AFC Cup မွာ ေစာင့္ၾကည့္ရမယ့္ ကစားသမား ၆ဦးထဲမွာ သန္းပိုင္ ပါ၀င္လာ

BEST VISIONARY GOALS from AFC Cup & ACL MD1

စတင္က်င္းပေနျပီျဖစ္တဲ့ ၂၀၂၀ ေအအက္ဖ္စီဖလားျပိဳင္ပြဲ ( 2020 AFC Cup) ရဲ႕ အာဆီယံဇုန္အသင္းေတြထဲက ေစာင့္ၾကည့္ရမယ့္ကစားသမားစာရင္းကို AFC ရဲ႕ တရား၀င္၀က္ဘ္ဆိုက္ကေန ေဖာ္ျပခဲ့ရာမွာ ရန္ကုန္ယူႏိုက္တက္အသင္းရဲ႕တိုက္စစ္မွဴးသန္းပိုင္ပါ၀င္ခဲ့တာကို ေတြ႕ရွိခဲ့ရျပီး စုစုေပါင္းကစားသမား ၆ဦးအထိ ပါ၀င္ခဲ့ပါတယ္။

Data Preview – Wolves vs Leicester

ဟိုခ်ီမင္းစီးတီးတိုက္စစ္ကစားသမား ငုယင္ေကာင္ေဖာင္၊ ဆီးရက္စ္နီဂရို႕စ္အသင္းကြင္းလယ္လူစတီဖင္ရွေရာ့ဖ္၊ ဘာလီယူႏိုက္တက္အသင္းက စပါဆာဆိုဂ်ီဗစ္၊ PKR အသင္းတိုက္စစ္မွဴး ဘီဖိုလိုအမ္ဘာဂါ၊ ေဟာင္ဂန္ယူႏိုက္တက္အသင္းက ပီလက္ဇီဘက္နဲ႔ သန္းပိုင္တို႔ကို ေရြးခ်ယ္ခဲ့တာျဖစ္ျပီး ေရြးခ်ယ္ခဲ့ရတဲ့အေၾကာင္းရင္းေတြကိုလည္း ေဖာ္ျပခဲ့ပါတယ္။

သန္းပိုင္ကေတာ့ ရန္ကုန္ယူနိုက္တက္အတြက္ ဒီရာသီမွာ အဓိကတိုက္စစ္မွဴးအျဖစ္ မၾကာခဏကစားခြင့္ရရွိေနသူျဖစ္ျပီး ရာသီအစမွာပံုစံေကာင္းရရွိေနသူျဖစ္တယ္လို႔ AFC က ေဖာ္ျပခဲ့ပါတယ္။ ျပီခးဲ့တဲ့ရာသီေတြမွာ ဆယ္လာက ရန္ကုန္အတြက္ အဓိကတိုက္စစ္မွဴးျဖစ္ခဲ့ေပမယ့္ ဆယ္လာထြက္ခြာခဲ့ျပီးေနာက္ သန္းပိုင္ရဲ႕ ေျခစြမ္းတိုးတက္လာမႈေတြက ရန္ကုန္အတြက္ အက်ိဳးရွိခဲ့ပါတယ္။

သန္းပိုင္အေနနဲ႔ ရန္ကုန္ယူႏိုက္တက္အတြက္ ဒီရာသီမွာ လိဂ္ဂိုးတစ္ဂိုးသြင္းယူေပးထားျပီး ဘရူႏိုင္းကလပ္အင္ဒရာနဲ႔ ကစားခဲ့တဲ့ ပေလးေအာ့ပြဲစဥ္မွာ ၃ဂိုးအထိ သြင္းယူေပးကာ ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။ ျမန္မာလက္ေရြးစင္အသင္းအတြက္လည္း ေရြးခ်ယ္ခံရႏိုင္တဲ့အလားအလာရွိသူတစ္ဦးျဖစ္တဲ့ အသက္ ၂၃ႏွစ္အရြယ္တိုက္စစ္မွဴးကို ေစာင့္ၾကည့္ရဖို႔ရွိတယ္လုိ႔ AFC က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Unicode

စတင်ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၀ အေအက်ဖ်စီဖလားပြိုင်ပွဲ ( 2020 AFC Cup) ရဲ့ အာဆီယံဇုန်အသင်းတွေထဲက စောင့်ကြည့်ရမယ့်ကစားသမားစာရင်းကို AFC ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ဖော်ပြခဲ့ရာမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးသန်းပိုင်ပါဝင်ခဲ့တာကို တွေ့ရှိခဲ့ရပြီး စုစုပေါင်းကစားသမား ၆ဦးအထိ ပါဝင်ခဲ့ပါတယ်။

ဟိုချီမင်းစီးတီးတိုက်စစ်ကစားသမား ငုယင်ကောင်ဖောင်၊ ဆီးရက်စ်နီဂရို့စ်အသင်းကွင်းလယ်လူစတီဖင်ရှရော့ဖ်၊ ဘာလီယူနိုက်တက်အသင်းက စပါဆာဆိုဂျီဗစ်၊ PKR အသင်းတိုက်စစ်မှူး ဘီဖိုလိုအမ်ဘာဂါ၊ ဟောင်ဂန်ယူနိုက်တက်အသင်းက ပီလက်ဇီဘက်နဲ့ သန်းပိုင်တို့ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

သန်းပိုင်ကတော့ ရန်ကုန်ယူနိုက်တက်အတွက် ဒီရာသီမှာ အဓိကတိုက်စစ်မှူးအဖြစ် မကြာခဏကစားခွင့်ရရှိနေသူဖြစ်ပြီး ရာသီအစမှာပုံစံကောင်းရရှိနေသူဖြစ်တယ်လို့ AFC က ဖော်ပြခဲ့ပါတယ်။ ပြီခဲး့တဲ့ရာသီတွေမှာ ဆယ်လာက ရန်ကုန်အတွက် အဓိကတိုက်စစ်မှူးဖြစ်ခဲ့ပေမယ့် ဆယ်လာထွက်ခွာခဲ့ပြီးနောက် သန်းပိုင်ရဲ့ ခြေစွမ်းတိုးတက်လာမှုတွေက ရန်ကုန်အတွက် အကျိုးရှိခဲ့ပါတယ်။

သန်းပိုင်အနေနဲ့ ရန်ကုန်ယူနိုက်တက်အတွက် ဒီရာသီမှာ လိဂ်ဂိုးတစ်ဂိုးသွင်းယူပေးထားပြီး ဘရူနိုင်းကလပ်အင်ဒရာနဲ့ ကစားခဲ့တဲ့ ပလေးအော့ပွဲစဉ်မှာ ၃ဂိုးအထိ သွင်းယူပေးကာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အသင်းအတွက်လည်း ရွေးချယ်ခံရနိုင်တဲ့အလားအလာရှိသူတစ်ဦးဖြစ်တဲ့ အသက် ၂၃နှစ်အရွယ်တိုက်စစ်မှူးကို စောင့်ကြည့်ရဖို့ရှိတယ်လို့ AFC က ဖော်ပြခဲ့တာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။