းခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ေဂ်လိဂ္ (၂)အသင္းခ်န္ပီယံျဖစ္ခဲ့ျပီး တန္းတက္ခဲ့ေပမယ့္ တစ္ႏွစ္အတြင္းမွာပဲ တန္းျပန္တက္ခဲ့ရတာျဖစ္ပါတယ္။ ဖာရီဇ္ဖာဟန္ကေတာ့ စင္ကာပူလက္ေရြးစင္အသင္းရဲ႕ အားထားရတဲ့ တိုက္စစ္မွဴးအျဖစ္ ရပ္တည္ေနသူလည္းျဖစ္ပါတယ္။

Unicode

စင်ကာပူလက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးဖာရီဇ်ဖာဟန်ဟာ ဂျေလိဂ် (၂)ကလပ် မတ်ဆုမိုတိုယာမာဂါအသင်းမှာ လေ့ကျင့်ခန်းဆင်းနေတယ်လို့ သိရပြီး အသင်းနဲ့အတူ စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဂေးလန်းအသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ ၂၃ပွဲကစားပြီး ၉ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

စင်ကာပူအသင်းရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ နဲ့ ၂၀၂၃ အာရှဖလားခြေစစ်ပွဲတွေမှာလည်း ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဂေးလန်းအသင်းနဲ့ မိတ်ဖက်အဖြစ်ပြုလုပ်နေတဲ့ ဂျေလိဂ်ကလပ်ကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ၁၀ ရက်ကြာ လေ့ကျင့်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းပိုင်းအပေါ် နှစ်သက်မှုရှိပါက ဂျေလိဂ်ကလပ်က ခေါ်ယူဖွယ်ရှိနေပါတယ်။

“ အသင်းရဲ့ ဆောင်ရွက်မှုတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လှုပ်ရှားမှုပါ၊ အသင်းနဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နေတဲ့ မတ်ဆူမိုတိုယာဂါမာအသင်းမှာ သူ လေ့ကျင့်ခန်းဆင်းပြီး ခြေစွမ်းပိုင်းစမ်းသပ်ခံနေပါတယ်၊ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့တာဖြစ်ပြီး ယာဂါမာအသင်းကြီးနဲ့အတူ လေ့ကျင့်နေတာပါ၊ နောက် ၁၀ ရက်အတွင်းမှာ အသင်းနည်းပြအဖွဲ့က သူ့ခြေစွမ်းကို နှစ်သက်ပြီး စာချုပ်ချုပ်ဆိုမယ်လို့ မျှော်လင့်ပါတယ်” လို့ ဂေးလန်းအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယာဂါမာအသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ ဂျေလိဂ် (၁) မှာ ကစားခဲ့ပြီး တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဂျေလိဂ် (၂)အသင်းချန်ပီယံဖြစ်ခဲ့ပြီး တန်းတက်ခဲ့ပေမယ့် တစ်နှစ်အတွင်းမှာပဲ တန်းပြန်တက်ခဲ့ရတာဖြစ်ပါတယ်။ ဖာရီဇ်ဖာဟန်ကတော့ စင်ကာပူလက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။