AFC Cup အုပ္စုပြဲစဥ္ ၁ရဲ႕ အေကာင္းဆံုးဆန္ခါတင္သြင္းဂိုးစာရင္းမွာ ေမာင္ေမာင္၀င္းသြင္းဂိုးပါ၀င္ေန

BEST VISIONARY GOALS from AFC Cup & ACL MD1

2020 AFC Cup အုပ္စုအဆင့္ပြဲစဥ္ (၁) ေတြအျပီးမွာေတာ့ AFC ၀က္ဘ္ဆိုက္က ပြဲစဥ္ (၁) ရဲ႕ အေကာင္းဆံုးသြင္းဂိုးေတြကို ဆန္ခါတင္ေရြးခ်ယ္ခဲ့ရာမွာ ရန္ကုန္ယူႏိုက္တက္အသင္းကြင္းလယ္လူေမာင္ေမာင္၀င္းရဲ႕ သြင္းဂိုးလည္း ပါ၀င္လာခဲ့ပါတယ္။ စုစုေပါင္း ၄ဂိုးအထိ ေရြးခ်ယ္ခဲ့တာျဖစ္ျပီး ဟိုခ်ီမင္းအသင္းဘက္ကို သြင္းယူခဲ့တဲ့ သြင္းဂိုးအတြက္ ေမာင္ေမာင္၀င္းက ပါ၀င္ခဲ့တာျဖစ္ပါတယ္။

The Amazing Jadon Sancho

သု၀ဏၰကြင္းမွာကစားခဲ့တဲ့ ရန္ကုန္ယူႏိုက္တက္ နဲ႔ ဟိုခ်ီမင္းစီးတီးတို႔ရဲ႕ ပြဲစဥ္ကေတာ့ တစ္ဖက္ႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၁၉ မိနစ္မွာ ေမာင္ေမာင္၀င္းက ကိုက္ ၃၀ အကြာကေန အျပင္းကန္သြင္းယူခဲ့တာျဖစ္ျပီး ဟိုခ်ီမင္းဂိုးသမား ဘယ္လိုမွမတတ္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာပါ။ ဒီသြင္းဂိုးက ေမာင္ေမာင္၀င္းအတြက္လည္း ရန္ကုန္ကစားသမားဘ၀ ပထမဆံုးသြင္းဂိုးျဖစ္ပါတယ္။

ေမာင္ေမာင္၀င္းနဲ႔အတူ ကူ၀ိတ္အက္စ္စီအသင္းက ကစားသမားအယ္လ္ဘူရိုင္ကီ၊ ဘာလီယူႏိုက္တက္အသင္းတိုက္စစ္မွဴး အန္တိုနီယပ္ဂ်ိဳဟန္နက္စ္၊ ေဟာင္ဂန္အသင္းက မယ္လ္ဗင္ပလက္ဂ်ီရဲ႕ သြင္းဂိုးေတြလည္း ပါ၀င္ေနပါတယ္။ ပရိသတ္ေတြရဲ႕ မဲေပးေရြးခ်ယ္မႈနဲ႔အတူ အေကာင္းဆံုးသြင္းဂိုးကို ေရြးခ်ယ္သြားမွာလည္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မယ္လ္ဗင္ပလက္ဂ်ီရဲ႕ သြင္းဂိုးက ဆႏၵမဲအမ်ားဆံုးျဖစ္ေနျပီး ေမာင္ေမာင္၀င္းကေတာ့ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ ပရိသတ္ေတြအေနနဲ႔ ဆႏၵမဲေပးခ်င္တယ္ဆိုရင္ေတာ့ https://www.the-afc.com/competitions/afc-cup/sponsor/goaloftheweek/vote-for-your-allianz-afc-cup-goal-of-the-week-x5847 မွာ ၀င္ေရာက္ျပီး ေရြးခ်ယ္လုိ႔ရမွာျဖစ္ပါတယ္။

Unicode

2020 AFC Cup အုပ်စုအဆင့်ပွဲစဉ် (၁) တွေအပြီးမှာတော့ AFC ဝက်ဘ်ဆိုက်က ပွဲစဉ် (၁) ရဲ့ အကောင်းဆုံးသွင်းဂိုးတွေကို ဆန်ခါတင်ရွေးချယ်ခဲ့ရာမှာ ရန်ကုန်ယူနိုက်တက်အသင်းကွင်းလယ်လူမောင်မောင်ဝင်းရဲ့ သွင်းဂိုးလည်း ပါဝင်လာခဲ့ပါတယ်။ စုစုပေါင်း ၄ဂိုးအထိ ရွေးချယ်ခဲ့တာဖြစ်ပြီး ဟိုချီမင်းအသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးအတွက် မောင်မောင်ဝင်းက ပါဝင်ခဲ့တာဖြစ်ပါတယ်။

သုဝဏ္ဏကွင်းမှာကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် နဲ့ ဟိုချီမင်းစီးတီးတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲကစားချိန် ၁၉ မိနစ်မှာ မောင်မောင်ဝင်းက ကိုက် ၃၀ အကွာကနေ အပြင်းကန်သွင်းယူခဲ့တာဖြစ်ပြီး ဟိုချီမင်းဂိုးသမား ဘယ်လိုမှမတတ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။ ဒီသွင်းဂိုးက မောင်မောင်ဝင်းအတွက်လည်း ရန်ကုန်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးဖြစ်ပါတယ်။

မောင်မောင်ဝင်းနဲ့အတူ ကူဝိတ်အက်စ်စီအသင်းက ကစားသမားအယ်လ်ဘူရိုင်ကီ၊ ဘာလီယူနိုက်တက်အသင်းတိုက်စစ်မှူး အန်တိုနီယပ်ဂျိုဟန်နက်စ်၊ ဟောင်ဂန်အသင်းက မယ်လ်ဗင်ပလက်ဂျီရဲ့ သွင်းဂိုးတွေလည်း ပါဝင်နေပါတယ်။ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့အတူ အကောင်းဆုံးသွင်းဂိုးကို ရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မယ်လ်ဗင်ပလက်ဂျီရဲ့ သွင်းဂိုးက ဆန္ဒမဲအများဆုံးဖြစ်နေပြီး မောင်မောင်ဝင်းကတော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ပရိသတ်တွေအနေနဲ့ ဆန္ဒမဲပေးချင်တယ်ဆိုရင်တော့ https://www.the-afc.com/competitions/afc-cup/sponsor/goaloftheweek/vote-for-your-allianz-afc-cup-goal-of-the-week-x5847 မှာ ဝင်ရောက်ပြီး ရွေးချယ်လို့ရမှာဖြစ်ပါတယ်။

မွတ္ခ်က္မ်ား။