ေနာ္ေ၀ပထမတန္းကလပ္ကို ေျပာင္းေရႊ႕သြားတဲ့ စင္ကာပူတိုက္စစ္မွဴး အစ္ခ္ဆန္ဖန္ဒီ

Thai football team rescued from cave mark anniversary with marathon

စင္ကာပူလက္ေရြးစင္အသငး္ရဲ႕ တိုက္စစ္မွဴး အစ္ခ္ဆန္ဖန္ဒီဟာ ေနာ္ေ၀ပထမတန္းကလပ္ Raufoss lL အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ျပီလို႔ သိရပါတယ္။ အသက္ (၁၉)ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ ေနာ္ေ၀ကလပ္နဲ႔ (၂)ႏွစ္သက္တမ္းရွိ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့တာျဖစ္ျပီးေတာ့ ဒီသတင္းကို အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုက္ကေနလည္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ဒုတိယတန္းကေန ပထမတန္းကို တက္ေရာက္လာႏိုင္ခဲ့တဲ့ Raufoss အသင္းအေနနဲ႔ အစ္ခ္ဆန္ကို ေခၚယူအားျဖည့္ခဲ့တာ ျဖစ္ျပီး ရာသီသစ္အတြက္ အေကာင္းဆံုးျပင္ဆင္မႈေတြ ျပဳလုပ္ေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။ ဒီတစ္ပတ္မွာ ကစားသြားမယ့္ Mjondalen IF အသင္းနဲ႔ ေျခစမ္းပြဲမွာ အစ္ခ္ဆန္ ပါ၀င္ကစားသြားမယ္လို႔လည္း သိရပါတယ္။

စင္ကာပူမ်ိဳးဆက္သစ္ေတြထဲက အေကာင္းဆံုးတိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ အစ္ခ္ဆန္အတြက္ ဥေရာပအေတြ႕အၾကံဳေတြကို ရရွိမွာျဖစ္ျပီး အရင္ကလည္း စပိန္ကလပ္ ဟာက်ဴးလက္စ္ နဲ႔ ခ်ီလီကလပ္ A.C. Barnechea အသင္းတို႔မွာ အစ္ခ္ဆန္က ကစားခဲ့ဖူးပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၈ ဆူဇူကီးဖလားျပိဳင္ပြဲမွာလည္း အစ္ခ္ဆန္က ေတာက္ပတဲ့ေျခစြမ္းေတြကို ျပသႏိုင္ခဲပါတယ္။

အစ္ခ္ဆန္ရဲ႕ အကိုျဖစ္သူ အိုင္ဖန္ဖန္ဒီကလည္းပဲ ထိုင္းလိဂ္ (၂)ကလပ္ ဘန္ေကာက္ဂလက္စ္အသင္းမွာ ကစားေနျပီးေတာ့ စင္ကာပူလက္ေရြးစင္အသင္းရဲ႕ ျပည္ပထြက္ခြာ ကစားေနတဲ့ ကစားသမားေတြထဲက တစ္ဦးလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းႏွစ္ေတြမွာ စင္ကာပူ ကစားသမား အမ်ားအျပားကေတာ့ ျပည္တြင္းလိဂ္ကို စြန္႔ခြာျပီး ျပည္ပထြက္ကစားမႈေတြ ပိုမိုမ်ားျပားလာခဲ့ျပီး အစ္ခ္ဆန္ကေတာ့ ဥေရာပမွာ သြားေရာက္ကစားေတာ့မွာ ျဖစ္ပါတယ္။

Unicode Version

စင်ကာပူလက်ရွေးစင်အသငး်ရဲ့ တိုက်စစ်မှူး အစ်ခ်ဆန်ဖန်ဒီဟာ နော်ဝေပထမတန်းကလပ် Raufoss lL အသင်းနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီလို့ သိရပါတယ်။ အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူးဟာ နော်ဝေကလပ်နဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့ ဒီသတင်းကို အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဒုတိယတန်းကနေ ပထမတန်းကို တက်ရောက်လာနိုင်ခဲ့တဲ့ Raufoss အသင်းအနေနဲ့ အစ်ခ်ဆန်ကို ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပြီး ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ကစားသွားမယ့် Mjondalen IF အသင်းနဲ့ ခြေစမ်းပွဲမှာ အစ်ခ်ဆန် ပါဝင်ကစားသွားမယ်လို့လည်း သိရပါတယ်။

စင်ကာပူမျိုးဆက်သစ်တွေထဲက အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အစ်ခ်ဆန်အတွက် ဥရောပအတွေ့အကြုံတွေကို ရရှိမှာဖြစ်ပြီး အရင်ကလည်း စပိန်ကလပ် ဟာကျူးလက်စ် နဲ့ ချီလီကလပ် A.C. Barnechea အသင်းတို့မှာ အစ်ခ်ဆန်က ကစားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း အစ်ခ်ဆန်က တောက်ပတဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲပါတယ်။

အစ်ခ်ဆန်ရဲ့ အကိုဖြစ်သူ အိုင်ဖန်ဖန်ဒီကလည်းပဲ ထိုင်းလိဂ် (၂)ကလပ် ဘန်ကောက်ဂလက်စ်အသင်းမှာ ကစားနေပြီးတော့ စင်ကာပူလက်ရွေးစင်အသင်းရဲ့ ပြည်ပထွက်ခွာ ကစားနေတဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ စင်ကာပူ ကစားသမား အများအပြားကတော့ ပြည်တွင်းလိဂ်ကို စွန့်ခွာပြီး ပြည်ပထွက်ကစားမှုတွေ ပိုမိုများပြားလာခဲ့ပြီး အစ်ခ်ဆန်ကတော့ ဥရောပမှာ သွားရောက်ကစားတော့မှာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။