ယူေအအီးနဲ႔ပြဲမွာ အေကာင္းဆံုးကစားႏိုင္ဖို႔ပဲ အာရုံစိုက္ထားတယ္လုိ႔ ေျပာခဲ့တဲ့ ထိုင္းယာယီနည္းျပ

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

၂၀၁၉ အာရွဖလားျပိဳင္ပြဲကို ၀င္ေရာက္ကစားေနတဲ့ ထိုင္းအသင္းဟာ ဒီေန႔မွာေတာ့ အိမ္ရွင္ယူေအအီးအသင္းနဲ႔ ကစားရေတာ့မွာ ျဖစ္ပါတယ္။ ထိုင္းအသင္းဟာ အိႏၵိယကို (၄-၁) နဲ႔ အေရးနိမ့္ခဲ့ျပီးေနာက္ နည္းျပမီလိုဗန္ကို ထုတ္ပယ္ခဲ့ျပီး ယာယီနည္းျပအျဖစ္ ဆီရီဆက္ခ္ေယာ့ဒ္ယဒ္ထိုင္းကို အစားထိုးခန္႔အပ္ခဲ့ျပီးေနာက္ ဘာရိန္းနဲ႔ကစားခဲ့တဲ့ပြဲကိုေတာ့ အႏိုင္ရရွိထားခဲ့ပါတယ္။

အုပ္စုတြင္းမွာ ထိုင္းအသင္းဟာ ရမွတ္ (၃)မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ေနခဲ့ျပီး အိမ္ရွင္ယူေအအီးကေတာ့ ရမွတ္ (၄)မွတ္နဲ႔ အုပ္စုထိပ္ဆံုးမွာ ရပ္တည္ေနတာပါ။ ဒီအတြက္ ဒီေန႔ပြဲဟာ ႏွစ္သင္းလုံးအတြက္ အေရးၾကီးေနတဲ့ ပြဲျဖစ္ျပီး မျဖစ္မေန အႏိုင္ရေအာင္ ကစားရမွာလည္းျဖစ္တာမို႔ အၾကိတ္အနယ္ရွိလာမွာလည္း ေသခ်ာေနပါတယ္။

အုပ္စုတြင္း (၄)သင္းလံုး ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ေခ်ရွိေနေသးတာမို႔ ဆီရီဆက္ခ္က သူ႔အေနနဲ႔ ရလာဒ္ပိုင္းကို အာရံုမစိုက္ပဲ အသင္းရဲ႕ ေျခစြမ္းပိုင္းကိုသာ အာရံုစိုက္ထားတယ္လို႔ ပြဲမတိုင္ခင္မွာ ေျပာၾကားသြားခဲ့ပါတယ္။ “ ကၽြန္ေတာ္တို႔အုပ္စုမွာ ဘာမဆိုျဖစ္သြားႏိုင္တဲ့ အေနအထားေတြ အမ်ားၾကီးပါ၊ ဒီအတြက္ အုပ္စုက တက္ေရာက္ဖို႔ကို ကၽြန္ေတာ္ မစဥ္းစားထားပါဘူး” လို႔ သူက ေျပာပါတယ္။

ဆီရီဆက္ခ္က ထပ္ေျပာခဲ့ရာမွာေတာ့ “ အသင္းအေနနဲ႔ ယူေအအီးနဲ႔ ကစားရမယ့္ပြဲမွာ အေကာင္းဆံုးအားထုတ္ကစားႏိုင္ဖို႔ပဲ ကၽြန္ေတာ္ ၾကိဳးစားေနတာပါ၊ ဒီပြဲမွာ ကၽြန္ေတာ္တို႔ ဘာလုပ္ျပႏိုင္လဲဆိုတာကို ေစာင့္ၾကည့္ရပါမယ္၊ ယူေအအီးနဲ႔ ကမၻာ့ဖလားေျခစစ္ပြဲ (၂)ပြဲကစားဖူးတာမို႔ သူတို႔က အသင္းေကာင္းတစ္သင္းျဖစ္တယ္ဆိုတာ သိထားပါတယ္”

“ ရုပ္ပိုင္းဆိုင္ရာအရ အရမ္းေကာင္းမြန္သလို အရမ္းလည္းလွ်င္ျမန္ၾကပါတယ္၊ ဒါေပမယ့္ ထိုင္းကစားသမားေတြက အေကာင္းဆံုးေျခစြမ္းျပသႏိုင္မယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္၊ စိတ္ဓာတ္အျပည့္နဲ႔ ကစားသြားမွာျဖစ္ျပီး ဒီပြဲကေန တစ္စံုတစ္ရာ ရယူႏိုင္ေအာင္လည္း ကၽြန္ေတာ္တို႔ ၾကိဳးစားသြားမွာပါ” လို႔ ဆီရီဆက္ခ္က ေျပာၾကားခဲ့ပါတယ္။

Unicode Version

၂၀၁၉ အာရှဖလားပြိုင်ပွဲကို ဝင်ရောက်ကစားနေတဲ့ ထိုင်းအသင်းဟာ ဒီနေ့မှာတော့ အိမ်ရှင်ယူအေအီးအသင်းနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ ထိုင်းအသင်းဟာ အိန္ဒိယကို (၄-၁) နဲ့ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြမီလိုဗန်ကို ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြအဖြစ် ဆီရီဆက်ခ်ယော့ဒ်ယဒ်ထိုင်းကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် ဘာရိန်းနဲ့ကစားခဲ့တဲ့ပွဲကိုတော့ အနိုင်ရရှိထားခဲ့ပါတယ်။

အုပ်စုတွင်းမှာ ထိုင်းအသင်းဟာ ရမှတ် (၃)မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေခဲ့ပြီး အိမ်ရှင်ယူအေအီးကတော့ ရမှတ် (၄)မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ ဒီအတွက် ဒီနေ့ပွဲဟာ နှစ်သင်းလုံးအတွက် အရေးကြီးနေတဲ့ ပွဲဖြစ်ပြီး မဖြစ်မနေ အနိုင်ရအောင် ကစားရမှာလည်းဖြစ်တာမို့ အကြိတ်အနယ်ရှိလာမှာလည်း သေချာနေပါတယ်။

အုပ်စုတွင်း (၄)သင်းလုံး နောက်တဆင့်ကို တက်ရောက်နိုင်ချေရှိနေသေးတာမို့ ဆီရီဆက်ခ်က သူ့အနေနဲ့ ရလာဒ်ပိုင်းကို အာရုံမစိုက်ပဲ အသင်းရဲ့ ခြေစွမ်းပိုင်းကိုသာ အာရုံစိုက်ထားတယ်လို့ ပွဲမတိုင်ခင်မှာ ပြောကြားသွားခဲ့ပါတယ်။ “ ကျွန်တော်တို့အုပ်စုမှာ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားတွေ အများကြီးပါ၊ ဒီအတွက် အုပ်စုက တက်ရောက်ဖို့ကို ကျွန်တော် မစဉ်းစားထားပါဘူး” လို့ သူက ပြောပါတယ်။

ဆီရီဆက်ခ်က ထပ်ပြောခဲ့ရာမှာတော့ “ အသင်းအနေနဲ့ ယူအေအီးနဲ့ ကစားရမယ့်ပွဲမှာ အကောင်းဆုံးအားထုတ်ကစားနိုင်ဖို့ပဲ ကျွန်တော် ကြိုးစားနေတာပါ၊ ဒီပွဲမှာ ကျွန်တော်တို့ ဘာလုပ်ပြနိုင်လဲဆိုတာကို စောင့်ကြည့်ရပါမယ်၊ ယူအေအီးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲကစားဖူးတာမို့ သူတို့က အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာ သိထားပါတယ်”

“ ရုပ်ပိုင်းဆိုင်ရာအရ အရမ်းကောင်းမွန်သလို အရမ်းလည်းလျှင်မြန်ကြပါတယ်၊ ဒါပေမယ့် ထိုင်းကစားသမားတွေက အကောင်းဆုံးခြေစွမ်းပြသနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်၊ စိတ်ဓာတ်အပြည့်နဲ့ ကစားသွားမှာဖြစ်ပြီး ဒီပွဲကနေ တစ်စုံတစ်ရာ ရယူနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ ဆီရီဆက်ခ်က ပြောကြားခဲ့ပါတယ်။

မွတ္ခ်က္မ်ား။