ဆာဘီးယားထိပ္တန္းလိဂ္က ကလပ္အသင္းကို အင္ဒိုၾကယ္ပြင့္ေျပာင္းေရႊ႕ႏိုင္ခဲ့

Highlights – Suwon Samsung Bluewings vs Vissel Kobe

အင္ဒိုနီးရွားၾကယ္ပြင့္ကစားသမားဆူေလမန္ဟာ ဆာဘီးယားစူပါလိဂ္ကို သြားေရာက္ကစားဖို႔အတြက္ နီးစပ္ေနတယ္လို႔ သိရပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္သာရွိေသးတဲ့ ကြင္းလယ္လူဟာ အင္ဒိုနီးရွားယူ၁၉ နဲ႔ ယူ၂၃ အသင္းတို႔အတြက္ ကစားေပးထားသူျဖစ္ျပီး ဆာဘီးယားထိပ္တန္းလိဂ္မွာ ကစားရမယ့္ အခြင့္အေရးကို ရရွိေနတာျဖစ္ပါတယ္။

Kevin Trapp’s Top 5 Saves of the 2019/20 Bundesliga season so far

FK Radnik Surdulica အသင္းက ဆူေလမန္ကို ၃ ႏွစ္ခြဲစာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့ျပီး ကစားသမားဘက္ကလည္း လက္ခံဖို႔အတြက္ အသင့္ျဖစ္ေနတယ္လို႔ ေအးဂ်င့္ဒူဆန္ေဘာ့ဒန္ႏိုဗစ္က ေျပာဆိုခဲ့ပါတယ္။ ၀ီတန္ဆူေလမန္က လက္ရွိမွာ အင္ဒိုနီးရွားဒုတိယတန္းကလပ္ PSIM အသင္းမွာ ကစားေနသူလည္းျဖစ္ပါတယ္။

“ FK Radnik အသင္းက သူတို႔ႏိုင္ငံရဲ႕ အသင္းၾကီးေတာ့မဟုတ္ပါဘးူ၊ ဒါေပမယ့္လည္း ထိပ္တန္းလိဂ္မွာကစားေနတာပါ၊ အင္ဒိုနီးရွားကစားသမားေတြအတြက္ ကၽြန္ေတာ္ခ်ိတ္ဆက္မႈေတြအမ်ားၾကီးလုပ္ေပးခ်င္ပါတယ္၊ ၀ီတန္လည္းပါတာေပါ့၊ သူ႔ရဲ႕ကစားသမားဘ၀ကို ေနာက္တဆင့္ေရာက္ဖို႔ ဒီအေျပာင္းအေရႊ႕ကေန သူ လုပ္ႏိုင္ပါလိမ့္မယ္”

“ ဒီလိုျဖစ္လာဖို႔အတြက္ တစ္ႏွစ္ေလာက္အားထုတ္ခဲ့ရပါတယ္၊ ဥေရာပမွာ အင္ဒိုနီးရွားကစားသမားေတြ ပါ၀င္ျပိဳင္ဆိုင္ခြင့္ျဖစ္လာေတာ့မွာပါ” လို႔ ေဘာ့ဒန္ႏိုဗစ္က ေျပာဆိုခဲ့ပါတယ္။ ၀ီတန္ဆူေလမန္အတြက္ ပိုလန္ကလပ္ေတြရဲ႕ ကမ္းလွမ္းေတြလည္း ရရွိခဲ့တယ္လို႔ သိရျပီး ကစားသမားကေတာ့ ဆာဘီးယားကိုသာ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

Unicode

အင်ဒိုနီးရှားကြယ်ပွင့်ကစားသမားဆူလေမန်ဟာ ဆာဘီးယားစူပါလိဂ်ကို သွားရောက်ကစားဖို့အတွက် နီးစပ်နေတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်လူဟာ အင်ဒိုနီးရှားယူ၁၉ နဲ့ ယူ၂၃ အသင်းတို့အတွက် ကစားပေးထားသူဖြစ်ပြီး ဆာဘီးယားထိပ်တန်းလိဂ်မှာ ကစားရမယ့် အခွင့်အရေးကို ရရှိနေတာဖြစ်ပါတယ်။

FK Radnik Surdulica အသင်းက ဆူလေမန်ကို ၃ နှစ်ခွဲစာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး ကစားသမားဘက်ကလည်း လက်ခံဖို့အတွက် အသင့်ဖြစ်နေတယ်လို့ အေးဂျင့်ဒူဆန်ဘော့ဒန်နိုဗစ်က ပြောဆိုခဲ့ပါတယ်။ ဝီတန်ဆူလေမန်က လက်ရှိမှာ အင်ဒိုနီးရှားဒုတိယတန်းကလပ် PSIM အသင်းမှာ ကစားနေသူလည်းဖြစ်ပါတယ်။

“ FK Radnik အသင်းက သူတို့နိုင်ငံရဲ့ အသင်းကြီးတော့မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ထိပ်တန်းလိဂ်မှာကစားနေတာပါ၊ အင်ဒိုနီးရှားကစားသမားတွေအတွက် ကျွန်တော်ချိတ်ဆက်မှုတွေအများကြီးလုပ်ပေးချင်ပါတယ်၊ ဝီတန်လည်းပါတာပေါ့၊ သူ့ရဲ့ကစားသမားဘဝကို နောက်တဆင့်ရောက်ဖို့ ဒီအပြောင်းအရွှေ့ကနေ သူ လုပ်နိုင်ပါလိမ့်မယ်”

“ ဒီလိုဖြစ်လာဖို့အတွက် တစ်နှစ်လောက်အားထုတ်ခဲ့ရပါတယ်၊ ဥရောပမှာ အင်ဒိုနီးရှားကစားသမားတွေ ပါဝင်ပြိုင်ဆိုင်ခွင့်ဖြစ်လာတော့မှာပါ” လို့ ဘော့ဒန်နိုဗစ်က ပြောဆိုခဲ့ပါတယ်။ ဝီတန်ဆူလေမန်အတွက် ပိုလန်ကလပ်တွေရဲ့ ကမ်းလှမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပြီး ကစားသမားကတော့ ဆာဘီးယားကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။