ဂ်ပန္အတြက္ အာရွဖလားေမွ်ာ္လင့္ခ်က္ (သို႔) ယူရာအိုဆာကို

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

အာရွထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ဂ်ပန္အသင္းဟာ ဒီဘက္ႏွစ္ေတြမွာ ေျခစြမ္းပိုင္းအရ အျမင့္ဆံုးအဆင့္ကို ေရာက္ရွိေနတဲ့ အသင္းပါ။ ၁၉၉၈ ကမၻာ့ဖလားကစတင္ျပီးေနာက္မွာ ဂ်ပန္အသင္းဟာ ကမၻာ့ဖလားကို အၾကိမ္တိုင္းလိုလိုမွာ ၀င္ေရာက္ကစားႏိုင္ခဲ့ျပီးေတာ့ အျမင့္ဆံုးအဆင့္မွာ ကစားႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ခဲ့တာပါ။ ဒါတင္မဟုတ္ေသးပဲ ဂ်ပန္က သူတို႔ႏိုင္ငံရဲ႕ အေကာင္းဆံုးထုတ္ကုန္ ကစားသမားေတြကို ဥေရာပဘက္အထိပါ တင္ပို႔ႏိုင္ခဲ့ျပီးေတာ့ ကစားသမားအမ်ားအျပားဟာ ဥေရာပမွာ အေျခစိုက္ကစားႏိုင္ခဲ့ၾကတာကိုလည္း ျမင္ေတြ႕ခဲ့ၾကရပါတယ္။

Highlights – Lebanon vs Saudi Arabia

နာကာတာ၊ နာကာမူရာ၊ ဟြန္ဒါတို႔လို႔ ကစားသမားေတြက အစျပဳျပီး ကာဂါ၀ါ၊ အိုကာဇာကီ၊ ဟာဆီဘီ အစရွိတဲ့ နာမည္ေက်ာ္ကစားသမားေတြဟာ ဥေရာပထိပ္တန္းကလပ္ေတြမွာ ပုံမွန္ေနရာ ရယူႏိုင္တဲ့အထိ ကစားႏိုင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ၂၀၁၉ အာရွဖလားျပိဳင္ပြဲအတြက္ ဂ်ပန္အသင္းရဲ႕ အျပီးသတ္ (၂၃)ဦးစာရင္းကို ေၾကျငာခဲ့ရာမွာေတာ့ အံ့အားသင့္ဖြယ္အျဖစ္ နာမည္ေက်ာ္ကစားသမားေတြ ခ်န္လွပ္ခံခဲ့ရပါတယ္။ ကာဂါ၀ါ နဲ႔ အိုကာဇာကီတို႔လို ကစားသမားေတြ က်န္ရစ္ခဲ့ရျပီး နယူးကာဆယ္တိုက္စစ္မွဴး မူတိုဟာဆိုလည္း ခ်န္လွပ္ခံခဲ့ရျပီးမွ ဂ်ပန္အသင္းရဲ႕ အျခားကစားသမားတစ္ဦး ဒဏ္ရာရရွိသြားခဲ့လို႔သာ အစားထိုးေခၚယူခံခဲ့ရတာျဖစ္ပါတယ္။

ဒီအတြက္ ဂ်ပန္အသင္းကို ဦးေဆာင္ျပီး အဓိကတာ၀န္ယူရမယ့္ ကစားသမားအျဖစ္ အားလံုးရႈျမင္လာၾကတာကေတာ့ ယူရာအိုဆာကို ကိုပဲ ျဖစ္ပါတယ္။ အသက္ (၂၈)ရွိျပီျဖစ္တဲ့ ဒီကစားသမားက လက္ေရြးစင္အသင္းအတြက္ ကစားေပးေနခဲ့တာ ႏွစ္ေပါင္းၾကာျမင့္ေနပါျပီ။ ၂၀၁၄ ကမၻာ့ဖလား နဲ႔ ၂၀၁၈ ကမၻာ့ဖလားတို႔မွာလည္း ဂ်ပန္အတြက္ ပါ၀င္ကစားေပးခဲ့ျပီးေတာ့ ႏိုင္ငံတကာပြဲစုစုေပါင္း (၄၀)ေက်ာ္ ကစားေပးထားျပီး (၁၂)ဂိုးအထိ သြင္းယူေပးထားတဲ့သူပါ။ ေဂ်လိဂ္ထိပ္သီးအသင္း ကာရွီမာအန္တလာမွာ ကစားခဲ့ျပီးေနာက္ ၁၉၁ ပြဲမွာ စုစုေပါင္းသြင္းဂိုး (၆၅)ဂိုးအထိ အိုဆာကိုက သြင္းယူႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ ေျခစြမ္းျပခဲ့မႈက ကစားသမားဘ၀ေနာက္တဆင့္ကို ေရာက္ရွိေစခဲ့ျပီး ဘြန္ဒက္လီဂါ (၂) ကလပ္ ၁၈၆၀ ျမဴးနစ္အသင္းမွာ သြားေရာက္ကစားခဲ့ပါတယ္။

ဘြန္ဒက္လီဂါကလပ္အသင္းေဟာင္းအတြက္ အုိဆာကိုက (၁၅)ပြဲကစားေပးအျပီးမွာပဲ (၆)ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒီအတြက္ ၁၈၆၀ ျမဴးနစ္ကို ေျပာင္းေရႊ႕ျပီး (၆)လအၾကာမွာပဲ သူ႔ကို ဘြန္ဒက္လီဂါကလပ္ ကိုလံုးအသင္းက ေခၚယူခဲ့ပါတယ္။ ကိုလုံးအသင္းမွာေတာ့ အိုဆာကို ဂိုးသိပ္မသြင္းႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ အသင္းအတြက္ အေရးပါတဲ့ ေနရာကေန ကစားေပးခဲ့ရျပီး အဓိကကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။ ၂၀၁၆-၁၇ ေဘာလံုးရာသီမွာ သူက ကိုလံုးအတြက္ (၉)ဂိုးသြင္းယူေပးခဲ့ျပီး သူရဲ႕ (၉)လုံးေျမာက္ သြင္းဂိုးက ကိုလံုးကို အဆိုပါႏွစ္မွာ ထိပ္ဆံုး (၅)သင္း စာရင္း၀င္ေစခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္တစ္ႏွစ္အၾကာမွာေတာ့ ကိုလံုးအသင္း တန္းဆင္းသြားခဲ့ရျပီးေတာ့ အိုဆာကိုလည္း ၀ါဒါဘရီမင္အသင္းကို ေျပာင္းေရႊ႕သြားခဲ့ပါတယ္။ ကိုလံုးအတြက္ စုစုေပါင္း (၁၀၈)ပြဲအထိ သူက ကစားေပးခဲ့ျပီး (၁၅)ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။ ဒီႏွစ္ေဘာလံုးရာသီမွာ ၀ါဒါဘရီမင္ကို အိုဆာကို ထပ္မံေျပာင္းေရႊ႕ခဲ့ျပီး (၁၄)ပြဲကစားအျပီးမွာ (၃)ဂိုးသြင္းယူေပးထားျပီး ျဖစ္ပါတယ္။ ဥေရာပအေတြ႕အၾကံဳရင့္က်က္ျပီးေတာ့ အသက္အရြယ္အရလည္း အေကာင္းဆံုးအခ်ိန္ကုိ ေရာက္ရွိေနလို႔ အိုဆာကိုက ဂ်ပန္အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ထမ္းပိုးေပးရတဲ့ ကစားသမား ျဖစ္လာတာက သိပ္ေတာ့မထူးဆန္းပါဘူး။

လက္ရွိ အာရွဖလားျပိဳင္ပြဲမွာလည္း သူက (၂)ဂိုး သြင္းယူေပးထားျပီးပါျပီ။ တာမင္နစၥတန္နဲ႔ ကစားခဲ့တဲ့ အုပ္စုအဖြင့္ပြဲမွာ သူတစ္ဦးတည္းက (၂)ဂိုးသြင္းယူေပးခဲ့ျပီး ဂ်ပန္ကို ႏိုင္ပြဲရေစခဲ့တာပါ။ ဆုဖလားဆြတ္ခူးဖို႔အထိပါ ရည္မွန္းထားတဲ့ အျပာေရာင္ဆာမူရိုင္းတို႔ရဲ႕ ေမွ်ာ္လင္ခ်က္ကို အိုဆာကိုက အဖြင့္ပြဲမွာတင္ စတင္ျဖည့္ဆည့္ေပးေနျပီလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ ပခံုးေပၚမွာ ေနာက္ထပ္က်န္ေနေသးတဲ့ ၀န္ထုပ္၀န္ပိုးေတြကို အိုဆာကိုတစ္ေယာက္ အေကာင္းဆံုးပံုစံနဲ႔ ေလွ်ာ့ခ်ပစ္ႏိုင္မွာလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရေတာ့မွာပါ။

Unicode Version

အာရှထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဂျပန်အသင်းဟာ ဒီဘက်နှစ်တွေမှာ ခြေစွမ်းပိုင်းအရ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေတဲ့ အသင်းပါ။ ၁၉၉၈ ကမ္ဘာ့ဖလားကစတင်ပြီးနောက်မှာ ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားကို အကြိမ်တိုင်းလိုလိုမှာ ဝင်ရောက်ကစားနိုင်ခဲ့ပြီးတော့ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့တာပါ။ ဒါတင်မဟုတ်သေးပဲ ဂျပန်က သူတို့နိုင်ငံရဲ့ အကောင်းဆုံးထုတ်ကုန် ကစားသမားတွေကို ဥရောပဘက်အထိပါ တင်ပို့နိုင်ခဲ့ပြီးတော့ ကစားသမားအများအပြားဟာ ဥရောပမှာ အခြေစိုက်ကစားနိုင်ခဲ့ကြတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။

နာကာတာ၊ နာကာမူရာ၊ ဟွန်ဒါတို့လို့ ကစားသမားတွေက အစပြုပြီး ကာဂါ၀ါ၊ အိုကာဇာကီ၊ ဟာဆီဘီ အစရှိတဲ့ နာမည်ကျော်ကစားသမားတွေဟာ ဥရောပထိပ်တန်းကလပ်တွေမှာ ပုံမှန်နေရာ ရယူနိုင်တဲ့အထိ ကစားနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၉ အာရှဖလားပြိုင်ပွဲအတွက် ဂျပန်အသင်းရဲ့ အပြီးသတ် (၂၃)ဦးစာရင်းကို ကြေငြာခဲ့ရာမှာတော့ အံ့အားသင့်ဖွယ်အဖြစ် နာမည်ကျော်ကစားသမားတွေ ချန်လှပ်ခံခဲ့ရပါတယ်။ ကာဂါ၀ါ နဲ့ အိုကာဇာကီတို့လို ကစားသမားတွေ ကျန်ရစ်ခဲ့ရပြီး နယူးကာဆယ်တိုက်စစ်မှူး မူတိုဟာဆိုလည်း ချန်လှပ်ခံခဲ့ရပြီးမှ ဂျပန်အသင်းရဲ့ အခြားကစားသမားတစ်ဦး ဒဏ်ရာရရှိသွားခဲ့လို့သာ အစားထိုးခေါ်ယူခံခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် ဂျပန်အသင်းကို ဦးဆောင်ပြီး အဓိကတာဝန်ယူရမယ့် ကစားသမားအဖြစ် အားလုံးရှုမြင်လာကြတာကတော့ ယူရာအိုဆာကို ကိုပဲ ဖြစ်ပါတယ်။ အသက် (၂၈)ရှိပြီဖြစ်တဲ့ ဒီကစားသမားက လက်ရွေးစင်အသင်းအတွက် ကစားပေးနေခဲ့တာ နှစ်ပေါင်းကြာမြင့်နေပါပြီ။ ၂၀၁၄ ကမ္ဘာ့ဖလား နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားတို့မှာလည်း ဂျပန်အတွက် ပါဝင်ကစားပေးခဲ့ပြီးတော့ နိုင်ငံတကာပွဲစုစုပေါင်း (၄၀)ကျော် ကစားပေးထားပြီး (၁၂)ဂိုးအထိ သွင်းယူပေးထားတဲ့သူပါ။ ဂျေလိဂ်ထိပ်သီးအသင်း ကာရှီမာအန်တလာမှာ ကစားခဲ့ပြီးနောက် ၁၉၁ ပွဲမှာ စုစုပေါင်းသွင်းဂိုး (၆၅)ဂိုးအထိ အိုဆာကိုက သွင်းယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြခဲ့မှုက ကစားသမားဘဝနောက်တဆင့်ကို ရောက်ရှိစေခဲ့ပြီး ဘွန်ဒက်လီဂါ (၂) ကလပ် ၁၈၆၀ မြူးနစ်အသင်းမှာ သွားရောက်ကစားခဲ့ပါတယ်။

ဘွန်ဒက်လီဂါကလပ်အသင်းဟောင်းအတွက် အိုဆာကိုက (၁၅)ပွဲကစားပေးအပြီးမှာပဲ (၆)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီအတွက် ၁၈၆၀ မြူးနစ်ကို ပြောင်းရွှေ့ပြီး (၆)လအကြာမှာပဲ သူ့ကို ဘွန်ဒက်လီဂါကလပ် ကိုလုံးအသင်းက ခေါ်ယူခဲ့ပါတယ်။ ကိုလုံးအသင်းမှာတော့ အိုဆာကို ဂိုးသိပ်မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အသင်းအတွက် အရေးပါတဲ့ နေရာကနေ ကစားပေးခဲ့ရပြီး အဓိကကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ သူက ကိုလုံးအတွက် (၉)ဂိုးသွင်းယူပေးခဲ့ပြီး သူရဲ့ (၉)လုံးမြောက် သွင်းဂိုးက ကိုလုံးကို အဆိုပါနှစ်မှာ ထိပ်ဆုံး (၅)သင်း စာရင်းဝင်စေခဲ့ပါတယ်။

ဒါပေမယ့် နောက်တစ်နှစ်အကြာမှာတော့ ကိုလုံးအသင်း တန်းဆင်းသွားခဲ့ရပြီးတော့ အိုဆာကိုလည်း ၀ါဒါဘရီမင်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကိုလုံးအတွက် စုစုပေါင်း (၁၀၈)ပွဲအထိ သူက ကစားပေးခဲ့ပြီး (၁၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ၀ါဒါဘရီမင်ကို အိုဆာကို ထပ်မံပြောင်းရွှေ့ခဲ့ပြီး (၁၄)ပွဲကစားအပြီးမှာ (၃)ဂိုးသွင်းယူပေးထားပြီး ဖြစ်ပါတယ်။ ဥရောပအတွေ့အကြုံရင့်ကျက်ပြီးတော့ အသက်အရွယ်အရလည်း အကောင်းဆုံးအချိန်ကို ရောက်ရှိနေလို့ အိုဆာကိုက ဂျပန်အသင်းရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးပေးရတဲ့ ကစားသမား ဖြစ်လာတာက သိပ်တော့မထူးဆန်းပါဘူး။

လက်ရှိ အာရှဖလားပြိုင်ပွဲမှာလည်း သူက (၂)ဂိုး သွင်းယူပေးထားပြီးပါပြီ။ တာမင်နစ္စတန်နဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲမှာ သူတစ်ဦးတည်းက (၂)ဂိုးသွင်းယူပေးခဲ့ပြီး ဂျပန်ကို နိုင်ပွဲရစေခဲ့တာပါ။ ဆုဖလားဆွတ်ခူးဖို့အထိပါ ရည်မှန်းထားတဲ့ အပြာရောင်ဆာမူရိုင်းတို့ရဲ့ မျှော်လင်ချက်ကို အိုဆာကိုက အဖွင့်ပွဲမှာတင် စတင်ဖြည့်ဆည့်ပေးနေပြီလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပခုံးပေါ်မှာ နောက်ထပ်ကျန်နေသေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အိုဆာကိုတစ်ယောက် အကောင်းဆုံးပုံစံနဲ့ လျှော့ချပစ်နိုင်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။

မွတ္ခ်က္မ်ား။