ပရိသတ္ကို စတင္ဆြဲေဆာင္လာျပီျဖစ္တဲ့ အာရွဖလားအုပ္စုေနာက္ဆံုးပြဲစဥ္မ်ား

Touch my privates? You get punched: Laos Toyota’s Victor Amaro escapes red card

ဒီေန႔က အာရွဖလားအုပ္စုပြဲစဥ္ေတြရဲ႕ ေနာက္ဆံုးပြဲေတြကို စတင္ကစားၾကေတာ့မယ့္ ေန႔ရက္ပါပဲ။ စျပီး ကစားရမယ့္ အုပ္စု (က)မွာပဲ အာရွဖလားအုပ္စုအဆင့္ ေနာက္ဆံုးပြဲစဥ္ေတြက ပရိသတ္ေတြကို ေတာ္ေတာ္ေလးဆြဲေဆာင္ထားပါတယ္။ ဒီအုပ္စုရဲ႕ ရပ္တည္မႈအေနအထားက အခုလို ျဖစ္ေနပါတယ္။

ႏွစ္ပြဲစီကစားအျပီးမွာ အိမ္ရွင္ယူေအအီးက (၄)မွတ္နဲ႔ အုပ္စုထိပ္ဆံုးကို ဦးေဆာင္ေနျပီး အိႏၵိယ နဲ႔ ထိုင္းတို႔က (၃)မွတ္စီရထားျပီး ဂိုးကြာျခားခ်က္အသာနဲ႔ အိႏၵိယက ထိုင္းအထက္မွာ ရပ္တည္ေနပါတယ္။ ဘာရိန္းကေတာ့ တစ္မွတ္ရရွိထားျပီး အုပ္စုေအာက္ဆံုးမွာ ရွိေနတာပါ။ သခ်ာၤနည္းအရေရာ၊ ျဖစ္လာႏိုင္တဲ့ ရလာဒ္ေတြအရဆိုရင္ (၄)သင္းစလံုးက ရံႈးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကိုယ္စီရွိေနတာပါ။ အုပ္စုထိပ္ဆံုးက ယူေအအီးလည္း မထင္မွတ္ပဲ အုပ္စုကေနပဲ ထြက္ရႏိုင္သလို အုပ္စုေအာက္ဆံုးက ဘာရိန္းကလည္း ေနာက္တဆင့္ကို တက္သြားႏိုင္တာမို႔ အၾကိတ္အနယ္ရွိမယ့္ ပြဲေကာင္း (၂)ပြဲကို ပရိသတ္ေတြ ခံစားၾကည့္ရႈရေတာ့မွာပါ။

အိမ္ရွင္ယူေအအီးက ထိုင္းနဲ႔ ကစားရပါမယ္။ စာရြက္ေပၚက လူစာရင္းအရ၊ လက္ရွိေျခစြမ္းအရ၊ အေျခအေနအဖက္ဖက္က တြက္ၾကည့္ရင္ ယူေအအီးက အသာစီးရရွိထားပါတယ္။ ၂၀၀၄ ခုႏွစ္က စတင္ျပီးေတာ့ ယူေအအီးနဲ႔ ထိုင္းတို႔က (၅)ၾကိမ္အထိ ရင္ဆိုင္ဖူးျပီး (၄)ၾကိမ္က ကမၻာ့ဖလားေျခစစ္ပြဲမွာ ကစားခဲ့ရျပီး တစ္ပြဲက ေျခစမ္းပြဲပါ။ ဒီ (၅)ပြဲမွာ ယူေအအီးက (၂)ပြဲအႏိုင္ရခဲ့ျပီး (၁)ပြဲရႈံးနိမ့္ခဲ့ကာ (၂)ပြဲသေရက်ခဲ့ပါတယ္။ ရလာဒ္အရဆိုရင္ေတာ့ သိသိသာသာအသာစီး ရထားတာမဟုတ္လို႔ မွတ္တမ္းကေတာ့ ထိုင္းအတြက္ အားတက္စရာပါပဲ။ ဒါေပမယ့္ လက္ရွိအေနအထားနဲ႔ ခ်ိန္ထိုးၾကည့္ရင္ေတာ့ အေျခအေနက မတူညီတဲ့အတြက္ ႏွစ္သင္းလုံး သတိထားဖို႔ေတာ့ လိုပါတယ္။

ယူေအအီးက အိမ္ရွင္အသင္းျဖစ္ေနျပီး ေျခစြမ္းပိုင္းအရလည္း ထိုင္းထက္ အသာစီးရရွိေနတာမို႔ ဘယ္လိုပဲျဖစ္ျဖစ္ ထိုင္းက ေအာက္အသင္းလို႔ သတ္မွတ္ခံရမွာပါပဲ။ ယူေအအီးကစားသမား အလီမက္ဘ္ေကာက္က ထိုင္းနဲ႔ (၂)ပြဲကစားခဲ့ရာမွာ (၃)ဂိုးထိ သြင္းထားႏိုင္လို႔ ဒီပြဲမွာ သူက ထိုင္းကို အႏၱရာယ္ေပးဦးမယ့္ ကစားသမား ျဖစ္လာဦးမွာပါ။ လက္ရွိမွာလည္း သူက ယူေအအီးအတြက္ ေျခစြမ္းျပဂိုးေတြသြင္းေနတာကလည္း ထိုင္းအတြက္ ေတာ္ေတာ္ေလးထိန္းခ်ဳပ္ရခက္မယ့္ ကစားသမားလို႔ ျမင္ပါတယ္။ အဖြင့္ပြဲမွာ ထိုင္းက အိႏၵိယကို (၄-၁) နဲ႔ ရံႈးနိမ့္ခဲ့ေပမယ့္ ဘာရိန္းနဲ႔ပြဲမွာ အေကာင္းဆံုးျပန္လာႏိုင္လို႔ ေနာက္တဆင့္အတြက္ ေမွ်ာ္လင့္လာႏိုင္တာ ျဖစ္ပါတယ္။

ထိုင္းအေနနဲ႔ အနည္းဆံုး သေရကစားႏိုင္ခဲ့မယ္ဆိုရင္ အေကာင္းဆံုးတတိယအသင္းအျဖစ္နဲ႔ ေနာက္တဆင့္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္တာမို႔ ဒီပြဲမွာ ဘယ္လုိနည္းနဲ႔မွ အရံႈးမေပးရေအာင္ အိမ္ရွင္ကို ခံကန္သြားဖို႔ပဲ ရွိပါတယ္။ ဘာရိန္းနဲ႔ပြဲမွာ ထိုင္းအတြက္ ဂိုးသြင္းေပးခဲ့တဲ့ ခ်ာနာသစ္က ဒီပြဲမွာ ေျခစြမ္းထပ္ျပႏိုင္မလား ေစာင့္ၾကည့္ရပါမယ္။ ထိုင္းမက္ဆီလို႔ ေက်ာ္ၾကားေနတဲ့ ခ်ာနာသစ္ရဲ႕ ေျခစြမ္းက ထိုင္းရလာဒ္ေကာင္း၊ မေကာင္းအေပၚမွာ မူတည္ေနတာလည္း ျဖစ္ပါတယ္။ ဒီပြဲမွာ ခ်ာနာသစ္က မျဖစ္မေန ေစာင့္ၾကည့္ရမယ့္ ကစားသမားလို႔ သတ္မွတ္မိပါတယ္။

ေနာက္ထပ္စိတ္၀င္စားစရာပြဲက အိႏၵိယ နဲ႔ ဘာရိန္းပါ။ ဒီႏွစ္သင္းက ထိပ္တိုက္ေတြ႕ဆံုမႈ (၅)ၾကိမ္ ရွိခဲ့ျပီး (၄)ပြဲအထိ အိႏၵိယက ရံႈးထားျပီး တစ္ပြဲသေရက်ထားပါတယ္။ အိႏၵိယက ဘာရိန္းကို တစ္ၾကိမ္မွ အႏိုင္မရခဲ့ဖူးတဲ့ မွတ္တမ္းပါ။ ေနာက္ဆုံးေတြ႕ခဲ့တာက ၂၀၁၁ ခုႏွစ္ အာရွဖလားျပိဳင္ပြဲမွာ ျဖစ္ပါတယ္။ ဒီေတာ့ (၈)ႏွစ္အၾကာမွာ ျပန္ေတြ႕ခ်ိန္မွာေတာ့ သူတို႔ႏွစ္သင္းၾကား ခ်ိန္ခြင္လွ်ာက ေျပာင္းလဲသြားႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အိႏၵိယရဲ႕ တိုးတက္လာတဲ့ ေျခစြမ္းပိုင္းေၾကာင့္ပါ။ ယူေအအီးကို အိႏၵိယက ရံႈးနိမ့္ခဲ့ေပမယ့္လည္း ေျခစြမ္းျပကစားႏိုင္ခဲ့ျပီး ဂိုးသြင္းမေသခ်ာလို႔သာ အိႏၵိယရံႈးခဲ့တာပါ။ ထိုင္းကို ႏိုင္ခဲ့တဲ့ပြဲမွာဆို အိႏၵိယကစားပံုက သိသိသာသာေကာင္းမြန္ခဲ့လို႔ (၂)ပြဲလံုးမွာ သူတို႔က ပံုမွန္ေျခစြမ္းျပထားႏိုင္ျပီး တည္ျငိမ္မႈ ရွိတယ္လုိ႕ ေကာက္ခ်က္ခ်လို႔ရပါတယ္။

ဘာရိန္းကေတာ့ အဖြင့္ပြဲမွာ ယူေအအီးကို သေရကစားႏိုင္ခဲ့လို႔ အထင္ၾကီးရမလို ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ ထိုင္းကို အေရးနိမ့္ခဲ့အျပီးမွာ အဖြင့္ပြဲျဖစ္တတ္တဲ့ အေလ့အထကို ဘာရိန္းက အသက္သြင္းႏိုင္ခဲ့တယ္ဆိုတာေလာက္သာ ရွိတယ္လို႔ ျပန္ေတြးမိပါတယ္။ ထိုင္းနဲ႔ပြဲမွာဆို ဘာရိန္းေျခစြမ္းက ေတာ္ေတာ္ေလးဆိုး၀ါးခဲ့ျပီး ဒုတိယပိုင္းမွာ ထိုင္းတိုက္စစ္ျမွင့္ခ်ိန္မွာ သူတို႔လုံး၀ျပိဳလဲသြားခဲ့တာပါ။ ဒီပံုစံမ်ိဳးနဲ႔ဆိုရင္ေတာ့ အိႏၵိယတိုက္စစ္ကို သူတို႔အသင္း ထိန္းခ်ဳပ္ႏုိင္ဖို႔က မလြယ္ကူေလာက္ပါဘူး။

ေနရာစံုက ဂိုးသြင္းတတ္တဲ့ အိႏၵိယလိုအသင္းနဲ႔ အေတြ႕မွာ ေျခကုန္ထုတ္ႏိုင္မွသာ တန္ကာက်ပါလိမ့္မယ္။ အိႏၵိယကို အႏိုင္ကစားႏိုင္ျပီး တစ္ဖက္မွာ ထိုင္းက ယူေအအီးကို ရံႈးခဲ့မယ္ဆို ဘာရိန္းက ေနာက္တဆင့္ကို တက္သြားမွာပါ။ ဒီအတြက္ သူတို႔လည္း ဒီပြဲကို မျဖစ္မေန အႏိုင္ကစားဖို႔ အားထုတ္လာမွာမို႔ ႏွစ္သင္းလုံးရဲ႕ အသည္းေပါက္ မတတ္ကစားပံုကို ျမင္ေတြ႕ရဦးမွာပါ။ ဒီပြဲရဲ႕ ေစာင့္ၾကည့္ရမယ့္ ကစားသမားက အိႏၵိယတိုက္စစ္မွဴး ခ်က္ထရီပါပဲ။ ထိုင္းနဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းခဲ့တဲ့ ခ်က္ထရီ အိႏၵိယကို ေနာက္တဆင့္ပို႔ေပးႏိုင္မလား စိတ္၀င္စားစရာျဖစ္ေနလို႔ သူ႔ေျခစြမ္းကိုလည္း သတိထားၾကည့္ရႈသြားရမွာပါ။

Unicode Version

ဒီနေ့က အာရှဖလားအုပ်စုပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲတွေကို စတင်ကစားကြတော့မယ့် နေ့ရက်ပါပဲ။ စပြီး ကစားရမယ့် အုပ်စု (က)မှာပဲ အာရှဖလားအုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေက ပရိသတ်တွေကို တော်တော်လေးဆွဲဆောင်ထားပါတယ်။ ဒီအုပ်စုရဲ့ ရပ်တည်မှုအနေအထားက အခုလို ဖြစ်နေပါတယ်။

နှစ်ပွဲစီကစားအပြီးမှာ အိမ်ရှင်ယူအေအီးက (၄)မှတ်နဲ့ အုပ်စုထိပ်ဆုံးကို ဦးဆောင်နေပြီး အိန္ဒိယ နဲ့ ထိုင်းတို့က (၃)မှတ်စီရထားပြီး ဂိုးကွာခြားချက်အသာနဲ့ အိန္ဒိယက ထိုင်းအထက်မှာ ရပ်တည်နေပါတယ်။ ဘာရိန်းကတော့ တစ်မှတ်ရရှိထားပြီး အုပ်စုအောက်ဆုံးမှာ ရှိနေတာပါ။ သချာင်္နည်းအရရော၊ ဖြစ်လာနိုင်တဲ့ ရလာဒ်တွေအရဆိုရင် (၄)သင်းစလုံးက ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ကိုယ်စီရှိနေတာပါ။ အုပ်စုထိပ်ဆုံးက ယူအေအီးလည်း မထင်မှတ်ပဲ အုပ်စုကနေပဲ ထွက်ရနိုင်သလို အုပ်စုအောက်ဆုံးက ဘာရိန်းကလည်း နောက်တဆင့်ကို တက်သွားနိုင်တာမို့ အကြိတ်အနယ်ရှိမယ့် ပွဲကောင်း (၂)ပွဲကို ပရိသတ်တွေ ခံစားကြည့်ရှုရတော့မှာပါ။

အိမ်ရှင်ယူအေအီးက ထိုင်းနဲ့ ကစားရပါမယ်။ စာရွက်ပေါ်က လူစာရင်းအရ၊ လက်ရှိခြေစွမ်းအရ၊ အခြေအနေအဖက်ဖက်က တွက်ကြည့်ရင် ယူအေအီးက အသာစီးရရှိထားပါတယ်။ ၂၀၀၄ ခုနှစ်က စတင်ပြီးတော့ ယူအေအီးနဲ့ ထိုင်းတို့က (၅)ကြိမ်အထိ ရင်ဆိုင်ဖူးပြီး (၄)ကြိမ်က ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကစားခဲ့ရပြီး တစ်ပွဲက ခြေစမ်းပွဲပါ။ ဒီ (၅)ပွဲမှာ ယူအေအီးက (၂)ပွဲအနိုင်ရခဲ့ပြီး (၁)ပွဲရှုံးနိမ့်ခဲ့ကာ (၂)ပွဲသရေကျခဲ့ပါတယ်။ ရလာဒ်အရဆိုရင်တော့ သိသိသာသာအသာစီး ရထားတာမဟုတ်လို့ မှတ်တမ်းကတော့ ထိုင်းအတွက် အားတက်စရာပါပဲ။ ဒါပေမယ့် လက်ရှိအနေအထားနဲ့ ချိန်ထိုးကြည့်ရင်တော့ အခြေအနေက မတူညီတဲ့အတွက် နှစ်သင်းလုံး သတိထားဖို့တော့ လိုပါတယ်။

ယူအေအီးက အိမ်ရှင်အသင်းဖြစ်နေပြီး ခြေစွမ်းပိုင်းအရလည်း ထိုင်းထက် အသာစီးရရှိနေတာမို့ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းက အောက်အသင်းလို့ သတ်မှတ်ခံရမှာပါပဲ။ ယူအေအီးကစားသမား အလီမက်ဘ်ကောက်က ထိုင်းနဲ့ (၂)ပွဲကစားခဲ့ရာမှာ (၃)ဂိုးထိ သွင်းထားနိုင်လို့ ဒီပွဲမှာ သူက ထိုင်းကို အန္တရာယ်ပေးဦးမယ့် ကစားသမား ဖြစ်လာဦးမှာပါ။ လက်ရှိမှာလည်း သူက ယူအေအီးအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတာကလည်း ထိုင်းအတွက် တော်တော်လေးထိန်းချုပ်ရခက်မယ့် ကစားသမားလို့ မြင်ပါတယ်။ အဖွင့်ပွဲမှာ ထိုင်းက အိန္ဒိယကို (၄-၁) နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဘာရိန်းနဲ့ပွဲမှာ အကောင်းဆုံးပြန်လာနိုင်လို့ နောက်တဆင့်အတွက် မျှော်လင့်လာနိုင်တာ ဖြစ်ပါတယ်။

ထိုင်းအနေနဲ့ အနည်းဆုံး သရေကစားနိုင်ခဲ့မယ်ဆိုရင် အကောင်းဆုံးတတိယအသင်းအဖြစ်နဲ့ နောက်တဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်တာမို့ ဒီပွဲမှာ ဘယ်လိုနည်းနဲ့မှ အရှုံးမပေးရအောင် အိမ်ရှင်ကို ခံကန်သွားဖို့ပဲ ရှိပါတယ်။ ဘာရိန်းနဲ့ပွဲမှာ ထိုင်းအတွက် ဂိုးသွင်းပေးခဲ့တဲ့ ချာနာသစ်က ဒီပွဲမှာ ခြေစွမ်းထပ်ပြနိုင်မလား စောင့်ကြည့်ရပါမယ်။ ထိုင်းမက်ဆီလို့ ကျော်ကြားနေတဲ့ ချာနာသစ်ရဲ့ ခြေစွမ်းက ထိုင်းရလာဒ်ကောင်း၊ မကောင်းအပေါ်မှာ မူတည်နေတာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ချာနာသစ်က မဖြစ်မနေ စောင့်ကြည့်ရမယ့် ကစားသမားလို့ သတ်မှတ်မိပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာပွဲက အိန္ဒိယ နဲ့ ဘာရိန်းပါ။ ဒီနှစ်သင်းက ထိပ်တိုက်တွေ့ဆုံမှု (၅)ကြိမ် ရှိခဲ့ပြီး (၄)ပွဲအထိ အိန္ဒိယက ရှုံးထားပြီး တစ်ပွဲသရေကျထားပါတယ်။ အိန္ဒိယက ဘာရိန်းကို တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးတဲ့ မှတ်တမ်းပါ။ နောက်ဆုံးတွေ့ခဲ့တာက ၂၀၁၁ ခုနှစ် အာရှဖလားပြိုင်ပွဲမှာ ဖြစ်ပါတယ်။ ဒီတော့ (၈)နှစ်အကြာမှာ ပြန်တွေ့ချိန်မှာတော့ သူတို့နှစ်သင်းကြား ချိန်ခွင်လျှာက ပြောင်းလဲသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယရဲ့ တိုးတက်လာတဲ့ ခြေစွမ်းပိုင်းကြောင့်ပါ။ ယူအေအီးကို အိန္ဒိယက ရှုံးနိမ့်ခဲ့ပေမယ့်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးသွင်းမသေချာလို့သာ အိန္ဒိယရှုံးခဲ့တာပါ။ ထိုင်းကို နိုင်ခဲ့တဲ့ပွဲမှာဆို အိန္ဒိယကစားပုံက သိသိသာသာကောင်းမွန်ခဲ့လို့ (၂)ပွဲလုံးမှာ သူတို့က ပုံမှန်ခြေစွမ်းပြထားနိုင်ပြီး တည်ငြိမ်မှု ရှိတယ်လို့ ကောက်ချက်ချလို့ရပါတယ်။

ဘာရိန်းကတော့ အဖွင့်ပွဲမှာ ယူအေအီးကို သရေကစားနိုင်ခဲ့လို့ အထင်ကြီးရမလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ထိုင်းကို အရေးနိမ့်ခဲ့အပြီးမှာ အဖွင့်ပွဲဖြစ်တတ်တဲ့ အလေ့အထကို ဘာရိန်းက အသက်သွင်းနိုင်ခဲ့တယ်ဆိုတာလောက်သာ ရှိတယ်လို့ ပြန်တွေးမိပါတယ်။ ထိုင်းနဲ့ပွဲမှာဆို ဘာရိန်းခြေစွမ်းက တော်တော်လေးဆိုးဝါးခဲ့ပြီး ဒုတိယပိုင်းမှာ ထိုင်းတိုက်စစ်မြှင့်ချိန်မှာ သူတို့လုံးဝပြိုလဲသွားခဲ့တာပါ။ ဒီပုံစံမျိုးနဲ့ဆိုရင်တော့ အိန္ဒိယတိုက်စစ်ကို သူတို့အသင်း ထိန်းချုပ်နိုင်ဖို့က မလွယ်ကူလောက်ပါဘူး။

နေရာစုံက ဂိုးသွင်းတတ်တဲ့ အိန္ဒိယလိုအသင်းနဲ့ အတွေ့မှာ ခြေကုန်ထုတ်နိုင်မှသာ တန်ကာကျပါလိမ့်မယ်။ အိန္ဒိယကို အနိုင်ကစားနိုင်ပြီး တစ်ဖက်မှာ ထိုင်းက ယူအေအီးကို ရှုံးခဲ့မယ်ဆို ဘာရိန်းက နောက်တဆင့်ကို တက်သွားမှာပါ။ ဒီအတွက် သူတို့လည်း ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ အားထုတ်လာမှာမို့ နှစ်သင်းလုံးရဲ့ အသည်းပေါက် မတတ်ကစားပုံကို မြင်တွေ့ရဦးမှာပါ။ ဒီပွဲရဲ့ စောင့်ကြည့်ရမယ့် ကစားသမားက အိန္ဒိယတိုက်စစ်မှူး ချက်ထရီပါပဲ။ ထိုင်းနဲ့ပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ချက်ထရီ အိန္ဒိယကို နောက်တဆင့်ပို့ပေးနိုင်မလား စိတ်ဝင်စားစရာဖြစ်နေလို့ သူ့ခြေစွမ်းကိုလည်း သတိထားကြည့်ရှုသွားရမှာပါ။

မွတ္ခ်က္မ်ား။