မြောက်ကိုရီးယားနဲ့ အဆုံးအဖြတ် ပွဲကျပ်နွဲရမယ့်   ပက်ဟန်ဆိုးရဲ့ဗီယက်နမ်

AFC U23 Championship Highlights – Korea Republic vs Saudi Arabia

ဗီယက်နမ် ယူ-၂၃ အတွက်တော့ ဒီနေ့ပြိုင်ပွဲဟာ သိပ်ကို အရေးပါတယ်။ အရေးပါတာလည်းပြောမနေ ပါနဲ့ ၊ ဘာကြောင့်လဲဆိုတော့ အရှေ့တောင် အာရှအသင်း ၂ သင်းထဲမှာ ထိုင်း ယူ-၂၃ နဲ့ ဗီယက်နမ် ယူ-၂၃ ဟာ  2020 AFC U-23 Championship ကိုရောက်လာပြီး အုပ်စုအဆင့်ကနေ နောက်ထပ်တစ် ဆင့်ကို တက်ရောက်ဖို့အတွက် အခွင့်အရေး တွေကို အရယူရာမှာ အိမ်ရှင်ဖြစ်တဲ့ ထိုင်း ယူ-၂၃ က တော့ အုပ်စု (a) ကနေပြီး နောက်ထပ် တစ်ဆင့်ဖြစ်တဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက် သွားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ဗီယက်နမ် ယူ-၂၃ အတွက်တော့  နောက်ထပ်တစ်ဆင့်ကို ရောက်ဖို့ လိပ်ခဲတည်းလည်း လိုမျိုးဖြစ်နေတယ်။

ဟုတ်ပါတယ်။ ဒီနေ့ကတော့ ဗီယက်နမ် ယူ-၂၃ အတွက် နောက်ထပ်တစ်ဆင့်ကို သွားဖို့အတွက် အခွင့်အရေးကောင်းတွေကို အရယူနိုင်မလားဆိုတာ ကြည့်ရမယ့် နေ့ဖြစ်နေတယ်။  ၂၀၁၈ တုန်းက ဗီယက်နမ် ယူ-၂၃ ဟာ ဒီပြိုင်ပွဲမှာ မထင်မှတ်တာတွေကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့ အသင်း အဖြစ် အာရှတစ်လွှားမှာ ရေပန်းစားခဲ့နာမည်ရခဲ့တယ်။

၂၀၁၈ မှာ ဗီယက်နမ် ယူ-၂၃ ဟာ ဖိုင်နယ်အထိ တက်ရောက်ခဲ့ပြီး ပြိုင်ဘက်ဖြစ်တဲ့ ဥဇဘတ်ကစ္စတန်ကို မိနစ် ၉၀ မှာ ၁-၁ ကစားပြီး အချိန်ပိုမှာ တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့လို့ ဆုဖလားနဲ့လွဲခဲ့ကြ တဲ့အသင်းဖြစ်တယ်။ ဥဇဘတ်ကစ္စတန်ကို ၂-၁ နဲ့ရှုံးခဲ့ပြီး ဆုဖလားနဲ့ လွဲခဲ့တဲ့ ဗီယက်နမ်လို  Runner Up အသင်းတစ်သင်းအတွက်တော့ ဒီနှစ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေပြီး လှည့် ပြန်ဖို့ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။

ဒီနှစ်တော့ အဲ့ဒီ စိတ်ဓါတ်နဲ့ခြေစွမ်းမျိုး  ရထားတာတောင် ပြိုင်ဘက်တွေက ၂၀၁၈ တုန်းကလိုမျိုး မဟုတ်တဲ့ အနေအထားနဲ့ ယှဉ်ပြိုင် မှု အကောင်းစား အဖြစ် ဗီယက်နမ် ယူ-၂၃ နဲ့အပြိုင် ကစားခဲ့ကြတာကြောင့် အရှေ့တောင် အာရှ အသင်း အတွက် အခြေအနေ ကောင်းပေးတာမျိုးကို ထင်သလိုမရပဲဖြစ်ခဲ့ရတယ်။

၂၀၁၈ တုန်းက ဖိုင်နယ်အထိရောက်ပြီး Fair play award ကို ဒီပြိုင်ပွဲမှာ ဆွတ်ခူးထားရှိခဲ့တဲ့ ဗီယက်နမ် ယူ-၂၃ ဟာ ဒီနှစ်ပြိုင်ပွဲ အုပ်စုတွင်း  မှာ လောလောဆယ် ၂ ပွဲကစားပြီး ရမှတ် ၂ မှတ်နဲ့ တတိယအဆင့်မှာရပ်တည် နေတယ်။ သူ့တို့အထက်မှာ အုပ်စုဗိုလ်က ယူအေအီး ယူ-၂၃ ၊ ဒုတိယနေရာမှာက ဂျော်ဒန် ယူ-၂၃ တို့ဖြစ်ကြ တယ်၊ ရမှတ်လည်း တူနေတယ်။ ၄ မှတ်စီနဲ့ဂိုးကွာခြားချက်ကြောင့် ဂျောဒန် ဒုတိယဖြစ်နေပါ တယ်။

ဗီယက်နမ်ပါဝင်တဲ့ အုပ်စု (D) အမှတ်ပေးဇယား

Pos    Team            Pld     W      D       L        GF      GA     GD     Pts

1       UAE             2       1       1       0       2       0       +2     4

2       Jordan         2       1       1       0       2       1       +1     4

3       Vietnam        2       0       2       0       0       0       0       2      

4       N.Korea (E)  2       0       0       2       1       4       −3     0

ဗီယက်နမ် ယူ-၂၃ ကတော့ အုပ်စုတွင်းမှာ ၂ ပွဲကစားပြီး ဂိုးမရှိသရေပွဲ ၂ ပွဲကို အမိအရယူပြထားလို့ သရေ ၂ မှတ်နဲ့ တတိယနေရာမှာရပ်တည်နေတာပါ၊ သူတို့တွေ အောက်မှာ ခြေစစ်ပွဲအောင် ဖို့ မရှိတော့တဲ့ မြောက်ကိုရီးယား ယူ-၂၃ ဟာ ၂ ပွဲကစားပြီး နိုင်ပွဲလုံးဝမရှိပဲ ရမှတ် သုညနဲ့ ရပ်တည် နေ တယ်။ ပိုဆိုးတာက မာနအတွက် နောက်ဆုံးပွဲမှာ မြောက်ကိုရီးယား ယူ-၂၃ ဘာလုပ်ပြမလဲ၊ တွေ့ မှာကလည်း တောင်ကိုရီးယားနည်းပြကြီး ပတ်ဟန်ဆိုး ကိုင်တွယ် နည်းပြလို့ အောင်မြင်နေတဲ့ ဗီယက်နမ် ယူ-၂၃ ဖြစ်တယ်။

မာနရော သိက္ခာအတွက်ပါ အထိပါမခံတဲ့ မြောက်ကိုရီးယား ယူ-၂၃  အတွက်တော့  ဒီပြိုင်ပွဲမှာ  နောက်တစ်ဆင့်ကို မရောက်ပေမယ့်လည်း တောင်ကိုရီးယားနည်းပြကြီးရဲ့ ဗီယက်နမ်ကို တော့ သူတို့လိုမျိုး အုပ်စုအဆင့်မှာတင် ကျန်ရစ်အောင်တော့ လုပ်လာလိမ့်မယ်ထင်တယ်။ ထွက်ခတ် ခတ်တာမျိုးမလုပ်ဘူးလို့ ဘယ်သူပြောမလဲ။ ဗီယက်နမ်အတွက်တော့ သိပ်ခက်ခဲပါ တယ်။ မြောက်ကိုရီးယားက ဂျော်ဒန်ကို ၂-၁နဲ့ရှုံးပြီး ယူအေအီးကို ၂-၀ နဲ့ရှုံးခဲ့တဲ့အသင်းဖြစ်ပါ တယ်။ မြောက်ကိုရီးယားရှုံးတဲ့ ၂ သင်းစလုံးကို ဗီယက်နမ်က ဂိုးမရှိသရေ ကစားထားတယ်။

ဘာပဲဖြစ်ဖြစ် ပွဲကတော့ ကောင်းတယ်။ ကစားသမားတွေအနေနဲ့ နောက်တစ်ဆင့်ရောက်ဖို့ အတွက် ဘယ်လိုမျိုးများ ရုန်းကြမလဲ၊ ဘယ်လိုမျိုး များ အင်နဲ့အားနဲ့ကစားကြမလဲ၊ ပြိုင်ဆိုင်မှု အတော်လေးကို ပြင်းထန်တယ်။ လိုအပ်တာထက်ပိုလိမ့်မယ်။

မနက်ဖြန် ည မြန်မာစံတော်ချိန် ၇ နာရီ ၄၅ မိနစ် တိတိမှာ အုပ်စု ( d ) မှာပါဝင်နေတဲ့ အသင်း ၄ သင်းစလုံး နောက်ဆုံးအုပ်စုပွဲစဉ်ကို ဆင်နွဲကစားကြမှာဖြစ်တယ်။ ဂျော်ဒန်နဲ့ယူအေအီး၊ ဗီယက်နမ်နဲ့မြောက်ကိုရီးယား တို့ဖြစ်တယ်။

အမှတ်ပေးဇယားမှာ ထိပ်ဆုံး ၂ သင်း နောက်ထပ်တစ်ဆင့်ကိုတက်မယ်။ ဖြစ်ချင်တော့ အမှတ် ပေးဇယားထိပ်ဆုံး ၂ သင်း ဖြစ်တဲ့ ဂျော်ဒန်နဲ့ယူအေအီး က တစ်သင်းကို ၄ မှတ်စီရထားသလို ဂိုးကွာခြားချက်ကြည့်ပြန်တော့ ယူအေအီးက +2 ၊ ဒုတိယနေရာက ဂျော်ဒန်က +1ရှိတယ်၊ ဗီယက်နမ်ကတော့ ရမှတ် ၂ မှတ်နဲ့ ဂိုးကွာခြားချက်က သုည၊ ကစားထားတဲ့ ၂ ပွဲစလုံးက ဂိုးမရှိသရေတွေချည်းပဲဆိုတော့ ခက်နေပြန်ရောလား။

ဗီယက်နမ်အတွက်တော့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတာခက်ခဲမယ့် မြောက်ကိုရီးယားကို အနိုင်ရ အောင်လို့ ကစားဖို့တစ်ခုတည်းသာ အာရုံစိုက်ရမယ်။ သွင်းဂိုးတွေများဖို့လိုတယ်။ ပေးဂိုးမရှိ အောင် လုပ်ဖို့ ခက်နိုင်တယ်ဆိုပေမယ့် ဗီယက်နမ် အနေနဲ့ ၂၀၁၈ တုန်းကလို သြစတြေးလျ ကို နိုင်စားခဲ့သလိုမျိုး၊ လုပ်နိုင်မလားပဲ။

ဗီယက်နမ် အတွက် သရေဆိုရင်တော့ မျှော်လင့်ချက်ကုန်မယ်။ ရှုံးရင်ပိုဆိုးမယ်၊ တစ်ဖက်က လည်း နောက်ဆုံးပွဲ မှာဘာဖြစ်မယ်မှန်းမသိဘူး။ တစ်သင်းသင်းအရေးနိမ့်မယ် ဆို ရင် ဗီယက်နမ် အတွက်တော့ ကိုယ့်ဘက်က သေချာတာကို မြောက်ကိုရီးယား ဆီကနေပြီး အနိုင်အမှတ် အပြည့်ရအောင်ယူ ထားခဲ့မယ်ဆိုရင် နောက်တစ်ဆင့် အတွက် မျှော်လင့်နိုင်စရာ တွေက ရှိလာနိုင်သေးတယ်။ ပတ်ဟန်ဆိုး ဘာတွေ စဉ်းစားနေမလဲ။ ၂၀၁၈ တုန်းကလည်း သရေကိုမဲတင်းပြီး ကစားတယ်၊ ဒီနှစ်လည်း သရေကိုပဲ မဲတင်းပြီး ကစားတယ်။ ပင်နယ်တီ မပါတဲ့ အဆင့်မှာ လိုအပ်တာကို အရယူဖို့ နောက်ဆုံးပွဲက သိပ်အရေးပါနေပြီ ဖြစ် တယ်ဆိုတာပါပဲ။

မဖြစ်နိုင်ဘူးဆိုတာ ခဏထား၊ နောက်ဆုံး ရင်ဆိုင်ရမယ့် မိနစ် ၉၀ မှာ ဗီယက်နမ်ဟာ သူတို့ရဲ့ ထုံးစံဖြစ်နေတဲ့ မလျော့တဲ့ ဇွဲကို အရင်းတည်ပြီး လိုချင်တာကို အမိအရ ယူဖို့ မြောက်ကိုရီးယား နဲ့ပွဲမှာ ဖြစ်အောင်လုပ်နိုင်မလားဆိုတာ ကြည့်ချင်နေမိတယ်။ လုပ်နိုင်မယ်ဆိုရင်တော့ အာရှ အဆင့်အထိ တက်လှမ်းပြီး နေသားတကျဖြစ်အောင် ပြင်ဆင်နေတဲ့ ဗီယက်နမ် အတွက် ဦး ဆောင်လမ်းပြကြီး ပတ်ဟန်ဆိုး ကို လေးစား ဂုဏ်ပြုမှုထက် ပိုတဲ့   အနေအထား နဲ့ ကျွန်တော် တို့တွေ ဟာ ဒီဆရာကြီးရဲ့ စွမ်းဆောင်နိုင်မှုများကို ကို ကြိုဆိုဖြစ်မယ်ဆိုတာပါပဲခင်ဗျာ။

အောင်မြင်ပါစေ ဗီယက်နမ် …

ထွန်းထွန်းဦး(လှိုင်)

မှတ်ချက်များ။