၂၀၁၉ အာရွဖလားျပိဳင္ပြဲမွာ ျမင္ေတြ႕ေနရတဲ့ တန္ဖိုးအၾကီးမားဆံုး အေရွ႕အာရွကစားသမား (၅)ဦး

၂၀၁၉ အာရွဖလားျပိဳင္ပြဲၾကီးကေတာ့ အရွိန္ရသထက္ ရလာပါျပီ။ ေရးစရာ၊ ေျပာစရာေတြကလည္း မ်ားျပားေနခဲ့ျပီးေတာ့ တစ္ပြဲကန္ျပီးတိုင္းမွာ ေျပာစရာေတြကလည္း ေပၚေပၚလာေနပါတယ္။ အခု ေျပာျပခ်င္တာကေတာ့့ ဒီျပိဳင္ပြဲမွာ ၀င္ေရာက္ကစားေနခဲ့ အေရွ႕အာရွက ကစားသမားေတြအေၾကာင္းပါ။ စုစုေပါင္းေလးသင္း ပါ၀င္ကစားေနျပီးေတာ့ ေျမာက္ကိုရီးယား၊ ေတာင္ကိုရီးယား၊ တရုတ္ နဲ႔ ဂ်ပန္တို႔ ျဖစ္ပါတယ္။ ဒီေလးသင္းထဲကမွ တန္ဖိုးအၾကီးမားဆုံး အေရွ႕အာရွ ကစားသမား (၅)ဦးကို ေဖာ္ျပေပးခ်င္ပါတယ္။

၅။ မာယာယိုရွီဒါ (ဂ်ပန္ ) – ယူရို ၇သန္း

ေဆာက္သမ္တန္အသင္းမွာ ကစားေနတဲ့ ေနာက္ခံကစားသမား ျဖစ္ပါတယ္။ ဂ်ပန္အသင္းရဲ႕ အသင္းေခါင္းေဆာင္လည္းျဖစ္သလို အားထားရတဲ့ ဒီေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္အသင္းမွာလည္း ပံုမွန္ပြဲထြက္ခြင့္ ရရွိေနခဲ့သူ ျဖစ္ပါတယ္။ အေတြ႕အၾကံဳ ရင့္က်က္သလို ေျခစြမ္းပိုင္းလည္း တည္ျငိမ္တာေၾကာင့္ ဂ်ပန္အတြက္ေတာ့ မရွိမျဖစ္ လိုအပ္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ယိုရွီဒါရဲ႕ တန္ေၾကးက ယူရို (၇)သန္းအထိ ရွိေနခဲ့ျပီး အခုေဖာ္ျပေပးတဲ့ စာရင္းမွာေတာ့ အဆင့္ (၅)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

Highlights – Oman vs Japan

၄။ ရစ္ဆုဒိုအန္ (ဂ်ပန္) – ယူရို ၇.၅သန္း

 

အသက္ (၂၀)အရြယ္ ညာေတာင္ပံကစားသမားက ဥေရာပကလပ္ေတြရဲ႕ ေစာင့္ၾကည့္ျခင္းကို ခံေနရတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ ထိပ္တန္းအဆင့္ေျခစြမ္းမွာ ရွိတယ္လို႔ ဒိုအန္က သက္ေသျပႏိုင္ထားျပီးလည္း ျဖစ္ပါတယ္။ လက္ရွိမွာ သူက နယ္သာလန္ကလပ္ ဂရိုနင္ဂ်န္အသင္းမွာ ကစားေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အနာဂတ္မွာ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာခဲ့မယ္ဆိုရင္လည္း အံ့အားသင့္စရာေတာ့ မရွိပါဘူး။ ငယ္ရြယ္ျပီး အလားအလာေကာင္းတဲ့ ေျခစြမ္းရွိတာမို႔ သူလည္း အဂၤလန္ကို ေျခခ်လာႏိုင္ပါတယ္။

Highlights – Turkmenistan vs Uzbekistan

၃။ ဟီရိုကီဆာကိုင္ (ဂ်ပန္) – ယူရို ၈သန္း

အသက္ (၂၈)ႏွစ္ရွိျပိျဖစ္တဲ့ ဆာကိုင္က ဘယ္ေနာက္ခံလူအျဖစ္လည္း ကစားႏိုင္ျပီး ေနာက္တန္းမွာ ေနရာေတာ္ေတာ္မ်ားမ်ား ကစားႏိုင္စြမ္းရွိသူပါ။ ျပင္သစ္လီဂူး၀မ္းကလပ္ မာေဆးလ္မွာ မကစားခင္ ဆာကိုင္က ဘြန္ဒက္လီဂါကလပ္ ဟန္ႏိုဗာအသင္းမွာ ကစားခဲ့ဖူးသူလည္း ျဖစ္ပါတယ္။ ဒီရာသီမွာ သူက အသင္းအတြက္ (၁၃)ပြဲ ပါ၀င္ကစားခြင့္ ရရွိထားျပီး ျပီးခဲ့တဲ့ (၂)ရာသီလံုးမွာလည္း တစ္ရာသီကိုပြဲေပါင္း (၃၀)ေက်ာ္အထိ ကစားေပးခဲ့သူပါ။ သူ႔ရဲ႕ တန္ေၾကးကေတာ့ ယူရို (၈)သန္းအထိ ရွိပါတယ္။

၂။ ယိုရွီႏိုရီမူတို (ဂ်ပန္) – ယူရို ၁၀သန္း

နယူးကာဆယ္အသင္းရဲ႕ တိုက္စစ္မွဴး မူတိုဟာ ဒီရာသီအစမွာမွ နယးကာဆယ္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဂိုးသြင္းႏိုင္ခဲ့ျပီး ျဖစ္တဲ့ အသက္ (၂၆)ႏွစ္အရြယ္တ ိုက္စစ္မွဴးဟာ ဘြန္ဒက္လီဂါကလပ္ မိန္႔ဇ္ကေန ဘင္နီတက္ဇ္ရဲ႕ ေခၚယူမႈကို ခံခဲ့ရသူလည္းျဖစ္ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ဂိုးသြင္းႏိုင္ခဲ့ျပီးေနာက္ မူတုိက လူပိုသိတဲ့ ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။

AFC Asian Cup 2019: Oman 0-1 Japan – Genki Haraguchi (28′)

၁။ ဆြန္ေဟာင္မင္ (ကိုရီးယား) – ယူရို သန္း၅၀

ျပိဳင္ဘက္မရွိတဲ့ တန္ဖိုးတစ္ခုနဲ႔ ရပ္တည္ေနခဲ့တဲ့ ဆြန္ေဟာင္မင္ကေတာ့ အာရွရဲ႕ ေစ်းအၾကီးဆံုးကစားသမားလည္း ျဖစ္ပါတယ္။ အသက္ (၂၆)ႏွစ္အရြယ္ တိုက္စစ္ကစားသမားဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးတိုက္စစ္ကစားသမားေတြထဲမွာ တစ္ဦးအပါအ၀င္ျဖစ္ေနခဲ့ျပီးေတာ့ စပါးအသင္းမွာ ဟယ္ရီကိန္း၊ ဒယ္လီအလီ၊ အဲရစ္ဆန္တို႔နဲ႔ ပူးေပါင္းျပီး ထက္ျမက္တဲ့ တိုက္စစ္ကို ဖန္တီးေနခဲ့သူလည္း ျဖစ္ပါတယ္။ အာရွရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္လည္း လက္ရွိမွာ သတ္မွတ္ခံထားရျပီး ပိုခ်က္တီႏိုအတြက္ စိတ္ၾကိဳက္အျဖစ္ဆံုး ကစားသမားအျဖစ္လည္း ဆြန္ေဟာင္မင္က ေျခစြမ္းျပကစားေပးေနသူပါ။

Unicode Version

၂၀၁၉ အာရှဖလားပြိုင်ပွဲကြီးကတော့ အရှိန်ရသထက် ရလာပါပြီ။ ရေးစရာ၊ ပြောစရာတွေကလည်း များပြားနေခဲ့ပြီးတော့ တစ်ပွဲကန်ပြီးတိုင်းမှာ ပြောစရာတွေကလည်း ပေါ်ပေါ်လာနေပါတယ်။ အခု ပြောပြချင်တာကတော့့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ကစားနေခဲ့ အရှေ့အာရှက ကစားသမားတွေအကြောင်းပါ။ စုစုပေါင်းလေးသင်း ပါဝင်ကစားနေပြီးတော့ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ် နဲ့ ဂျပန်တို့ ဖြစ်ပါတယ်။ ဒီလေးသင်းထဲကမှ တန်ဖိုးအကြီးမားဆုံး အရှေ့အာရှ ကစားသမား (၅)ဦးကို ဖော်ပြပေးချင်ပါတယ်။

၅။ မာယာယိုရှီဒါ (ဂျပန် ) – ယူရို ရသန်း

ဆောက်သမ်တန်အသင်းမှာ ကစားနေတဲ့ နောက်ခံကစားသမား ဖြစ်ပါတယ်။ ဂျပန်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်သလို အားထားရတဲ့ ဒီနောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်အသင်းမှာလည်း ပုံမှန်ပွဲထွက်ခွင့် ရရှိနေခဲ့သူ ဖြစ်ပါတယ်။ အတွေ့အကြုံ ရင့်ကျက်သလို ခြေစွမ်းပိုင်းလည်း တည်ငြိမ်တာကြောင့် ဂျပန်အတွက်တော့ မရှိမဖြစ် လိုအပ်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ယိုရှီဒါရဲ့ တန်ကြေးက ယူရို (၇)သန်းအထိ ရှိနေခဲ့ပြီး အခုဖော်ပြပေးတဲ့ စာရင်းမှာတော့ အဆင့် (၅)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

၄။ ရစ်ဆုဒိုအန် (ဂျပန်) – ယူရို ၇.၅သန်း

အသက် (၂၀)အရွယ် ညာတောင်ပံကစားသမားက ဥရောပကလပ်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ထိပ်တန်းအဆင့်ခြေစွမ်းမှာ ရှိတယ်လို့ ဒိုအန်က သက်သေပြနိုင်ထားပြီးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူက နယ်သာလန်ကလပ် ဂရိုနင်ဂျန်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့မယ်ဆိုရင်လည်း အံ့အားသင့်စရာတော့ မရှိပါဘူး။ ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့ ခြေစွမ်းရှိတာမို့ သူလည်း အင်္ဂလန်ကို ခြေချလာနိုင်ပါတယ်။

၃။ ဟီရိုကီဆာကိုင် (ဂျပန်) – ယူရို ၈သန်း

အသက် (၂၈)နှစ်ရှိပြိဖြစ်တဲ့ ဆာကိုင်က ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်ပြီး နောက်တန်းမှာ နေရာတော်တော်များများ ကစားနိုင်စွမ်းရှိသူပါ။ ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်မှာ မကစားခင် ဆာကိုင်က ဘွန်ဒက်လီဂါကလပ် ဟန်နိုဗာအသင်းမှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဒီရာသီမှာ သူက အသင်းအတွက် (၁၃)ပွဲ ပါဝင်ကစားခွင့် ရရှိထားပြီး ပြီးခဲ့တဲ့ (၂)ရာသီလုံးမှာလည်း တစ်ရာသီကိုပွဲပေါင်း (၃၀)ကျော်အထိ ကစားပေးခဲ့သူပါ။ သူ့ရဲ့ တန်ကြေးကတော့ ယူရို (၈)သန်းအထိ ရှိပါတယ်။

၂။ ယိုရှီနိုရီမူတို (ဂျပန်) – ယူရို ၁ဝသန်း

နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး မူတိုဟာ ဒီရာသီအစမှာမှ နယးကာဆယ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ဂိုးသွင်းနိုင်ခဲ့ပြီး ဖြစ်တဲ့ အသက် (၂၆)နှစ်အရွယ်တ ိုက်စစ်မှူးဟာ ဘွန်ဒက်လီဂါကလပ် မိန့်ဇ်ကနေ ဘင်နီတက်ဇ်ရဲ့ ခေါ်ယူမှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် မူတိုက လူပိုသိတဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

၁။ ဆွန်ဟောင်မင် (ကိုရီးယား) – ယူရို သန်း၅၀

ပြိုင်ဘက်မရှိတဲ့ တန်ဖိုးတစ်ခုနဲ့ ရပ်တည်နေခဲ့တဲ့ ဆွန်ဟောင်မင်ကတော့ အာရှရဲ့ စျေးအကြီးဆုံးကစားသမားလည်း ဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေခဲ့ပြီးတော့ စပါးအသင်းမှာ ဟယ်ရီကိန်း၊ ဒယ်လီအလီ၊ အဲရစ်ဆန်တို့နဲ့ ပူးပေါင်းပြီး ထက်မြက်တဲ့ တိုက်စစ်ကို ဖန်တီးနေခဲ့သူလည်း ဖြစ်ပါတယ်။ အာရှရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း လက်ရှိမှာ သတ်မှတ်ခံထားရပြီး ပိုချက်တီနိုအတွက် စိတ်ကြိုက်အဖြစ်ဆုံး ကစားသမားအဖြစ်လည်း ဆွန်ဟောင်မင်က ခြေစွမ်းပြကစားပေးနေသူပါ။

မွတ္ခ်က္မ်ား။