ထိုင္းအသင္းနည္းျပသစ္က အာစင္၀င္းဂါး ျဖစ္လာေတာ့မွာလား?

ထိုင္းလက္ေရြးစင္အသင္းရဲ႕ နည္းျပဆိုတဲ့ စာသားကို Google မွာ ရိုက္ထည့္ရွာေဖြတဲ့အခါ ထင္မွတ္မထားတဲ့ ရွာေဖြေတြ႕ရွိမႈေတြ ရွိလာခဲ့ပါတယ္။ အဲဒါကေတာ့ အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း အာစင္၀င္းဂါးရဲ႕ နာမည္ ပါ၀င္ေနခဲ့တာ ျဖစ္ပါတယ္။ အဲဒီလို ရွာေဖြခဲ့တဲ့အခါမွာ ထိုင္းအသင္းနဲ႔ အာစင္၀င္းဂါးတို႔ဟာ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုထားတယ္ဆိုတာကိုလည္း ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။

၂၀၁၉ အာရွဖလားျပိဳင္ပြဲရဲ႕ အုပ္စုအဖြင့္ပြဲမွာ အိႏၵိယအသင္းကို ဂိုးျပတ္ရံႈးနိမ့္ခဲ့ျပီးေနာက္ ထိုင္းအသင္းဟာ နည္းျပမီလိုဗန္ကို ရာထူးက ထုတ္ပယ္ခဲ့ျပီး ယာယီနည္းျပအျဖစ္ ဆီရီဆက္ခ္ကို တာ၀န္ေပးခဲ့ျပီး အသင္းကို ကိုင္တြယ္ေစခဲ့ပါတယ္။ လက္ေရြးစင္နည္းျပခန္႔အပ္ဖို႔အတြက္ ရွာေဖြမႈေတြ ျပဳလုပ္ေနျပီလို႔လည္း ထိုင္းေဘာလံုးအဖြဲ႕ခ်ဳပ္က ေၾကျငာခဲ့ပါတယ္။

အထက္က ေရးသားခဲ့တဲ့အတိုင္း ရိုက္ထည့္ျပီး ရွာေဖြလိုက္ခ်ိန္မွာ အာဆင္နယ္အသင္းကို ပရိးမီးယားလိဂ္ဖလား (၃)ၾကိမ္အပါအ၀င္ ဆုဖလားအမ်ားအျပား ဆြတ္ခူးေပးခဲ့တဲ့ ျပင္သစ္လူမ်ိဳးနည္းျပ အာစင္၀င္းဂါးက ရလဒ္တစ္ခုအျဖစ္ ေတြ႕ရွိခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာစင္၀င္းဂါးရဲ႕ မွတ္တမ္းမွတ္ရာမ်ားကို ၀ီကီပီဒီးယားမွာ ၀င္ေရာက္ရွာေဖြၾကည့္ရင္ေတာ့ ထိုင္းနည္းျပအျဖစ္ ေတြ႕ျမင္ရျခင္းေတာ့ မရွိေသးပါဘူး။

အသက္ (၆၉)ႏွစ္အရြယ္ အာစင္၀င္းဂါးဟာ ျပီးခ့ဲ့တဲ့ေဘာလံုးရာသီအျပီးမွာ အာဆင္နယ္နဲ႔ လမ္းခြဲခဲ့သူျဖစ္ျပီး ကလပ္အသင္းလက္မဲ့ျဖစ္ေနသူ ျဖစ္ပါတယ္။ ကလပ္အသင္းအမ်ားအျပားက ခ်ိတ္ဆက္ခံေနရသူ ျဖစ္ပါတယ္။ အာစင္၀င္းဂါးဟာ အာရွေဘာလံုးေလာကနဲ႔ စိမ္းကားသူ မဟုတ္ပဲ ဂ်ပန္ကလပ္အသင္းတစ္ခုကို နည္းျပအျဖစ္ ကိုင္တြယ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ထိုင္းအသင္းကလည္း နည္းျပခ်ဳပ္ကင္းမဲ့ေနတာျဖစ္ျပီး ယာယီနည္းျပနဲ႔သာ အာရွဖလားျပိဳင္ပြဲကို ဆက္ကလက္ကစားေနတာျဖစ္ပါတယ္။ လက္ရွိထြက္ေပၚလာခဲ့တဲ့ ျမင္ကြင္းေတြအရေတာ့ အာစင္၀င္းဂါးဟာ ထိုင္းလက္ေရြးစင္အသင္းနည္းျပအျဖစ္ တာ၀န္ယူမယ့္ သေဘာသက္ေရာက္ေနတာပါ။ ဒါေပမယ့္လည္း ဒီသတင္းနဲ႔ပတ္သက္ျပီးေတာ့ ႏွစ္ဖက္စလံုးက အတည္ျပဳေျပာဆိုထားျခင္းေတာ့ မရွိေသးပါဘူး။

Unicode Version

ထိုင်းလက်ရွေးစင်အသင်းရဲ့ နည်းပြဆိုတဲ့ စာသားကို Google မှာ ရိုက်ထည့်ရှာဖွေတဲ့အခါ ထင်မှတ်မထားတဲ့ ရှာဖွေတွေ့ရှိမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးရဲ့ နာမည် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ရှာဖွေခဲ့တဲ့အခါမှာ ထိုင်းအသင်းနဲ့ အာစင်ဝင်းဂါးတို့ဟာ (၂)နှစ်စာချုပ်ချုပ်ဆိုထားတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲမှာ အိန္ဒိယအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ထိုင်းအသင်းဟာ နည်းပြမီလိုဗန်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြအဖြစ် ဆီရီဆက်ခ်ကို တာဝန်ပေးခဲ့ပြီး အသင်းကို ကိုင်တွယ်စေခဲ့ပါတယ်။ လက်ရွေးစင်နည်းပြခန့်အပ်ဖို့အတွက် ရှာဖွေမှုတွေ ပြုလုပ်နေပြီလို့လည်း ထိုင်းဘောလုံးအဖွဲ့ချုပ်က ကြေငြာခဲ့ပါတယ်။

အထက်က ရေးသားခဲ့တဲ့အတိုင်း ရိုက်ထည့်ပြီး ရှာဖွေလိုက်ချိန်မှာ အာဆင်နယ်အသင်းကို ပရိးမီးယားလိဂ်ဖလား (၃)ကြိမ်အပါအဝင် ဆုဖလားအများအပြား ဆွတ်ခူးပေးခဲ့တဲ့ ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါးက ရလဒ်တစ်ခုအဖြစ် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာစင်ဝင်းဂါးရဲ့ မှတ်တမ်းမှတ်ရာများကို ဝီကီပီဒီးယားမှာ ဝင်ရောက်ရှာဖွေကြည့်ရင်တော့ ထိုင်းနည်းပြအဖြစ် တွေ့မြင်ရခြင်းတော့ မရှိသေးပါဘူး။

အသက် (၆၉)နှစ်အရွယ် အာစင်ဝင်းဂါးဟာ ပြီးခဲ့့တဲ့ဘောလုံးရာသီအပြီးမှာ အာဆင်နယ်နဲ့ လမ်းခွဲခဲ့သူဖြစ်ပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်ပါတယ်။ ကလပ်အသင်းအများအပြားက ချိတ်ဆက်ခံနေရသူ ဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ အာရှဘောလုံးလောကနဲ့ စိမ်းကားသူ မဟုတ်ပဲ ဂျပန်ကလပ်အသင်းတစ်ခုကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထိုင်းအသင်းကလည်း နည်းပြချုပ်ကင်းမဲ့နေတာဖြစ်ပြီး ယာယီနည်းပြနဲ့သာ အာရှဖလားပြိုင်ပွဲကို ဆက်ကလက်ကစားနေတာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်လာခဲ့တဲ့ မြင်ကွင်းတွေအရတော့ အာစင်ဝင်းဂါးဟာ ထိုင်းလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူမယ့် သဘောသက်ရောက်နေတာပါ။ ဒါပေမယ့်လည်း ဒီသတင်းနဲ့ပတ်သက်ပြီးတော့ နှစ်ဖက်စလုံးက အတည်ပြုပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။

မွတ္ခ်က္မ်ား။