၂၀၁၉ အာရွဖလားျပိဳင္ပြဲရဲ႕ ယူေအအီး နဲ႔ ထိုင္းပြဲစဥ္က စိတ္၀င္စားဖြယ္ အခ်က္အလက္မ်ား

ဒီေန႔ညမွာေတာ့ ၂၀၁၉ အာရွဖလားျပိဳင္ပြဲရဲ႕ အုပ္စု (က) ေနာက္ဆံုးပြဲေတြကို တစ္ျပိဳင္နက္တည္းကစားသြားမွာ ျဖစ္ပါတယ္။ ယူေအအီး နဲ႔ ထိုင္း၊ အိႏၵိယ နဲ႔ ဘာရိန္းတို႔ ပြဲစဥ္ေတြ ကစားသြားမွာျဖစ္ျပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ အသင္း (၄)သင္းလံုး အခြင့့္
အေရးရွိေနေသးလို႔ အၾကိတ္အနယ္ရွိမယ့္ ပြဲစဥ္ေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အိမ္ရွင္ယူေအအီး နဲ႔ ထိုင္းအသင္းတို႔ ေတြ႕ဆံုေနတဲ့ ပြဲစဥ္ရဲ႕ ထူးျခားတဲ့ အခ်က္အလက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေတာက္ပေနတဲ့ ယူေအအီး ေျခစြမ္း

ယူေအအီးအသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ အာရွဖလားပြဲ (၃)ပြဲမွာ ရံႈးပြဲမရွိခဲ့ပါဘူး။ ႏွစ္ပြဲအႏိုင္ရရွိခဲ့ျပီး တစ္ပြဲသေရက်ထားတာ ျဖစ္ပါတယ္။ အုပ္စုတြင္းမွာလည္း ဘာရိန္းနဲ႔ သေရက်ထားျပီး အိႏၵိယကို အႏိုင္ကစားထားလို႔ ေနာက္တဆင့္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းေနျပီး ထိုင္းကို သေရကစားရံုနဲ႔ ေနာက္တဆင့္ကို တက္ေတာ့မွာပါ။ ယူေအအီးရဲ႕ (၃)ပြဲဆက္ ရံႈးပြဲမရွိစံခ်ိန္ဟာ ၁၉၉၂ ခုႏွစ္ျပိဳင္ပြဲမွာ သူတို႔အသင္း တတိယဆုအတြက္ ကစားခဲ့ရတဲ့ ျပိဳင္ပြဲကေန ၁၉၉၆ ခုႏွစ္ ဗိုလ္လုပြဲ ကစားခဲ့တဲ့အထိ (၇)ပြဲဆက္ ရံႈးပြဲမရွိ စံခ်ိန္ရရွိျပီးေနာက္ပိုင္းမွာ အေကာင္းဆံုး ရလာဒ္တစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။

၂။ ဒုတိယေျမာက္ေတြ႕ဆံုမႈ

THE TOP TEN pt.1 – AFC Asian Cup 2019 Matchday 2

ထိုင္းအေနနဲ႔ အုပ္စုတြင္းမွာ အိမ္ရွင္အသင္းေတြနဲ႔ ေတြ႕ဆံုတာ ဒါနဲ႔ဆို (၂)ၾကိမ္ေျမာက္ျဖစ္ပါတယ္။ ပထမဆံုးေတြ႕ဆုံခဲ့မႈကေတာ့ ၂၀၀၀ ျပည့္ႏွစ္က လက္ဘႏြန္မွာ က်င္းပခဲ့တဲ့ ျပိဳင္ပြဲမွာ အိမ္ရွင္လက္ဘႏြန္နဲ႔ ေတြ႕ဆံုခဲ့တာ ျဖစ္ပါတယ္။ အဲဒီပြဲမွာေတာ့ ထိုင္းဟာ အိမ္ရွင္အသင္းကို တစ္ဂိုးစီသေရကစားႏိုင္ခဲ့ျပီး အုပ္စုတတိယေနရာကို အရယူႏိုင္ခဲ့ပါတယ္။

၃။ ေပးဂိုးမရွိစံခ်ိန္

Zaccheroni looking for UAE improvement against Thailand

အာရွဖလားျပိဳင္ပြဲမွာေတာ့ ယူေအအီးအသင္းရဲ႕ ခံစစ္ပိုင္းက မွတ္တမ္းဆိုးရွိေနပါတယ္။ အိႏၵိယကို ႏွစ္ဂိုး – ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တာဟာ အာရွဖလားျပိဳင္ပြဲမွာ (၉)ပြဲဆက္တိုက္ ေပးဂိုးခြင့္ျပဳခဲ့ရတဲ့ စံခ်ိန္ကို ရပ္တန္႔ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ေနာက္ဆုံးအၾကိမ္အျဖစ္ ယူေအအီးအသင္း ဆက္တိုက္ဆိုသလို ေပးဂိုးမရွိခဲ့တာကေတာ့ ၁၉၉၆ အာရွဖလားျပိဳင္ပြဲတုနး္ကျဖစ္ျပီး ေလးပြဲဆက္ေပးဂိုးမရွိစံခ်ိန္ကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ယူေအအီးအေနနဲ႔ အာရွဖလားျပိဳင္ပြဲေတြမွာ ျပိဳင္ဘက္အသင္းေတြရဲ႕ ဂိုးသြင္းမႈကို ခံရေလ့ရွိတဲ့ အသင္းျဖစ္တယ္လုိ႔ ေကာက္ခ်က္ခ်လို႔ ရပါတယ္။

၄။ သမုိင္းသစ္ဖန္တီးရမယ့္ ထိုင္း

အာဆီယံေဒသတြင္းမွာ ထိုင္းလိဂ္အဆင့္အတန္းက အျမင့္မားဆံုးပါ။ ဒါေပမယ့္လည္း အာရွဖလားျပိဳင္ပြဲမွာေတာ့ ထိုင္းရဲ႕ မွတ္တမ္းေတြက ဆိုး၀ါးေနခဲ့ပါတယ္။ ဘာရိန္းအသင္းကို အႏိုင္ရရွိခဲ့တာဟာ ထိုင္းအတြက္ အာရွဖလားျပိဳင္ပြဲ သက္တမ္းတစ္ေလွ်ာက္မွာ ဒုတိယေျမာက္ ႏိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။ အာရွဖလားျပိဳင္ပြဲမွာ ထိုင္းက ဘယ္တုန္းကမွ ႏွစ္ပြဲဆက္တိုက္ အႏိုင္မရရွိဖူးပါဘူး။ ဒီအတြက္ ဒီေန႔ညမွာ ယူေအအီးကို အႏိုင္ကစားျပီး သမုိင္းသစ္တစ္ခု စတင္ႏိုင္မလားဆိုတာ စိတ္၀င္စားစရာပါပဲ။

၅။ ပထမဆံုးအၾကိမ္ ထိပ္တိုက္ေတြ႕ဆံုမႈ

Thailand look to complete AFC Asian Cup turnaround against familiar opposition UAE

အာရွဖလားျပိဳင္ပြဲမွာ ထိုင္း နဲ႔ ယူေအအီးတို႔ဟာ ပထမဆံုးအၾကိမ္ ထိပ္တိုက္ေတြ႕ဆံုတာ ျဖစ္ပါတယ္။ အျခားေသာ ျပိဳင္ပြဲျဖစ္တဲ့ ကမၻာ့ဖလားေျခစစ္ပြဲေတြမွာေတာ့ မၾကာခဏရင္ဆိုင္ဖူးျပီး ယူေအအီးက ထိပ္တိုက္ေတြ႕ဆံုမႈမွတ္တမ္းမွာ အနည္းငယ္အသာစီးရရွိထားပါတယ္။ အခုလို အဆံုးအျဖတ္အခ်ိန္မွာ ေတြ႕ဆံုေနတာကေတာ့ ႏွစ္သင္းစလံုးအတြက္ အမွတ္တရရွိေနမယ့္ ပြဲတစ္ပြဲလည္း ျဖစ္လာမွာ ေသခ်ာပါတယ္။

Unicode Version

ဒီနေ့ညမှာတော့ ၂၀၁၉ အာရှဖလားပြိုင်ပွဲရဲ့ အုပ်စု (က) နောက်ဆုံးပွဲတွေကို တစ်ပြိုင်နက်တည်းကစားသွားမှာ ဖြစ်ပါတယ်။ ယူအေအီး နဲ့ ထိုင်း၊ အိန္ဒိယ နဲ့ ဘာရိန်းတို့ ပွဲစဉ်တွေ ကစားသွားမှာဖြစ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အသင်း (၄)သင်းလုံး အခွင့့်
အရေးရှိနေသေးလို့ အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ရှင်ယူအေအီး နဲ့ ထိုင်းအသင်းတို့ တွေ့ဆုံနေတဲ့ ပွဲစဉ်ရဲ့ ထူးခြားတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တောက်ပနေတဲ့ ယူအေအီး ခြေစွမ်း

ယူအေအီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အာရှဖလားပွဲ (၃)ပွဲမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ နှစ်ပွဲအနိုင်ရရှိခဲ့ပြီး တစ်ပွဲသရေကျထားတာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာလည်း ဘာရိန်းနဲ့ သရေကျထားပြီး အိန္ဒိယကို အနိုင်ကစားထားလို့ နောက်တဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေပြီး ထိုင်းကို သရေကစားရုံနဲ့ နောက်တဆင့်ကို တက်တော့မှာပါ။ ယူအေအီးရဲ့ (၃)ပွဲဆက် ရှုံးပွဲမရှိစံချိန်ဟာ ၁၉၉၂ ခုနှစ်ပြိုင်ပွဲမှာ သူတို့အသင်း တတိယဆုအတွက် ကစားခဲ့ရတဲ့ ပြိုင်ပွဲကနေ ၁၉၉၆ ခုနှစ် ဗိုလ်လုပွဲ ကစားခဲ့တဲ့အထိ (၇)ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရရှိပြီးနောက်ပိုင်းမှာ အကောင်းဆုံး ရလာဒ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

၂။ ဒုတိယမြောက်တွေ့ဆုံမှု

ထိုင်းအနေနဲ့ အုပ်စုတွင်းမှာ အိမ်ရှင်အသင်းတွေနဲ့ တွေ့ဆုံတာ ဒါနဲ့ဆို (၂)ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမဆုံးတွေ့ဆုံခဲ့မှုကတော့ ၂၀၀၀ ပြည့်နှစ်က လက်ဘနွန်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ အိမ်ရှင်လက်ဘနွန်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ထိုင်းဟာ အိမ်ရှင်အသင်းကို တစ်ဂိုးစီသရေကစားနိုင်ခဲ့ပြီး အုပ်စုတတိယနေရာကို အရယူနိုင်ခဲ့ပါတယ်။

၃။ ပေးဂိုးမရှိစံချိန်

အာရှဖလားပြိုင်ပွဲမှာတော့ ယူအေအီးအသင်းရဲ့ ခံစစ်ပိုင်းက မှတ်တမ်းဆိုးရှိနေပါတယ်။ အိန္ဒိယကို နှစ်ဂိုး – ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဟာ အာရှဖလားပြိုင်ပွဲမှာ (၉)ပွဲဆက်တိုက် ပေးဂိုးခွင့်ပြုခဲ့ရတဲ့ စံချိန်ကို ရပ်တန့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် ယူအေအီးအသင်း ဆက်တိုက်ဆိုသလို ပေးဂိုးမရှိခဲ့တာကတော့ ၁၉၉၆ အာရှဖလားပြိုင်ပွဲတုနး်ကဖြစ်ပြီး လေးပွဲဆက်ပေးဂိုးမရှိစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ယူအေအီးအနေနဲ့ အာရှဖလားပြိုင်ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေရဲ့ ဂိုးသွင်းမှုကို ခံရလေ့ရှိတဲ့ အသင်းဖြစ်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

၄။ သမိုင်းသစ်ဖန်တီးရမယ့် ထိုင်း

အာဆီယံဒေသတွင်းမှာ ထိုင်းလိဂ်အဆင့်အတန်းက အမြင့်မားဆုံးပါ။ ဒါပေမယ့်လည်း အာရှဖလားပြိုင်ပွဲမှာတော့ ထိုင်းရဲ့ မှတ်တမ်းတွေက ဆိုးဝါးနေခဲ့ပါတယ်။ ဘာရိန်းအသင်းကို အနိုင်ရရှိခဲ့တာဟာ ထိုင်းအတွက် အာရှဖလားပြိုင်ပွဲ သက်တမ်းတစ်လျှောက်မှာ ဒုတိယမြောက် နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ အာရှဖလားပြိုင်ပွဲမှာ ထိုင်းက ဘယ်တုန်းကမှ နှစ်ပွဲဆက်တိုက် အနိုင်မရရှိဖူးပါဘူး။ ဒီအတွက် ဒီနေ့ညမှာ ယူအေအီးကို အနိုင်ကစားပြီး သမိုင်းသစ်တစ်ခု စတင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

၅။ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှု

အာရှဖလားပြိုင်ပွဲမှာ ထိုင်း နဲ့ ယူအေအီးတို့ဟာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံတာ ဖြစ်ပါတယ်။ အခြားသော ပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာတော့ မကြာခဏရင်ဆိုင်ဖူးပြီး ယူအေအီးက ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းမှာ အနည်းငယ်အသာစီးရရှိထားပါတယ်။ အခုလို အဆုံးအဖြတ်အချိန်မှာ တွေ့ဆုံနေတာကတော့ နှစ်သင်းစလုံးအတွက် အမှတ်တရရှိနေမယ့် ပွဲတစ်ပွဲလည်း ဖြစ်လာမှာ သေချာပါတယ်။

မွတ္ခ်က္မ်ား။