၂၀၁၉ အာရွဖလားျပိဳင္ပြဲမွာ ျမင္ေတြ႕ေနရတဲ့ တန္ဖိုးအၾကီးမားဆံုး အေနာက္အာရွကစားသမား (၅)ဦး

အေရွ႕အာရွရဲ႕ တန္ဖိုးအၾကီးမားဆံုး ကစားသမားေတြကို ေဖာ္ျပအျပီးမွာ ေနာက္ထပ္ေဖာ္ျပေပးခ်င္တာကေတာ့ အေနာက္အာရွရဲ႕ တန္ဖိုးအၾကီးမားဆံုး ကစားသမားေတြပဲ ျဖစ္ပါတယ္။ ကစားသမားအရင္းအျမစ္ ေပါၾကြယ္၀တဲ့ ႏိုင္ငံေတြျဖစ္တာမို႔ ကစားသမားေကာင္း အမ်ားအျပား ေပၚထြက္လာေနျပီး ေဘာလံုးအဆင့္အတန္းလည္း ပိုမိုျမင့္မားလာခဲ့တဲ့ အေနာက္အာရွႏိုင္ငံက ကစားသမားေတြဟာလည္း ဥေရာပကို ေျခခ်ေနႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ဘယ္ကစားသမားေတြမ်ား ျဖစ္မလဲဆိုတာ ၾကည့္လိုက္ရေအာင္။

၅။ ဟူစိန္အယ္လ္မိုကာ၀ီ – ယူရို ၁.၉သန္း

ဒီစာရင္းရဲ႕ ပထမဆုံးကစားသမားကေတာ့ ဟူစိန္ပါ။ အာရပ္အင္အားၾကီးႏိုင္ငံအသင္းဟာ ဒီျပိဳင္ပြဲမွာ ကစားျပီးတဲ့ (၂)ပြဲလံုးကို အႏိုင္ရရွိထားျပီးေတာ့ အယ္လ္မိုကာ၀ီကလည္း အသင္းရဲ႕ ကြင္းလယ္မွာ အေကာင္းဆုံးေျခစြမ္းျပသေနခဲ့ပါတယ္။ ေဆာ္ဒီပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ အာရွဖလားကို အရယူေပးဖို႔အတြက္ အယ္လ္မိုကာ၀ီတစ္ေယာက္ ေျခစြမ္းျပသႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ သူ႔ရဲ႕တန္ေၾကးကေတာ့ ယူရို ၁.၉သန္း ရွိတယ္လို႔ သိရပါတယ္။

၄။ အိုမာခါဘင္ – ယူရုိ ၁.၉သန္း

ဆီးရီးယားတိုက္စစ္မွဴး အိုမာခါဘင္ကလည္း ယူရို (၂)သန္းနီးပါး တန္ေၾကးရွိသူ ျဖစ္ပါတယ္။ ဆီးရီးယားကေတာ့ ဒီႏွစ္ အာရွဖလားျပိဳင္ပြဲမွာ (၂)ပြဲကစားအျပီး(၁)မွတ္သာ ရရွိေသးသလို ခါဘင္ကလည္း အသင္းအတြက္ သြင္းဂိုးတစ္ဂိုးမွ မရရွိေသးပါဘူး။ ဒီျပိဳင္ပြဲမွာ အဆင့္
ျမင့္ျမင့္နဲ႔ ၀င္ေရာက္ကစားႏိုင္ဖို႔ ဆီးရီးယားမွာ လိုအပ္ခ်က္ေတြ ရွိေနေသးျပီး ကစားသမားေတြအေနနဲ႔လည္း ေျခစြမ္းဒီထက္မက ပိုျပီးျမင့္မားလာေအာင္ ၾကိဳးစားရဦးမွာျဖစ္ပါတယ္။

Highlights – DPR Korea vs Qatar

၃။ ယာဆာအယ္လ္ရွာဟာနီ – ယူရို (၂)သန္း

ေဆာ္ဒီအသင္းနဲ႔အတူ ကမၻာ့ဖလားျပိဳင္ပြဲကို ၀င္ေရာက္ကစားႏိုင္ခဲ့တဲ့ အယ္လ္ရွာဟာနီကေတာ့ ေဆာ္ဒီရဲ႕တန္ဖိုးအၾကီးဆံုး ကစားသမားလည္း ျဖစ္ပါတယ္။ ဘယ္အစြန္ေနာက္ခံကစားသမားဟာ ဒီျပိဳင္ပြဲမွာလည္း ေျခစြမ္းျပေနျပီးေတာ့ ေဆာ္ဒီရဲ႕ အဓိကကစားသမားတစ္ဦးအျဖစ္ ပါ၀င္ေနခဲ့ရတာျဖစ္ပါတယ္။ ေဆာ္ဒီနဲ႔အတူ လာမယ့္ပြဲေတြမွာလည္း ရွာဟာနီ ေျခစြမ္းျပဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

၂။ အလီမက္ဘ္ေကာက္ – ယူရို ၂.၈သန္း

 

ယူေအအီးအသင္းရဲ႕ နံပါတ္ (၇)ပိုင္ရွင္ ကစားသမားဟာ အေနာက္အာရွရဲ႕ ဒုတိယေျမာက္ တန္ဖိုးအၾကီးမားဆံုး ကစားသမားျဖစ္ပါတယ္။ အိမ္ရွင္ယူေအအီးအသင္းအတြက္ မက္ဘ္ေကာက္က ေျခစြမ္းျပကစားေပးေနျပီး အိႏၵိယကို (၂-၀)နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ သူက တစ္ဂိုး
သြင္းယူေပးထားပါတယ္။ ဆုဖလားရဖို႔အထိ ယူေအအီးအသင္းကို သူ ကူညီေပးႏိုင္မလားဆိုတာကို လာမယ့္ပြဲေတြမွာ ျမင္ေတြ႕ရမွာပါ။

၁။ အိုမာအယ္လ္ဆိုမာ- ယူရို ၇.၅သန္း

ဆီးရီးယားအတြက္ေရာ၊ အေနာက္အာရွအတြက္ပါ တန္ဖိုးအျမင့္ဆံုးကစားသမားျဖစ္ပါတယ္။ သူ႔ရဲ႕ တန္ေၾကးက ယူရို ၇.၅သန္းအထိ ရွိေနတာမို႔လို႔ ဒါဟာ ဥေရာပအလယ္အလတ္ကစားသမားတစ္ေယာက္ရဲ႕ တန္ေၾကးနီးပါး ျဖစ္ေနခဲ့တာပါ။ ဆီးရီးယားအသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ ကစားသမားျဖစ္ျပီး အုပ္စုေနာက္ဆံုးပြဲမွာ ၾသစေၾတးလ်ကို အႏိုင္ရမွ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္မယ့္ ဆီးရီးယားအေနနဲ႔ အယ္လ္ဆိုမာရဲ႕ ေျခစြမ္းအေပၚ မွီခိုရေတာ့မွာပါ။ အေနာက္အာရွရဲ႕ တန္ဖိုးအၾကိးမားဆံုးကစားသမားက သူ႔ႏိုင္ငံအသင္းကို ဘယ္အဆင့္ထိ ပို႔ေဆာင္ေပးႏိုင္မွာလဲဆိုတာ အားလံုးသိခ်င္ေနတဲ့ ေမးခြန္းတစ္ခုျဖစ္လာခဲ့ပါတယ္။

Unicode Version

အရှေ့အာရှရဲ့ တန်ဖိုးအကြီးမားဆုံး ကစားသမားတွေကို ဖော်ပြအပြီးမှာ နောက်ထပ်ဖော်ပြပေးချင်တာကတော့ အနောက်အာရှရဲ့ တန်ဖိုးအကြီးမားဆုံး ကစားသမားတွေပဲ ဖြစ်ပါတယ်။ ကစားသမားအရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတွေဖြစ်တာမို့ ကစားသမားကောင်း အများအပြား ပေါ်ထွက်လာနေပြီး ဘောလုံးအဆင့်အတန်းလည်း ပိုမိုမြင့်မားလာခဲ့တဲ့ အနောက်အာရှနိုင်ငံက ကစားသမားတွေဟာလည်း ဥရောပကို ခြေချနေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဘယ်ကစားသမားတွေများ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

၅။ ဟူစိန်အယ်လ်မိုကာဝီ – ယူရို ၁.၉သန်း

ဒီစာရင်းရဲ့ ပထမဆုံးကစားသမားကတော့ ဟူစိန်ပါ။ အာရပ်အင်အားကြီးနိုင်ငံအသင်းဟာ ဒီပြိုင်ပွဲမှာ ကစားပြီးတဲ့ (၂)ပွဲလုံးကို အနိုင်ရရှိထားပြီးတော့ အယ်လ်မိုကာဝီကလည်း အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြသနေခဲ့ပါတယ်။ ဆော်ဒီပရိသတ်တွေ မျှော်လင့်နေတဲ့ အာရှဖလားကို အရယူပေးဖို့အတွက် အယ်လ်မိုကာဝီတစ်ယောက် ခြေစွမ်းပြသနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။ သူ့ရဲ့တန်ကြေးကတော့ ယူရို ၁.၉သန်း ရှိတယ်လို့ သိရပါတယ်။

၄။ အိုမာခါဘင် – ယူရို ၁.၉သန်း

ဆီးရီးယားတိုက်စစ်မှူး အိုမာခါဘင်ကလည်း ယူရို (၂)သန်းနီးပါး တန်ကြေးရှိသူ ဖြစ်ပါတယ်။ ဆီးရီးယားကတော့ ဒီနှစ် အာရှဖလားပြိုင်ပွဲမှာ (၂)ပွဲကစားအပြီး(၁)မှတ်သာ ရရှိသေးသလို ခါဘင်ကလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးမှ မရရှိသေးပါဘူး။ ဒီပြိုင်ပွဲမှာ အဆင့်
မြင့်မြင့်နဲ့ ဝင်ရောက်ကစားနိုင်ဖို့ ဆီးရီးယားမှာ လိုအပ်ချက်တွေ ရှိနေသေးပြီး ကစားသမားတွေအနေနဲ့လည်း ခြေစွမ်းဒီထက်မက ပိုပြီးမြင့်မားလာအောင် ကြိုးစားရဦးမှာဖြစ်ပါတယ်။

၃။ ယာဆာအယလ်ရှာဟာနီ – ယူရို (၂)သန်း

ဆော်ဒီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားနိုင်ခဲ့တဲ့ အယ်လ်ရှာဟာနီကတော့ ဆော်ဒီရဲ့တန်ဖိုးအကြီးဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဘယ်အစွန်နောက်ခံကစားသမားဟာ ဒီပြိုင်ပွဲမှာလည်း ခြေစွမ်းပြနေပြီးတော့ ဆော်ဒီရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်နေခဲ့ရတာဖြစ်ပါတယ်။ ဆော်ဒီနဲ့အတူ လာမယ့်ပွဲတွေမှာလည်း ရှာဟာနီ ခြေစွမ်းပြဦးမယ်လို့ မျှော်လင့်ရပါတယ်။

၂။ အလီမက်ဘ်ကောက် – ယူရို ၂.၈သန်း

ယူအေအီးအသင်းရဲ့ နံပါတ် (၇)ပိုင်ရှင် ကစားသမားဟာ အနောက်အာရှရဲ့ ဒုတိယမြောက် တန်ဖိုးအကြီးမားဆုံး ကစားသမားဖြစ်ပါတယ်။ အိမ်ရှင်ယူအေအီးအသင်းအတွက် မက်ဘ်ကောက်က ခြေစွမ်းပြကစားပေးနေပြီး အိန္ဒိယကို (၂-၀)နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူက တစ်ဂိုး
သွင်းယူပေးထားပါတယ်။ ဆုဖလားရဖို့အထိ ယူအေအီးအသင်းကို သူ ကူညီပေးနိုင်မလားဆိုတာကို လာမယ့်ပွဲတွေမှာ မြင်တွေ့ရမှာပါ။

၁။ အိုမာအယ်လ်ဆိုမာ- ယူရို ၇.၅သန်း

ဆီးရီးယားအတွက်ရော၊ အနောက်အာရှအတွက်ပါ တန်ဖိုးအမြင့်ဆုံးကစားသမားဖြစ်ပါတယ်။ သူ့ရဲ့ တန်ကြေးက ယူရို ၇.၅သန်းအထိ ရှိနေတာမို့လို့ ဒါဟာ ဥရောပအလယ်အလတ်ကစားသမားတစ်ယောက်ရဲ့ တန်ကြေးနီးပါး ဖြစ်နေခဲ့တာပါ။ ဆီးရီးယားအသင်းရဲ့ မျှော်လင့်ချက် ကစားသမားဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲမှာ သြစတြေးလျကို အနိုင်ရမှ နောက်တဆင့်ကို တက်ရောက်နိုင်မယ့် ဆီးရီးယားအနေနဲ့ အယ်လ်ဆိုမာရဲ့ ခြေစွမ်းအပေါ် မှီခိုရတော့မှာပါ။ အနောက်အာရှရဲ့ တန်ဖိုးအကြိးမားဆုံးကစားသမားက သူ့နိုင်ငံအသင်းကို ဘယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်မှာလဲဆိုတာ အားလုံးသိချင်နေတဲ့ မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။

မွတ္ခ်က္မ်ား။