ဆူဇူကီးဖလား ခ်န္ပီယံ ဗီယက္နမ္တို႔ အာရွဖလားကို ႏႈတ္ဆက္သြားခဲ့ရတဲ့ ရႈံးပြဲ

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

အာရွဖလားပြဲစဥ္ေတြကို ဒီေန႔ ဆက္လက္က်င္းပခဲ့ရာမွာ ဗီယက္နမ္အသင္းဟာ အီရန္ကို ရံႈးနိမ့္ခဲ့လို႔ အုပ္စုကေနပဲ ထြက္ခြာသြားခဲ့ရျပီ ျဖစ္ပါတယ္။ ဆူဇူကီးဖလားခ်န္ပီယံအသင္းဟာ အီရန္ကို အဖက္ဖက္က မယွဥ္ႏိုင္ခဲ့ပဲ အရံႈးေပးခဲ့ရတာ ျဖစ္ပါတယ္။

အီရန္အေနနဲ႔ အႏိုင္ရတာနဲ႔ ေနာက္တဆင့္တက္မွာျဖစ္တာမို႔ ဒီပြဲကို ဖိဖိစီးစီး ကစားခဲ့ျပီး ပြဲစကတည္းက တိုက္စစ္ကို အသားေပးခဲ့ပါတယ္။ ဗီယက္နမ္အေနနဲ႔ အီရန္နဲ႔ အေတြ႕မွာ ေျခစြမ္းကြာဟခ်က္ ရွိေနခဲ့တာ သိသာေစခဲ့ျပီးေတာ့ ဒီျပိဳင္ပြဲအတြက္ လံုေလာက္တဲ့ ေျခစြမ္း မရွိေသးဘူးဆိုတာလည္း ျမင္သာေစခဲ့ပါတယ္။

အီရန္အသင္းက ( (၃၈)မိနစ္မွာ အဖြင့္ဂိုးကို ဆာဒါက ေခါင္းတိုက္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ပထမပိုင္းတစ္ပိုင္းလံုးမွာ ဒီသြင္းဂိုးတစ္လံုးတည္းနဲ႔ ျပီးဆံုးခဲ့ျပီးေတာ့ ဒုတိယပိုင္းမွာ အီရန္က ဖိအားေပးကစားခဲ့ျပီး ဆာဒါက ((၆၉)မိနစ္မွာ ဒုတိယဂိုး သြင္းယူသြားခဲ့ပါတယ္။ ဒီသြင္းဂိုးက အီရန္အတြက္ ေနာက္တဆင့္တက္ဖို႔ စိတ္ခ်သြားေစခဲ့ရပါတယ္။

ဗီယက္နမ္အသင္းကေတာ့ စိတ္ဓာတ္မက်ခဲ့ပဲ ေနာက္ဆံုးအခ်ိန္ထိ အီရန္ကို ရင္ဆိုင္ကစားခဲ့ေပမယ့္ ေခ်ပဂိုးနဲ႔ အလွမ္းေ၀းခဲ့ရပါတယ္။ အီရန္က ပြဲကို အေတြ႕အၾကံဳ၊ သမၻာနဲ႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ျပီးေတာ့ တစ္ဦးခ်င္းေျခစြမ္းမွာလည္း သာလြန္ေနခဲ့တာမို႔ ဗီယက္နမ္အေနနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။

ပြဲအျပီးမွာ အီရန္က (၂-၀)နဲ႔ အႏိုင္ရရွိခဲ့ျပီး ေနာက္တဆင့္ကို တက္ေရာက္သြားခဲ့ျပီ ျဖစ္ပါတယ္။ အုပ္စု (D) ရဲ႕ ေနာက္တဆင့္တက္မယ့္ အသင္းအျဖစ္ေတာ့ အီရတ္ နဲ႔ ယီမင္တို႔ပြဲမွာ အီရတ္အႏိုင္ရခဲ့ရင္ ေနာက္တဆင့္ကို တက္ေရာက္သြားႏိုင္မွာ ျဖစ္ျပီး ယီမင္ အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ ေနာက္ဆုံးပြဲစဥ္ေတြအထိ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Unicode Version

အာရှဖလားပွဲစဉ်တွေကို ဒီနေ့ ဆက်လက်ကျင်းပခဲ့ရာမှာ ဗီယက်နမ်အသင်းဟာ အီရန်ကို ရှုံးနိမ့်ခဲ့လို့ အုပ်စုကနေပဲ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ ဆူဇူကီးဖလားချန်ပီယံအသင်းဟာ အီရန်ကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

အီရန်အနေနဲ့ အနိုင်ရတာနဲ့ နောက်တဆင့်တက်မှာဖြစ်တာမို့ ဒီပွဲကို ဖိဖိစီးစီး ကစားခဲ့ပြီး ပွဲစကတည်းက တိုက်စစ်ကို အသားပေးခဲ့ပါတယ်။ ဗီယက်နမ်အနေနဲ့ အီရန်နဲ့ အတွေ့မှာ ခြေစွမ်းကွာဟချက် ရှိနေခဲ့တာ သိသာစေခဲ့ပြီးတော့ ဒီပြိုင်ပွဲအတွက် လုံလောက်တဲ့ ခြေစွမ်း မရှိသေးဘူးဆိုတာလည်း မြင်သာစေခဲ့ပါတယ်။

အီရန်အသင်းက ( (၃၈)မိနစ်မှာ အဖွင့်ဂိုးကို ဆာဒါက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဒီသွင်းဂိုးတစ်လုံးတည်းနဲ့ ပြီးဆုံးခဲ့ပြီးတော့ ဒုတိယပိုင်းမှာ အီရန်က ဖိအားပေးကစားခဲ့ပြီး ဆာဒါက ((၆၉)မိနစ်မှာ ဒုတိယဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒီသွင်းဂိုးက အီရန်အတွက် နောက်တဆင့်တက်ဖို့ စိတ်ချသွားစေခဲ့ရပါတယ်။

ဗီယက်နမ်အသင်းကတော့ စိတ်ဓာတ်မကျခဲ့ပဲ နောက်ဆုံးအချိန်ထိ အီရန်ကို ရင်ဆိုင်ကစားခဲ့ပေမယ့် ချေပဂိုးနဲ့ အလှမ်းဝေးခဲ့ရပါတယ်။ အီရန်က ပွဲကို အတွေ့အကြုံ၊ သမ္ဘာနဲ့ ထိန်းချုပ်နိုင်ခဲ့ပြီးတော့ တစ်ဦးချင်းခြေစွမ်းမှာလည်း သာလွန်နေခဲ့တာမို့ ဗီယက်နမ်အနေနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ပွဲအပြီးမှာ အီရန်က (၂-၀)နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စု (D) ရဲ့ နောက်တဆင့်တက်မယ့် အသင်းအဖြစ်တော့ အီရတ် နဲ့ ယီမင်တို့ပွဲမှာ အီရတ်အနိုင်ရခဲ့ရင် နောက်တဆင့်ကို တက်ရောက်သွားနိုင်မှာ ဖြစ်ပြီး ယီမင် အနိုင်ရခဲ့မယ်ဆိုရင်တော့ နောက်ဆုံးပွဲစဉ်တွေအထိ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။