ေျမာက္ကိုရီးယားကို (၆)ဂိုးသြင္းျပီး ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ ၂၀၂၂ ကမၻာ့ဖလားအိမ္ရွင္ ကာတာအသင္း

ဒီေန႔ညေနမွာ ကစားခဲ့ၾကတဲ့ အာရွဖလား အုပ္စု (င) ရဲ႕ ပြဲစဥ္မွာေတာ့ ကာတာအသင္းဟာ ေျမာက္ကိုရီးယားကို ၾကီးမားတဲ့့ ဂိုးျပတ္ႏိုင္ပြဲ ရရွိျပီးေတာ့ ေနာက္တဆင့္ကို တက္ေရာက္သြားခဲ့ျပီး ေျမာက္ကိုရီးယားကေတာ့ အုပ္စုကေနပဲ ထြက္ခြာခဲ့ရတဲ့ အေျခအေနျဖစ္ခဲ့ပါတယ္။
ကာတာက ေျမာက္ကိုရီးယားကို သက္ေတာင့္သက္သာနဲ႔ ကစားျပီး ဂိုးအမ်ားအျပားသြင္းယူခဲ့တာလည္း ျဖစ္ပါတယ္။

ကာတာအသင္းဟာ ဒီေန႔ပြဲမွာ တိုက္စစ္အစြမ္းကို ျပသခဲ့ျပီး ၂၀၁၉ အာရွဖလားျပိဳင္ပြဲရဲ႕ ဂိုးအျပတ္ဆံုးႏိုင္ပြဲကို ရယူႏိုင္ခဲ့သလို ကာတာကစားသမား အယ္လ္မို႔ဇ္အလီကလည္း တစ္ဦးတည္း ေလးဂိုးသြင္းယူခဲ့ျပီး ၂၀၁၉ ျပိဳင္ပြဲမွာ တစ္ပြဲတည္း ဂိုးအမ်ားဆံုး သြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားအသင္းဟာ ကာတာကို အဖက္ဖက္က မယွဥ္ႏိုင္ခဲ့ပဲ အရံႈးေပးခဲ့ရတာျဖစ္ျပီးေတာ့ သူတို႔အသင္းေပးခဲ့ရတဲ့ဂိုးေတြကို ကာတာက အလြယ္တကူနဲ႔ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ကာတာအသင္းဟာ ဂိုးေပါက္တည့္မႈ (၆)ၾကိမ္မွာ (၆)ၾကိမ္စလံုးကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ျပီးေတာ့ သူတုိ႔ရဲ႕ ဂိုးသြင္းေသခ်ာမႈကိုလည္း ျပသႏိုင္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ (၉)မိနစ္၊ (၁၁)မိနစ္၊ (၅၅)မိနစ္ နဲ႔ (၆၀)မိနစ္တို႔မွာ အလီတစ္ဦးတည္းက ေလးဂိုးသြငး္ယူခဲ့ျပီးေတာ့ (၄၃)မိနစ္မွာ ခူခီ၊ (၆၈)မိနစ္မွာ ဟာဆန္ဖက္ဒ္လယ္လာတို႔က ကာတာအတြက္ ဂိုးေတြသြင္းယူခဲ့ပါတယ္။ ေျမာက္ကိုရီးယားကေတာ့ တစ္ပြဲလံုးမွာ ဂိုးေပါက္တည့္မႈတစ္ၾကိမ္သာ ရွိခဲ့ျပီးေတာ့ ေဘာလံုးပိုင္ဆိုင္မႈေရာ၊ ကစားကြက္အရပါ ကာတာကို ဘယ္လိုမွ ယွဥ္မကစားႏိုင္ခဲ့ပဲ အရံႈးေပးခဲ့ရျပီး ၾကီးမားတဲ့ ရံႈးပြဲကိုသာ ရရွိသြားခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ကာတာဟာ အုပ္စု (င)ရဲ႕ ထိပ္ဆံုးေနရာကို ဂိုးကြာျခားခ်က္အသာနဲ႔ ရယူႏိုင္ခဲ့ျပီး ေဆာ္ဒီရဲ႕ အထက္မွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဒီအုပ္စုမွာ လက္ဘႏြန္ နဲ႔ ေျမာက္ကိုရီးယားတို႔ဟာ အေကာင္းဆံုးတတိယအသင္းအျဖစ္ေတာင္မွ ေမွ်ာ္လင့္ႏိုင္ခြင့္မရွိပဲနဲ႔ အုပ္စုကေနပဲ ထြက္ခြာခဲ့ရျပီး ေဆာ္ဒီ နဲ႔ ကာတာတုိ႔ရဲ႕ ထိပ္တိုက္ေတြ႕ဆံုမႈက အုပ္စုဗိုလ္ ဘယ္အသင္းျဖစ္မလဲဆိုတာကို အဆံုးအျဖတ္ေပးသြားမွာလည္း ျဖစ္ပါတယ္။

Unicode Version

ဒီနေ့ညနေမှာ ကစားခဲ့ကြတဲ့ အာရှဖလား အုပ်စု (င) ရဲ့ ပွဲစဉ်မှာတော့ ကာတာအသင်းဟာ မြောက်ကိုရီးယားကို ကြီးမားတဲ့့ ဂိုးပြတ်နိုင်ပွဲ ရရှိပြီးတော့ နောက်တဆင့်ကို တက်ရောက်သွားခဲ့ပြီး မြောက်ကိုရီးယားကတော့ အုပ်စုကနေပဲ ထွက်ခွာခဲ့ရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
ကာတာက မြောက်ကိုရီးယားကို သက်တောင့်သက်သာနဲ့ ကစားပြီး ဂိုးအများအပြားသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ကာတာအသင်းဟာ ဒီနေ့ပွဲမှာ တိုက်စစ်အစွမ်းကို ပြသခဲ့ပြီး ၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ ဂိုးအပြတ်ဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သလို ကာတာကစားသမား အယ်လ်မို့ဇ်အလီကလည်း တစ်ဦးတည်း လေးဂိုးသွင်းယူခဲ့ပြီး ၂၀၁၉ ပြိုင်ပွဲမှာ တစ်ပွဲတည်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မြောက်ကိုရီးယားအသင်းဟာ ကာတာကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ပဲ အရှုံးပေးခဲ့ရတာဖြစ်ပြီးတော့ သူတို့အသင်းပေးခဲ့ရတဲ့ဂိုးတွေကို ကာတာက အလွယ်တကူနဲ့ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာတာအသင်းဟာ ဂိုးပေါက်တည့်မှု (၆)ကြိမ်မှာ (၆)ကြိမ်စလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီးတော့ သူတို့ရဲ့ ဂိုးသွင်းသေချာမှုကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၉)မိနစ်၊ (၁၁)မိနစ်၊ (၅၅)မိနစ် နဲ့ (၆၀)မိနစ်တို့မှာ အလီတစ်ဦးတည်းက လေးဂိုးသွငး်ယူခဲ့ပြီးတော့ (၄၃)မိနစ်မှာ ခူခီ၊ (၆၈)မိနစ်မှာ ဟာဆန်ဖက်ဒ်လယ်လာတို့က ကာတာအတွက် ဂိုးတွေသွင်းယူခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှုတစ်ကြိမ်သာ ရှိခဲ့ပြီးတော့ ဘောလုံးပိုင်ဆိုင်မှုရော၊ ကစားကွက်အရပါ ကာတာကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ပဲ အရှုံးပေးခဲ့ရပြီး ကြီးမားတဲ့ ရှုံးပွဲကိုသာ ရရှိသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ကာတာဟာ အုပ်စု (င)ရဲ့ ထိပ်ဆုံးနေရာကို ဂိုးကွာခြားချက်အသာနဲ့ ရယူနိုင်ခဲ့ပြီး ဆော်ဒီရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအုပ်စုမှာ လက်ဘနွန် နဲ့ မြောက်ကိုရီးယားတို့ဟာ အကောင်းဆုံးတတိယအသင်းအဖြစ်တောင်မှ မျှော်လင့်နိုင်ခွင့်မရှိပဲနဲ့ အုပ်စုကနေပဲ ထွက်ခွာခဲ့ရပြီး ဆော်ဒီ နဲ့ ကာတာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အုပ်စုဗိုလ် ဘယ်အသင်းဖြစ်မလဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။