AFC Cup 2020 အဖွင့်ပွဲရဲ့ အာဆီယံဇုန်က အကောင်းဆုံးကစားသမား ၅ဦး
BEST VISIONARY GOALS from AFC Cup & ACL MD1
The Amazing Jadon Sancho
Unicode
AFC Cup 2020 ရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေ ကစားအပြီးမှာတော့ အာဆီယံဇုန်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒေသတွင်းရဲ့ နာမည်ကျော်ကလပ်အသင်းအများစုက နိုင်ပွဲရယူနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမား ၅ဦးကိုတော့ Fox Sports Asia က အခုလိုပဲရွေးချယ်ခဲ့ပါတယ်။
၁။ မောင်မောင်လွင် (ရန်ကုန်ယူနိုက်တက်)
ရန်ကုန်အသင်းရဲ့ အဓိကကစားသမားက ဒအနာဂတ်မှာ ပြည်ပထွက်ကစားဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟထားသူဖြစ်ပါတယ်။ ဟိုချီမင်းနဲ့့ပွဲမှာလည်း မောင်မောင်လွင်က အသင်းအတွက် အခွင့်အရေးနှစ်ကြိမ်ဖန်တီးပေးနို်ငခဲ့ပါတယ်။ မောင်မောင်ဝင်းနဲ့ အီမန်နူရယ်တို့ရဲ့ သွင်းဂိုးတွေအတွက် မောင်မောင်လွင်က ဖန်တီးပေးခဲ့ပြီး ဒီရာသီမှာ ရန်ကုန်အသင်းရဲ့ ဖန်တီးမှုအများဆုံးကစားသမားအဖြစ်ရှိနေပါတယ်။
၂။ ပလာဇီဘတ် (ဟောင်ဂန်ယူနိုက်တက်)
၂၀၁၇ တုန်းက ဟုမ်းယူနိုက်တက်အတွက် ကစားပေးခဲ့တဲ့ ပလာဇီဘတ်က အဲဒီနှစ်ပြိုင်ပွဲမှာ သွင်းဂိုး ၈ ဂိုးအထိရရှိခဲ့ပြီး ဒုတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အခု ဟောင်ဂန်အသင်းကို အလွတ်ပြောင်းရွှေ့လာခဲ့ပြီးတော့ ဒီပြိုင်ပွဲစစချင်းမှာပဲ သွင်းဂိုးတွေနဲ့ ခြေစွမ်းပြနေပြါပြီ။ အဖွင့်ပွဲမှာ အသင်းအတွက် ၂ဂိုးသွင်းယူပေးပြီးတော့ သူ့ရဲ့အဆင့်အတန်းကို သက်သေပြနိုင်ခဲ့ပါတယ်။
၃။ မာရာနွန် (ဆီးရက်စ်နီဂရို့စ်)
AFC သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရမှာဖြစ်တဲ့ မာနွန်က အခုဆိုရင် သွငး်ဂိုးပေါင်း ၃ဝအထိ ရရှိသွားပါပြီ။ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၃ကြိမ်မှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတော့ ၂၀၂၀ ပြိုင်ပွဲမှာ ၂ဂိုးတောင်မှ ပွဲဦးထွက်မှာရရှိခဲ့ပါတယ်။ စဗေရီအန်အသင်းနဲ့ပွဲမှာလည်း ဆီးရက်စ်အတွက် ခြေစွမ်းပြခဲ့ပြီး ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိအောင် သူ့ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ ကူညီနိုင်ခဲ့ပါတယ်။
၄။ ပေါ်လိုဆာဂျီယို (ဘာလီယူနိုက်တက်)
ဘာလီက ဗီယက်နမ်ကလပ်ကောင်နင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆာဂျီယိုရဲ့ ဘာလီရဲ့အဓိကအရေးပါသူဖြစ်ခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းဟန်ချက်တည်ငြိမ်အောင် ထိန်းချုပ်ပေးနိုင်ခဲ့ပြီးတော့ အသင်းဖော်ပလက်ဂျီဂိုးသွင်းနိုင်အောင် ကိုက် ၅၀ အကွာကနေ ပေးပို့နိုင်ခဲ့ပါတယ်။ တော်တော်လေးကိုကောင်းမွန်တဲ့ အမြင်စူးရှမှုနဲ့ တိကျတဲ့ပေးပို့ပုံကို မြင်တွေ့ခဲ့ရတာပါ။
၅။ နာကာမူရာ (တန်းပနိစ်ရိုဗာ)
တန်းပနိစ်ရဲ့ နိုင်ပွဲအတွက် ဂျော်ဒန်ဝက်ဘ နဲ့ ဘိုရစ်ကိုပီတိုဗစ်တို့က တစ်ဂိုးစီသွင်းပေးခဲ့ပေမယ့် အထင်ကြီးဖွယ်ခြေစွမ်းမျိုးကို နာကာမူရာက ပြသခဲ့ပါတယ်။ သူ့ရဲ့အတွေ့အကြုံရင့်ကျက်မှုနဲ့အတူ အသင်းခံစစ်ပိုင်းရှေ့မှာ မားမားမတ်မတ်ကစားပြနိုင်ခဲ့ပြီးတော့ ကွင်းလယ်ခံစစ်ကစားသမားဆိုတာ ဘယ်လိုလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ခံစစ်တန်းကို အထောက်အကူပေးနို်င်ခဲ့ပြီး ပြိုင်ဘက်အသင်းနေရာလွတ်မရရှိအောင် သူက စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။
မွတ္ခ်က္မ်ား။