ဘာရိန္းနဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနျပီလို႔ ၾကံဳး၀ါးခဲ့တဲ ့ အိႏၵိယတိုက္စစ္မွဴး ခ်က္ထရီ

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

အိႏၵိယအသင္းဟာ အာရွဖလားျပိဳင္ပြဲရဲ႕ အုပ္စုအဆင့္က တက္ေရာက္ႏိုင္ဖို႔ဆိုရင္ ဘာရိန္းနဲ႔ ကစားရမယ့္ အုပ္စုေနာက္ဆံုးပြဲကို အႏိုင္ကစားရေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိမွာ အိႏၵိယအသင္းက ယူေအအီးရဲ႕ေနာက္မွာ ရမွတ္တစ္မွတ္ေလ်ာ့နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနျပီးေတာ့ ထိုင္းအသင္းကို ဂိုးကြာျခားခ်က္အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ပါတယ္။

ထိုင္းကေတာ့ ဘာရိန္းကို အႏိုင္ရရွိခဲ့ျပီးေနာက္မွာ ေနာက္တဆင့္တက္ေရာက္ဖို႔ ေမွ်ာ္လင့္ခ်က္ရွင္သန္သြားခဲ့ျပီး ေနာက္ဆံုးပြဲမွာ ယူေအအီးနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ဒါဟာ အိႏၵိယအတြက္ေတာ့ အခြင့္ေကာင္းျဖစ္ျပီး ဘာရိန္းကို အႏိုင္ကစားရုံနဲ႔ တစ္ဖက္ပြဲရလာဒ္ကို ေစာင့္ဆိုင္းစရာမလိုပဲ ေနာက္တဆင့္ကို တက္ေရာက္သြားမွာ ျဖစ္ပါတယ္။

ဘာရိန္းနဲ႔ ကစားရမယ့္ပြဲအတြက္လည္း အသင္းေခါင္းေဆာင္ ခ်က္ထရီက အခုလိုေျပာခဲ့ပါတယ္။ “ ကၽြန္ေတာ္တို႔ ေရွ႕ဆက္ေနႏိုင္ဆဲပါ၊ ဘာရိန္းနဲ႔ ရင္ဆိုင္ဖို႔လည္း အသင့္ျဖစ္ေနပါျပီ၊ အသင္းတစ္သင္းအေနနဲ႔လည္း ကၽြန္ေတာ္တို႔မွာ စုစည္းညီညႊတ္မႈရွိေနျပီးေတာ့ တိုက္ပြဲ၀င္ဖို႔အတြက္ အသင့္ပါပဲ၊ ဘာရိန္းနဲ႔ပြဲအတြက္ ကၽြန္ေတာ္တို႔ရဲ႕ ပြဲၾကိဳအစီအစဥ္က အဲဒါပါပဲ” လို႔ ခ်က္ထရီက ေျပာဆိုသြားခဲ့ပါတယ္။

India train as their Asia Cup focus turns to Bahrain

“ ဒီပြဲက ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္လာမွာပါ၊ ကၽြန္ေတာ္တို႔ အခြင့္အေရးေတြကို အေကာင္းဆုံးအသံုးခ်သြားႏိုင္ဖို႔ အေရးၾကီးပါတယ္၊ ယူေအအီးအသင္းက အဲဒီအပိုင္းမွာ တကယ္ေကာင္းမြန္ခဲ့ပါတယ္၊ သူတို႔ရဲ႕ အခြင့္အေရးေတြကေန ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ” လို႔ ခ်က္ထရီက
ထပ္မံေျပာဆိုသြားခဲ့ပါတယ္။

အုပ္စု (က)ရဲ႕ ေနာက္ဆံုးပြဲေတြကိုေတာ့ ဇန္န၀ါရီလ (၁၄)ရက္ေန႔ (မနက္ျဖန္)မွာ တစ္ျပိဳင္နက္တည္း ကစားသြားမွာ ျဖစ္ပါတယ္။ အုပ္စု (က)မွာ အသင္းေလးသင္းလုံး အခြင့္အေရးကိုယ္စီရွိေနျပီးေတာ့ အုပ္စုေနာက္ဆံုးပြဲေတြ ျပီးဆံုးမွသာ ေနာက္တဆင့္ကို ဘယ္အသင္းတက္ေရာက္ႏိုင္မလဲ တိတိက်က်သိရမွာပါ။ လက္ရွိမွာေတာ့ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အိႏၵိယ နဲ႔ ယူေအအီးတို႔က ေရပန္းစားေနခဲ့ပါတယ္။

Unicode Version

အိန္ဒိယအသင်းဟာ အာရှဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့ဆိုရင် ဘာရိန်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲကို အနိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အိန္ဒိယအသင်းက ယူအေအီးရဲ့နောက်မှာ ရမှတ်တစ်မှတ်လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီးတော့ ထိုင်းအသင်းကို ဂိုးကွာခြားချက်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။

ထိုင်းကတော့ ဘာရိန်းကို အနိုင်ရရှိခဲ့ပြီးနောက်မှာ နောက်တဆင့်တက်ရောက်ဖို့ မျှော်လင့်ချက်ရှင်သန်သွားခဲ့ပြီး နောက်ဆုံးပွဲမှာ ယူအေအီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယအတွက်တော့ အခွင့်ကောင်းဖြစ်ပြီး ဘာရိန်းကို အနိုင်ကစားရုံနဲ့ တစ်ဖက်ပွဲရလာဒ်ကို စောင့်ဆိုင်းစရာမလိုပဲ နောက်တဆင့်ကို တက်ရောက်သွားမှာ ဖြစ်ပါတယ်။

ဘာရိန်းနဲ့ ကစားရမယ့်ပွဲအတွက်လည်း အသင်းခေါင်းဆောင် ချက်ထရီက အခုလိုပြောခဲ့ပါတယ်။ “ ကျွန်တော်တို့ ရှေ့ဆက်နေနိုင်ဆဲပါ၊ ဘာရိန်းနဲ့ ရင်ဆိုင်ဖို့လည်း အသင့်ဖြစ်နေပါပြီ၊ အသင်းတစ်သင်းအနေနဲ့လည်း ကျွန်တော်တို့မှာ စုစည်းညီညွှတ်မှုရှိနေပြီးတော့ တိုက်ပွဲဝင်ဖို့အတွက် အသင့်ပါပဲ၊ ဘာရိန်းနဲ့ပွဲအတွက် ကျွန်တော်တို့ရဲ့ ပွဲကြိုအစီအစဉ်က အဲဒါပါပဲ” လို့ ချက်ထရီက ပြောဆိုသွားခဲ့ပါတယ်။

“ ဒီပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ၊ ကျွန်တော်တို့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချသွားနိုင်ဖို့ အရေးကြီးပါတယ်၊ ယူအေအီးအသင်းက အဲဒီအပိုင်းမှာ တကယ်ကောင်းမွန်ခဲ့ပါတယ်၊ သူတို့ရဲ့ အခွင့်အရေးတွေကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ” လို့ ချက်ထရီက
ထပ်မံပြောဆိုသွားခဲ့ပါတယ်။

အုပ်စု (က)ရဲ့ နောက်ဆုံးပွဲတွေကိုတော့ ဇန်နဝါရီလ (၁၄)ရက်နေ့ (မနက်ဖြန်)မှာ တစ်ပြိုင်နက်တည်း ကစားသွားမှာ ဖြစ်ပါတယ်။ အုပ်စု (က)မှာ အသင်းလေးသင်းလုံး အခွင့်အရေးကိုယ်စီရှိနေပြီးတော့ အုပ်စုနောက်ဆုံးပွဲတွေ ပြီးဆုံးမှသာ နောက်တဆင့်ကို ဘယ်အသင်းတက်ရောက်နိုင်မလဲ တိတိကျကျသိရမှာပါ။ လက်ရှိမှာတော့ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အိန္ဒိယ နဲ့ ယူအေအီးတို့က ရေပန်းစားနေခဲ့ပါတယ်။

မွတ္ခ်က္မ်ား။