ရွမ္းယူႏိုက္တက္ နဲ႔ ခါရာအက္ဖ္စီပြဲစဥ္အျပီး အဓိကထားေျပာရမယ့္အခ်က္ (၃) ခ်က္

BEST VISIONARY GOALS from AFC Cup & ACL MD1

AFC Cup Group H ပြဲစဥ္ျဖစ္တဲ့ ရွမ္းယူႏိုက္တက္ နဲ႔ ခါရာအက္ဖ္စီတို႔ရဲ႕ပြဲကေတာ့ မေန႔က ျပီးသြားခဲ့ပါျပီ။ ဧည့္သည္ခါရာအသင္းက အေ၀းကြင္းမွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ျပီး အဖြင့္လွခဲ့ကာ အိမ္အျပန္မွာ အႏိုင္သံုးမွတ္ရယူသြားႏိုင္ခဲ့ပါတယ္။ ရွမ္းယူႏိုက္တက္ကေတာ့ အိမ္ကြင္းမွာ ကစားခဲ့ရမႈကို အသံုးမခ်ႏိုင္ခဲ့ဘဲ ေျခစြမ္းပိုင္းဆိုးရြားမႈနဲ႔အတူ အေရးနိမ့္ခဲ့တာပါ။ ဒီပြဲနဲ႔ပတ္သက္ျပီးေတာ့ အဓိကထားေျပာရမယ့္ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

The Amazing Jadon Sancho

၁။ အံ့အားသင့္ဖြယ္လြဲေခ်ာ္မႈရွိခဲ့တဲ့ ခါရာ

ပြဲခ်ိန္အေစာပိုင္းမွာပဲ ခါရာအက္ဖ္စီတို႔ အဖြင့္ဂိုးရမယ့္ အေနအထားနဲ႔ ၾကံဳခဲ့တာပါ။ ဒါေပမယ့္ ကံဆိုးစြာနဲ႔ပဲ လြဲေခ်ာ္ခဲ့ရပါတယ္။ အထေႏွးေနတဲ့ ရွမ္းယူႏိုက္တက္ကစားသမားေတြေၾကာင့္ ခါရာအသင္းအခြင့္အေရးရရွိခဲ့ျပီး ဂိုးရဖို႔နီးစပ္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၃မိနစ္မွာ ညာျခမ္းက ျဖတ္တင္ေပးပို႔မႈကို ခါရာကစားသမားတစ္ဦးအပိုင္ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ ရွမ္းေနာက္တန္းဖ်က္ထုတ္ရာကေန ဂိုးသမားသီဟစည္သူနဲ႔ ထိျပီးျပန္ထြက္လာခ်ိန္မွာ ၁မီတာေလာက္သာရွိတဲ့ အကြာအေ၀းကေန အပိုင္ပိတ္သြင္းခြင့္ထပ္ရခဲ့ေပမယ့္ ဂိုးမရခဲ့ဘဲ ဂိုးသမားထိထြက္ခဲ့လို႔ ေထာင့္ကန္ေဘာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ဂိုးေစာေစာရမယ့္ အခြင့္အေရးကို ခါရာအက္ဖ္စီလက္လႊတ္ခဲ့ရပါတယ္။

၂။ အလွည့္အေျပာင္းျဖစ္ခဲ့တဲ့ ပင္နယ္တီ

ပြဲကစားခ်ိန္ ၇၃ မိနစ္မွာ ခါရာအက္ဖ္စီက ပင္နယ္တီရရွိသြားခဲ့ပါတယ္။ ညာေတာင္ပံကေန ထိုးေဖာက္လာမႈကို ရွမ္းေနာက္ခံလူတားဆီးပံုက ေတာ္ေတာ္ေလးကို ညံ့ဖ်င္းလြန္းျပီး ေပးလိုက္ရတာပါ။ ေဘာလံုးနဲ႔အတူ ဧရိယာအတြင္းဆြဲ၀င္လာခ်ိန္မွာ ညာေျခနဲ႔ဟန္႔တားဖို႔ ၾကိဳးစားပံုက ျပိဳင္ဘက္ကစားသမားကို အလြယ္တကူလဲက်ေစႏိုင္ခဲ့ပါတယ္။ တကယ္ဆိုရင္ အႏၱရာယ္ၾကီးၾကီးမားမားရွိႏိုင္တဲ့ အေနအထားမ်ိဳးမဟုတ္ပဲ ဂိုးသြင္းယူႏိုင္မယ့္ အခြင့္အလမ္းမ်ိဳးမွာလည္း ရွိမေနပါဘူး။ ဒါေပမယ့္ ပင္နယ္တီျဖစ္ေအာင္ ဖ်က္ထုတ္ပံုဆိုးရြားခဲ့ျပီး ခါရာက အဖြင့္ဂိုးရယူႏိိုင္ခဲ့ကာ ပြဲရလဒ္ကို ေျပာင္းလဲသြားေစခဲ့ပါတယ္။

၃။ ရုန္းကန္ရေတာ့မယ့္ ရွမ္းယူႏိုက္တက္

ဒီအုပ္စုမွာ စင္ကာပူကလပ္တန္းပနိစ္ရိုဗာ နဲ႔ အင္ဒုိနီးရွားကလပ္ PSM တို႔ ပါ၀င္ပါတယ္။ ခါရာအက္ဖ္စီက ရွမ္းယူႏိုက္တက္အတြက္ ရင္ဆိုင္ရအလြယ္ဆံုးအသင္းလို႔ သတ္မွတ္ထားတာပါ။ ဒါေပမယ့္ အိမ္ကြင္းမွာပဲ အေရးနိမ့္ခဲ့ျပီးေနာက္ သူတို႔အတြက္ အုပ္စုအဆင့္ကတက္ေရာက္ႏိုင္ဖို႔က ရုန္းကန္ရေတာ့မွာပါ။ လာမယ့္ပြဲအျဖစ္ အင္ဒိုနီးရွားမွာ သြားကစားရမွာျဖစ္ျပီး တန္းပနိစ္ကိုလည္း အေ၀းကြင္းပဲ ဆက္တိုက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ အဆိုပါအသင္းေတြက ခါရာအသင္းထက္ ပိုမိုေကာင္းမြန္ျပီး အိမ္ကြင္းဆို ေျခစြမ္းျပတတ္လို႔ ရွမ္းအတြက္ ခက္ခဲတဲ့ျပိဳင္ဘက္ေတြအျဖစ္ ရွိေနမွာပါ။

Unicode

AFC Cup Group H ပွဲစဉ်ဖြစ်တဲ့ ရှမ်းယူနိုက်တက် နဲ့ ခါရာအက်ဖ်စီတို့ရဲ့ပွဲကတော့ မနေ့က ပြီးသွားခဲ့ပါပြီ။ ဧည့်သည်ခါရာအသင်းက အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဖွင့်လှခဲ့ကာ အိမ်အပြန်မှာ အနိုင်သုံးမှတ်ရယူသွားနိုင်ခဲ့ပါတယ်။ ရှမ်းယူနိုက်တက်ကတော့ အိမ်ကွင်းမှာ ကစားခဲ့ရမှုကို အသုံးမချနိုင်ခဲ့ဘဲ ခြေစွမ်းပိုင်းဆိုးရွားမှုနဲ့အတူ အရေးနိမ့်ခဲ့တာပါ။ ဒီပွဲနဲ့ပတ်သက်ပြီးတော့ အဓိကထားပြောရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အံ့အားသင့်ဖွယ်လွဲချော်မှုရှိခဲ့တဲ့ ခါရာ

ပွဲချိန်အစောပိုင်းမှာပဲ ခါရာအက်ဖ်စီတို့ အဖွင့်ဂိုးရမယ့် အနေအထားနဲ့ ကြုံခဲ့တာပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ လွဲချော်ခဲ့ရပါတယ်။ အထနှေးနေတဲ့ ရှမ်းယူနိုက်တက်ကစားသမားတွေကြောင့် ခါရာအသင်းအခွင့်အရေးရရှိခဲ့ပြီး ဂိုးရဖို့နီးစပ်ခဲ့ပါတယ်။ ပွဲကစားချိန် ၃မိနစ်မှာ ညာခြမ်းက ဖြတ်တင်ပေးပို့မှုကို ခါရာကစားသမားတစ်ဦးအပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ရှမ်းနောက်တန်းဖျက်ထုတ်ရာကနေ ဂိုးသမားသီဟစည်သူနဲ့ ထိပြီးပြန်ထွက်လာချိန်မှာ ၁မီတာလောက်သာရှိတဲ့ အကွာအဝေးကနေ အပိုင်ပိတ်သွင်းခွင့်ထပ်ရခဲ့ပေမယ့် ဂိုးမရခဲ့ဘဲ ဂိုးသမားထိထွက်ခဲ့လို့ ထောင့်ကန်ဘောနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဂိုးစောစောရမယ့် အခွင့်အရေးကို ခါရာအက်ဖ်စီလက်လွှတ်ခဲ့ရပါတယ်။

၂။ အလှည့်အပြောင်းဖြစ်ခဲ့တဲ့ ပင်နယ်တီ

ပွဲကစားချိန် ၇၃ မိနစ်မှာ ခါရာအက်ဖ်စီက ပင်နယ်တီရရှိသွားခဲ့ပါတယ်။ ညာတောင်ပံကနေ ထိုးဖောက်လာမှုကို ရှမ်းနောက်ခံလူတားဆီးပုံက တော်တော်လေးကို ညံ့ဖျင်းလွန်းပြီး ပေးလိုက်ရတာပါ။ ဘောလုံးနဲ့အတူ ဧရိယာအတွင်းဆွဲဝင်လာချိန်မှာ ညာခြေနဲ့ဟန့်တားဖို့ ကြိုးစားပုံက ပြိုင်ဘက်ကစားသမားကို အလွယ်တကူလဲကျစေနိုင်ခဲ့ပါတယ်။ တကယ်ဆိုရင် အန္တရာယ်ကြီးကြီးမားမားရှိနိုင်တဲ့ အနေအထားမျိုးမဟုတ်ပဲ ဂိုးသွင်းယူနိုင်မယ့် အခွင့်အလမ်းမျိုးမှာလည်း ရှိမနေပါဘူး။ ဒါပေမယ့် ပင်နယ်တီဖြစ်အောင် ဖျက်ထုတ်ပုံဆိုးရွားခဲ့ပြီး ခါရာက အဖွင့်ဂိုးရယူနိိုင်ခဲ့ကာ ပွဲရလဒ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။

၃။ ရုန်းကန်ရတော့မယ့် ရှမ်းယူနိုက်တက်

ဒီအုပ်စုမှာ စင်ကာပူကလပ်တန်းပနိစ်ရိုဗာ နဲ့ အင်ဒိုနီးရှားကလပ် PSM တို့ ပါဝင်ပါတယ်။ ခါရာအက်ဖ်စီက ရှမ်းယူနိုက်တက်အတွက် ရင်ဆိုင်ရအလွယ်ဆုံးအသင်းလို့ သတ်မှတ်ထားတာပါ။ ဒါပေမယ့် အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အတွက် အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့က ရုန်းကန်ရတော့မှာပါ။ လာမယ့်ပွဲအဖြစ် အင်ဒိုနီးရှားမှာ သွားကစားရမှာဖြစ်ပြီး တန်းပနိစ်ကိုလည်း အဝေးကွင်းပဲ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါအသင်းတွေက ခါရာအသင်းထက် ပိုမိုကောင်းမွန်ပြီး အိမ်ကွင်းဆို ခြေစွမ်းပြတတ်လို့ ရှမ်းအတွက် ခက်ခဲတဲ့ပြိုင်ဘက်တွေအဖြစ် ရှိနေမှာပါ။

မွတ္ခ်က္မ်ား။