ဂ်ပန္နဲ႔ အေရးၾကီးပြဲကို လြဲေခ်ာ္ရေတာ့မယ့္ အိုမန္ၾကယ္ပြင့္ကစားသမား

၂၀၁၉ အာရွဖလားျပိဳင္ပြဲရဲ႕ အဖြင့္ပြဲမွာ ဥဇဘက္ကစၥတန္အသင္းကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ အိုမန္အသင္းဟာ ဂ်ပန္နဲ႔ကစားရမယ့္ အုပ္စုဒုတိယပြဲစဥ္မွာ အဓိကကစားသမား ဒဏ္ရာအနာတရရွိခဲ့လို႔ မပါ၀င္ႏိုင္မယ့္ အေရးနဲ႔ ရင္ဆိုင္ေနရျပီ ျဖစ္ပါတယ္။ အိုမန္အတြက္အေရးပါတဲ့ ပြဲစဥ္ကို အသင္းရဲ႕ အေရးၾကီးဆံုးကစားသမား လြဲေခ်ာ္ေတာ့မွာလည္း ျဖစ္ပါတယ္။

AFC Asian Cup Player of Day 7: WU LEI

အာရွရဲ႕ အင္အားၾကီးအသင္းျဖစ္တဲ့ ဂ်ပန္နဲ႔ ရင္ဆိုင္ရာမွာ အိုမန္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္တဲ့ မူဆင္ဂ်၀ါအယ္လ္ခါလ္ဒီဟာ ဖေနာင့္ေၾကာဒဏ္ရာရရွိခဲ့လို႔ လြဲေခ်ာ္ေတာ့မွာလည္း ျဖစ္ပါတယ္။ ဒီသတင္းကို အိုမန္အသင္းရဲ႕ တြစ္တာစာမ်က္ႏွာမွာလည္း တရား၀င္ေၾကျငာထားခဲ့ျပီး ဂ်ပန္န႔ဲ ပြဲကို ပါ၀င္ႏိုင္မွာမဟုတ္ဘူးလို႔ အတည္ျပဳသြားခဲ့ပါတယ္။

အိုမန္အသင္းအတြက္ေတာ့ စိတ္ပ်က္စရာ သတင္းဆိုးျဖစ္လာခဲ့ျပီး အုပ္စုအဆင့္က တက္ေရာက္ဖို႔ ရုန္းကန္ရမယ့္ အခ်ိန္မွာ အဓိကကစားသမားမပါ၀င္ပဲနဲ႔ ဂ်ပန္အသင္းကို ရင္ဆိုင္ရေတာ့မွာလည္း ျဖစ္ပါတယ္။ ဂ်ပန္အသင္းကေတာ့ အိုမန္ကိုသာ အႏိုင္ရခဲ့ရင္ ေနာက္တဆင့္ကို တက္ေရာက္သြားမွာျဖစ္ျပီး အိုမန္ကေတာ့ အုပ္စုအဆင့္ကေန လွည့္ျပန္လာရမွာ ျဖစ္ပါတယ္။

အယ္လ္ခါလ္ဒီဟာ အုပ္စုေနာက္ဆံုးပြဲျဖစ္တဲ့ တာမင္နစၥတန္နဲ႔ပြဲကိုမွာေတာ့ ျပန္လည္ပါ၀င္ႏိုင္မယ္လို႔ သိရပါတယ္။ အိုမန္အေနနဲ႔ ဂ်ပန္အသင္းကို သေရကစားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ အေကာင္းဆံုးအုပ္စုတတိယအသင္းအေနနဲ႔ တာမင္နစၥတန္ကို အႏိုင္ကစားျပီး ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္မွာမို႔ ဂ်ပန္နဲ႔ပြဲမွာ အနိမ့္ဆံုး သေရတစ္မွတ္ရရွိေအာင္ေတာ့ ကစားရမွာ ျဖစ္ပါတယ္။

Unicode Version

၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲမှာ ဥဇဘက်ကစ္စတန်အသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အိုမန်အသင်းဟာ ဂျပန်နဲ့ကစားရမယ့် အုပ်စုဒုတိယပွဲစဉ်မှာ အဓိကကစားသမား ဒဏ်ရာအနာတရရှိခဲ့လို့ မပါဝင်နိုင်မယ့် အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အိုမန်အတွက်အရေးပါတဲ့ ပွဲစဉ်ကို အသင်းရဲ့ အရေးကြီးဆုံးကစားသမား လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။

အာရှရဲ့ အင်အားကြီးအသင်းဖြစ်တဲ့ ဂျပန်နဲ့ ရင်ဆိုင်ရာမှာ အိုမန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ မူဆင်ဂျဝါအယ်လ်ခါလ်ဒီဟာ ဖနောင့်ကြောဒဏ်ရာရရှိခဲ့လို့ လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို အိုမန်အသင်းရဲ့ တွစ်တာစာမျက်နှာမှာလည်း တရားဝင်ကြေငြာထားခဲ့ပြီး ဂျပန်နဲ့ ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။

အိုမန်အသင်းအတွက်တော့ စိတ်ပျက်စရာ သတင်းဆိုးဖြစ်လာခဲ့ပြီး အုပ်စုအဆင့်က တက်ရောက်ဖို့ ရုန်းကန်ရမယ့် အချိန်မှာ အဓိကကစားသမားမပါဝင်ပဲနဲ့ ဂျပန်အသင်းကို ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ ဂျပန်အသင်းကတော့ အိုမန်ကိုသာ အနိုင်ရခဲ့ရင် နောက်တဆင့်ကို တက်ရောက်သွားမှာဖြစ်ပြီး အိုမန်ကတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်လာရမှာ ဖြစ်ပါတယ်။

အယ်လ်ခါလ်ဒီဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ တာမင်နစ္စတန်နဲ့ပွဲကိုမှာတော့ ပြန်လည်ပါဝင်နိုင်မယ်လို့ သိရပါတယ်။ အိုမန်အနေနဲ့ ဂျပန်အသင်းကို သရေကစားနိုင်ခဲ့မယ်ဆိုရင်တော့ အကောင်းဆုံးအုပ်စုတတိယအသင်းအနေနဲ့ တာမင်နစ္စတန်ကို အနိုင်ကစားပြီး နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်မှာမို့ ဂျပန်နဲ့ပွဲမှာ အနိမ့်ဆုံး သရေတစ်မှတ်ရရှိအောင်တော့ ကစားရမှာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။